Thursday, September 6, 2012

စစ်တွေ ထောင်သားတွေ အဓမ္မ လုပ်အားပေး ခိုင်းစေခံရ

 
မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ
တွေနဲ့ ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင် အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူတွေကို ထောင်အာဏာ ပိုင်တွေက အဓမ္မလုပ်အားပေးခိုင်းစေနေ

တယ်လို့ ;w|NϯY[ အတွင်း ထောင်ဝင်စာ  သွားရောက်တွေ့ ဆုံခဲ့တဲ့
 မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ မောင်တော၊ စစ်တွေ
ပဋိပက္ခတွေအပြီး တစ်လကျော်ခန့်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လူ ၇ ဦးသေ
ဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊
ရွာသစ်ကေ၊  ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာတွေက
 ဒေသခံ-၃၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီထဲက တစ်ချို့ကို အာဏာပိုင်တွေက အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပြီး စစ်တွေ
အကျဉ်းထောင်ထဲ မှာတော့ ၂၄ ဦး ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဇွန်လက စတင်ပြီးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ
မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေး
ဘူးလို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကို ဒီကနေ့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် မကြာသေး
ခင်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မရှင်ဟာ မနက်ဖြန် မနက်ပိုင်းမှာ စစ်တွေမြို့
ကို စတင်ရောက်ရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်    RFA     


No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ