Thursday, September 27, 2012

ဇာတိမြို့မှ ရွေးကောက်ပွဲဝင်လိုတဲ့ ဦးမိုးသီးဇွန်

Photobucket
 ပြည်တော်ပြန် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးမိုးသီးဇွန်က လာမည့်
၂ဝ၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိမြို့ဖြစ်သည့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြိုကနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆို
လိုက်သည်။
မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက် ၎င်းသွားရောက် တွေ့ဆုံထိတွေ့ခဲ့သည့်ပြည်သူလူထုသည် လွတ်လပ်မှုကို လိုလားနေသည်ကို တွေ့ရသည်ဟုလည်း မှတ်ချက်ပြု ပြောဆိုသည်။

Black List (စာရင်းမဲ)မှ ပယ်ဖျက်အပြီး မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်
 ဦးမိုးသီးဇွန်ကို ရခိုင်အရေး ပဋိပက္ခအပေါ် အမြင်၊ ၂ဝ၁၅ တွင် ရွေးကောက်ပွဲဝင်
လိုမှု၊ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုအပေါ်အမြင် စသည်တို့ကို မဇ္ဈိမ
သတင်းထောက် ကိုကိုအောင် က မေးမြန်းထားသည်။
-----

ပြန်ရောက်နေတာ နှစ်ပတ်ကျော်ပြီပေါ့။ နိုင်ငံတွင်းက ဒေသ အတော်များများကို သွားရောက်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီတော့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူထု ဘာတွေ လို
နေတယ်လို့ ထင်မြင်မိပါလဲ။

လွတ်လပ်မှုပဲ။ လွတ်လပ်မှုသာ ပေးလိုက်ရင် ထောင်တက်သွားမယ်။ ပြည်သူလူထု
ဘာလိုနေသလဲ လွတ်လပ်မှု လိုနေတာပဲ။ ခုက လွတ်လပ်မှုမရှိတော့ လူမှုဒုက္ခပေါင်းစုံ
ခံစားနေတယ်။

နှစ်ပေါင်း ၂ဝ ကျော် စစ်အုပ်ချုပ်ရေး အောက်မှာ နေခဲ့ရတယ်။ ခု အစိုးရသစ် တက်
လာပြီး နောက်ပိုင်းမှာ လွတ်လပ်လာတယ်၊ အသက်ရှုချောင်လာတယ်လို့ သုံးသပ်
သူတွေရှိတယ်။ အဲဒီ အပြောင်းအလဲပေါ်မှာကော။

အပြောင်းလဲတွေ စတုန်းက သံသယရှိခဲ့တယ်။ အခြေခံဥပဒေကြီးက တားဆီးနေ
တယ်။ ပါလီမန်ထဲကနေလည်း ဘယ်လောက်ထိ အပြောင်းလဲ လုပ်နိုင်မလဲ ဆို
တာလည်းမသိဘူး။ ဒါပေမယ့် ဒေါ်စုကိုယ်တိုင် ရွေးကောက်ပွဲဝင်တော့မယ်ဆို
တော့ စောင့်ကြည့်ရတော့မယ်ဆိုပြီးဖြစ်လာတယ်။ ဒေါ်စုမှာက ဘက်ပေါင်းစုံ
အင်အားရှိတယ်လေ။ ဒါပေမယ့် အတော်လေးတော့ စိုးရိမ်မိတာ ရှိခဲ့ပါတယ်။ တကယ်လို့ ပြောင်းလဲချင်တယ်ဆိုရင် ပိုပြီးပွင့်လင်းဖို့၊ ပိုပြီး တရားမျှတမှုရှိဖို့လို
တယ်။ လက်သင့်ရာ စားတော်ခေါ်တာတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ တိုက်
ဖျက်ရမယ်။ လူ့အခွင့်ရေး ချိုးဖောက်တာတွေ ရပ်ရမယ်။ လွတ်လပ်မှု ရဖို့
အရေးကြီးတယ်။ လွတ်လပ်မှုသာလျှင် လူတိုင်းရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်
မယ်။ ခုအစိုးရက မဟာဗျူဟာပဲပြောင်းတာ အပြုအမူတွေ မပြောင်းသေးဘူး။
အဓိက က လူမှုပြောင်းလဲရေးလုပ်ရမှာ တိုင်းရင်းသား အရေးတွေ ပြောရမယ်။
 ယဉ်ကျေးမှု ပဒေသာစုံ ဖြစ်ဖို့လိုတယ်။

ရခိုင်ပဋိပက္ခ ဖြစ်ပေါ်ခဲ့မှုအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။

ရခိုင်ပြဿနာ တခြားနေရာတွေမှာ ဖြစ်လာနိုင်တဲ့ လူမျိုးရေး ပြဿနာတွေရဲ့
 ရှေ့ပြေးပဲ မြန်မာပြည်မှာ တိုင်းရင်းသား အရေးဟာ ဒီမိုကရေစီ အရေးနဲ့ ခေါင်း
နဲ့ပန်းပဲ။ သွားခွဲလို့ မရဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာရဲ့ အဓိက
အကြောင်းရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတာပဲ။ ရခိုင်ပြည်ဆိုတဲ့ ရခိုင်လူမျိုး
တွေရဲ့အိမ်ပဲ။ သူတို့အိမ်ကို ပြန်ပေး လိုက်ပါ။ အလားတူ ကချင်၊ ချင်းမှာလည်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရမယ်။ နောက်တခုက လူဝင်မှု ကြီးကြပ်ရေးပြဿနာ။
အမေရိကန်မှာဆို မက္ကဆီကန်တွေ ခိုးဝင်နေတာ။ ဒါပေမယ့် နေ့တိုင်း ဖမ်းပြီး
 ပြန်ပို့နေတာပဲ။ လူဝင်မှု ကြီးကြပ်ရေးက ခိုးဝင်လာရင် မောင်းထုတ်ရမှာပဲ။
ဘယ်အစိုးရတက်တက် ဒီအတိုင်း လုပ်ရမှာပဲ။ ခိုးသွင်းနေတဲ့ လူရှိရင်လည်း
အရေးယူရမှာပဲ။

ပါတီထောင်မယ် ရွေးကောက်ပွဲဝင်မယ်လို့ ပြောသံဆိုသံတွေ ကြားနေရပါတယ်။ 
ဘာတွေ ပြင်ဆင်ပြီး ဘယ်နေရာမှာ ဝင်ပြိုင်မလဲ။

ကိုယ့်ကို လက်ခံတဲ့ နယ်မြေကနေ ဝင်ရမယ်။ သင်္ဃန်းကျွန်းက ကိုယ့်မွေးရပ်မြေ
ဆိုတော့ သင်္ဃန်းကျွန်းကလည်း ဝင်နိုင်တယ်။ ဒါပေမယ့် အခြေခံဥပဒေက တား
ဆီးထားတာတော့ ရှိတာပေါ့။ မြန်မာပြည်မှာ တဆက်တည်း ၁ဝ နှစ်  နေရမယ်
ဆိုတာပေါ့။

ဒီဟာကိုလည်း ပြင်ဖို့ ပြောနေသံကြားပါတယ်။ ဖြစ်နိုင်ရဲ့လား။

ဦးသိန်းညွန့်ကတော့ သူကြိုးပမ်းပေးမယ် ပြောပါတယ်။ သူက အဆိုကောင်းကောင်း
တွေ တင်သွင်းနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ပဲလေ။

ယခုတလော မြန်မာပြည်မှာ PR (အချိုးကျ ကိုယ်စားလှယ်)စနစ်လုပ်ဖို့ ပြောနေကြ
တယ် ဒီအပေါ်ရော ဘယ်လိုမြင်ပါသလဲ။

နိုင်ငံရေး သဘောတူညီချက် မရှိလို့ ဖြစ်နေတာပါ။ လူအများစု အုပ်စိုးဖို့ဖြစ်ဖြစ်၊ အချိုး
ကျ ကိုယ်စားလှယ်စနစ်ပဲဖြစ်ဖြစ် လူတိုင်းက ကိုယ့်နေရာကိုယ် ရဖို့ လုပ်နေကြတာပါ။
 အဓိက က တာ့ နိုင်ငံရေးသဘောတူညီချက် မရှိလို့ပဲ။နိုင်ငံတော် ဖွဲ့စည်းပုံပြောင်းဖို့
လည်း လိုတယ်။ တကယ်လို့ နိုင်ငံရေး သဘောတူညီချက် ရပြီး ဒီမိုက်ကရေစီ
 ဖြစ်စဉ်ဖြစ်သွားပြီ ဆိုရင်တော့ လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့ နေရာရသွားမှာပါ။


သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ