
ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ဂျာနယ်အင်တာဗျူး တစ်ခုမှာ ABSDF ကျောင်းသားဟောင်းတွေဖြစ်တဲ့ ကိုနေ၀င်းအောင်နဲ့ကိုစိုးလင်းတို့ကို
ထောက်လှမ်းရေးတွေလို့ ပြောဆို ဖြေကြားထားတာနဲ့ ပတ်သက်ပြီး
ကိုနေ၀င်းအောင်နဲ့ ကိုစိုးလင်းတို့ရဲ့ မိသားစုဝင် အပါအဝင် အဲဒီကာလက
နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတချို့က သူတို့နှစ်ဦးဟာ ထောက်လှမ်းရေးတွေ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းပွဲကို စက်တင်ဘာ(၂၅)ရက်နေ့ နေ့လည်ပိုင်း
က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းက မစ္စတာဘရောင်းကဖေးမှာ ပြုလုပ်ခဲ့
ပါတယ်။
ဒေါက်တာနိုင်အောင်က ကိုနေ၀င်းအောင်နဲ့ ကိုစိုးလင်းတို့ကို
ထောက်လှမ်းရေး
တွေအဖြစ် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ
မဖြူဖြူအောင်က RFA ကို အခုလိုပြောပါတယ်။
ဒီကနေ့ ရှင်းလင်းပွဲကို ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ မဖြူဖြူအောင်၊
အခြေခံ
ကျောင်းသားများ သမဂ္ဂက ကိုဘိုဘို၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာ
ဟောင်း ဦးဌေးသိန်း (ခေါ်) စာရေးဆရာ နောင်ကျော်တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်း RFA
တွေအဖြစ် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ
မဖြူဖြူအောင်က RFA ကို အခုလိုပြောပါတယ်။
"နိုင်ငံရေးကို သူပြောသလိုပဲ
ဖြေရှင်းဖို့တောင်မှ အချိန်တော်တော်ပေးယူရ
တဲ့သူတွေကိုမှ သူကပြန်ပြီးတော့
ခုတုံးလုပ်ပြီး ဒီလူတွေကတော့ ထောက်
လှမ်းရေး၊ ဟိုလူတွေ ထောက်လှမ်းရေး
မဟုတ်ရင် ဒီလူတွေ ထောက်လှမ်း
ရေး၊ ဟိုလူတွေ သတ်တာမှားရင် ဒီလူတွေက
ထောက်လှမ်းရေးမို့လို့ သူမှန်
တယ်ဆိုပြီး လုပ်တဲ့အခါကျတော့
ဒေါက်တာနိုင်အောင်ကို သိစေချင်တာက
သူရဲကောင်းလုပ်ချင်လို့ လုပ်ပါ။ ဒါပေမယ့်
သူများရဲ့ဘဝတွေကို မနင်းချေပါနဲ့။
နိုင်ငံရေးသေနေတဲ့ သူတွေကိုတောင်မှ
ထပ်ပြီးတော့ နိုင်ငံရေးမှာ မမြုပ်နှံချင်
ပါနဲ့လို့ ပြောချင်တာရယ်။ အမှားကို
ဝန်မခံဘဲနဲ့ သူ့ရဲ့အမှားကို တခြားသူရဲ့
အမှားလိုလုပ်တာကို မခံနိုင်တာ။
ဒီရှင်းလင်းပွဲကို လုပ်တာပါ"
ကျောင်းသားများ သမဂ္ဂက ကိုဘိုဘို၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာ
ဟောင်း ဦးဌေးသိန်း (ခေါ်) စာရေးဆရာ နောင်ကျော်တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment