Thursday, September 6, 2012

နိုင်ငံပိုင်သတင်းစာများတွင် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း



ယခုလို အခြေအနေမျိုး၌ နိုင်ငံပိုင် သတင်းစာများတွင် Union Level ဒွိဟ
 သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်

ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုး သက်ရောက်
မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်၊ မဟုတ် သိရှိလိုပါကြောင်း ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က 
စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း
အဝေးတွင် မေးမြန်းခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်အနေဖြင့် ၂-၉-၂၀၁၂ မြန်မာ့
အလင်း သတင်းစာနှင့် ၄-၉-၂၀၁၂ မြဝတီသတင်းစာတို့မှာ ဒေါက်တာ
မာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ရေး
သားသည့် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏
 နောက်ဆက်တွဲဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖတ်ရှုပြီး ပါပြီလား။

ဖတ်ရှုပြီ?_O]G{wုဆောင်းပါးအပေါ် ဥပဒေရေးရာ ကော်မရှင်အနေနှင့်
မည်ကဲ့သို့ ထင်မြင်ပါသလဲ။ မေးခွန်းနံပါတ်(၂) ဒေါက်တာမာလာအောင်
သည် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ဟု ဖော်ပြထား
ပါတယ်။ ဤပုဂ္ဂိုလ်သည် တက္ကသိုလ်တွင် လက်ရှိ တာဝန် ထမ်းဆောင်နေခြင်း
 ဟုတ်၊ မဟုတ်နှင့် ဟုတ်လျှင် ဒေါက်တာမာလာအောင်၏ ရေးသားဖော်ပြချက်
 အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ သဘောထားမှတ်ချက်ပြုသည်
ကို သိရှိလိုကြောင်း ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က မေးမြန်းခဲ့သည်။


ထို့နောက် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က ''လေးစားအပ်ပါသော ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ ပြည်သူ့ လွှတ်တော်ခန်းမတွင်းမှာ
 ပြန်ကြားရေး ဒုတိယဝန်ကြီးလည်း ရောက်ရှိနေတဲ့ အတွက် ပြန်ကြားရေး ဆိုင်ရာ
မေးခွန်းကို ဆက်လက် မေးမြန်းတင်ပြခွင့်ပြုပါရန် လေးစားစွာ ခွင့်တောင်းခံ အပ်ပါ
တယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလို အခြေအနေမျိုးမှာ နိုင်ငံပိုင်သတင်းစာများ
တွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုး
သက်ရောက်မှု ကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်၊ မဟုတ် သိရှိလိုပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို
 ကျေးဇူးတင်ပါတယ်။'' ဟု  မေးမြန်းခဲ့သည်။


ထိုအခါ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က '' ၂.၉.၂၀၁၂ ထုတ်
 မြန်မာ့အလင်း သတင်းစာနှင့် ၄.၉.၂၀၁၂ ထုတ် မြဝတီသတင်းစာတွင် ပါဝင်
သည့် ဒေါက်တာဒေါ်မာလာအောင် အမည်ဖြင့် ရေးသား ထားသော ဆောင်းပါး
အတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သီးခြား အမိန့်ထုတ်ပြန်ထားခြင်း မရှိကြောင်း ဆောင်းပါးရှင် ဒေါ်မာလာအောင်မှ လက်ရှိ ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။

ယခုကိစ္စသည် အရေးကြီး ကိစ္စဖြစ်သည့်အတွက် အသေးစိတ်ဖြေကြားမှု ပြုလုပ်နိုင်
ရန် စနစ်တကျ ပြင်ဆင်ရန်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တနလာင်္နေ့ လွှတ်တော်
 အစည်းအဝေးတွင်မှ အသေးစိတ်ပြန်လည် ဖြေကြားခွင့် ပြုပါရန် လွှတ်တော်သို့
တင်ပြအပ်ပါသည်။" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ခုံရုံးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ နှုတ်ထွက်ရန်၊ အမှားဝန်ခံရန် တောင်း
ဆိုခဲ့သည့် အဆိုတင်သွင်းမှုများသည် တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေဖြင့် အရေး
ယူခံရနိုင်သည် ဟု ဒေါက်တာမာလာအောင် ၏ ဆောင်းပါးက သတိပေးထားသည့်
သဘောဖြစ်နေကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ခဲ့ပါသည်။

ခုံရုံးဆုံးဖြတ်ချက်ကို မထီမဲ့မြင်ပြုနေခြင်းသို့ ဦးတည်နေကြောင်းနှင့် ပတ်သက်၍
 ဆောင်းပါးတွင် ရေးသားထားသည်မှာ “ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၃၂၄ အရ လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး
ဥပဒေပုဒ်မ ၂၃ နှင့် ၂၅ အရ လည်းကောင်း၊ အပြီးအပြတ်နှင့်အတည် (Final and Conclusive)ဖြစ်သည့်အပြင် သက်ဆိုင်ရာနေရာဒေသအသီးသီး(ယခုကိစ္စတွင် ၊
လွှတ်တော်)သို့ အာဏာသက်ရောက်ပြီး ဖြစ်ပါသည်။ ယခုထပ်မံ၍ လွှတ်တော်
တွင်း ဖြစ်ပွားနေသည့်ကိစ္စသည် ခုံရုံဆုံးဖြတ်ချက်ကို မထီမဲ့မြင်ပြုနေခြင်း၊ (Contempt
 of Court) သို့ ဦးတည်နေပါသည်။”ဟူ၍ ဖြစ်ပါသည်။

ထို့အပြင် ဆောင်းပါးပါ “ခုံရုံးအဖွဲ့ ပုဂ္ဂိုလ်တို့အား နှုတ်ထွက်ရန်၊ အမှားဝန်ခံရန်၊ တောင်း
ဆိုနေသည့် အဆိုတင်သွင်းသူများ၊ ထောက်ခံချက်ပေးသူ၊ လွှတ်တော်ကိုယ်စားလှယ်
များသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ တွင်လည်းကောင်း၊
 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေများ၏ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၁ တွင်လည်းကောင်း၊ ပြဌာန်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များ၊
ကျင့်ဝတ်နှင့် စည်းကမ်းများနှင့် ညီညွတ်ရမည့်သူများ ဖြစ်ပါသည်။”ဟူသည့် ရေးသား
ထားချက်သည် ခုံရုံးအဖွဲ့ ပုဂ္ဂိုလ်တို့အား နှုတ်ထွက်ရန်၊ အမှားဝန်ခံရန်၊ တောင်းဆိုနေ
သည့် အဆိုတင်သွင်းသူများ၊ ထောက်ခံချက်ပေးသူ၊ လွှတ်တော်ကိုယ်စားလှယ်များ
အနေဖြင့် ၎င်းတို့၏ တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းများနှင့် ညီညွတ်ရမည်ဟု ပြန်လည်
 ထောက်ပြထားသည့်သဘောလည်း ရှိနေသည်ဟု သုံးသပ်သူများလည်း ရှိနေပါသည်။
အလားတူ ဆောင်းပါးပါ “အမှန်တကယ်မှာ ခုံရုံးအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးတို့သည်
ဥပဒေနှင့်အညီ (လွှတ်တော်၏ အခြေအနေမှန်) ကို မှန်ကန်စွာ ဆုံးဖြတ်ထောက်ပြခဲ့
ခြင်းဖြစ်ပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်ကို အလေးထား၍ လွှတ်တော်ဆိုင်ရာ ဥပဒေများ
၏ မှားယွင်းနေသော ဥပဒေအပိုင်းကို ပြင်ဆင်သတ်မှတ်ရမည်သာ ဖြစ်ပါသည်။ သို့ပါ၍ အဆိုပါပုဂ္ဂိုလ်ကြီးတို့သည် လေးစားအပ်သည့် အစားထိုးမရနိုင်သော ပညာရှင်ကြီးများ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။”ဟူသည့် ရေးသား
ဖော်ပြချက်သည်လည်း ခုံရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပြီး လွှတ်တော်ဆိုင်ရာ
ဥပဒေများသာ မှားယွင်းနေသည်ဟု ဆိုလိုထားခြင်းဖြစ်ကြောင်း၊ ဆောင်းပါးပါ “အဆိုပါပုဂ္ဂိုလ်ကြီးတို့သည် လေးစားအပ်သည့် အစားထိုးမရနိုင်သော ပညာရှင်ကြီးများ
 ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။”

ဟူသည့်အချက်သည်လည်း စာရေးသူအနေဖြင့် ပုဂ္ဂိုလ်ရေးထင်မြင်ယူဆချက် သက်သက် သဘောသက်ရောက်နေကြောင်း ဆောင်းပါးအားဖတ်ရှုလေ့လာသူများက ဆိုပါသည်။
ဒေါက်တာမာလာအောင်ဆောင်းပါး၏ ဆိုလိုရင်းအချုပ်မှာ ခုံရုံးအဖွဲ့ပုဂ္ဂိုလ်များ နှုတ်ထွက်
ရန်မလိုကြောင်းနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများ မှားယွင်းနေသည့်အပိုင်းများ ရှိနေ
သဖြင့် ဥပဒေအပိုင်းကို ပြင်ဆင်ရမည်သာဖြစ်ကြောင်း ဆိုလိုထားခြင်းဖြစ်သဖြင့်
လွှတ်တော်ဆိုင်ရာ ဥပဒေများအားလုံး၌ မှားယွင်းသည့်အချက်များရှိနေသည့်သဘော သက်ရောက်နေကြောင်း၊ ထို့ကြောင့် ယင်းဥပဒေများအား အဓိကလိုက်နာကျင့်သုံးနေ
ရသည့် လွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်
ချက်များအပေါ် ပြည်သူများဘက်မှ အယုံအကြည် ကင်းမဲ့သွားစေရန် အဆိုပါဆောင်းပါးက တွန်းအားပေးသည့်သဘော သက်ရောက်နိုင်ကြောင်း ဝေဖန်ထောက်ပြသူများက အပြုသဘောဆောင်၍ ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်    Eleven Media Group          

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ