Friday, September 7, 2012
တိုင်းမှူးသစ် ပြောင်းရခြင်းသည် မအောင်မြင်သော စစ်ရေး နိမိတ်ကို ဖေါ်ပြနေ
မြောက်ပိုင်း တိုင်းစစ် ဌာနချုပ်အား တိုင်းမှူး အသစ် အဖြစ် ဗိုလ်ချုပ် ထွန်းထွန်းနောင်
ကို ရုတ်တရက် ခန့်အပ် လိုက်သည်ဟု နေပြည်တော် စစ်သတင်း ရပ်ကွက်ထံမှ သိ
ရပါသည်။ သူသည် ကချင်ပြည်နယ်၌ တာဝန် ထမ်းဆောင်ဘူး သူဖြစ်ပြီး စိတ်ဓါတ်
 ရေးရာအရ (KIO) အပေါ် မကြေနပ်သူဖြစ်သည်ဟု ကချင်ပြည် လွတ်လပ်ရေး
အဖွဲ့ (KIO) ပြောခွင့်ရသူ ဦးလာနန်းက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။
“သူကိုတော့ စက်တင်ဘာ (၂) ရက်နေ့က တိုင်းမှူး ခန့်အပ်ခဲ့တယ်။ သူရဲ့ အခြေခံ
စိတ်ဓါတ်ကတော့ သူဟာ တပ်မမှူး ဘ၀နဲ့ KIO ကို တိုက်ခိုက်ခဲ့ဘူးပါတယ်။ သူ့
တပ်က တော်တော်လေး ခံခဲ့ရတယ်။ အဲဒီတော့ အဲဒီ အခြေခံ စိတ်ခံစားမှုတော့
 ရှိပါတယ်။ အဲဒီအတွက် အခုသူက အခု တိုင်းမှူးဖြစ်လာတော့  KIO အပေါ်မှာ
အခဲမကြေတဲ့ နည်းနဲ့ ပြန်တိုက်ခိုက်လိမ့်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။
မြန်မာစစ်တပ်ရဲ့ သဘော သဘ၀အရဆိုလျှင် စစ်ရေးအရ အရေးကြီးနေချိန်မှာ
 ပြောင်းရွှေ့ခံရသော တပ်မှူးတပ်သားများ တိုင်းသည်၊ စစ်ရေး ရည်ရွယ်ချက်များ
ကို သတ်မှတ်သော အချိန်အတွင်း၌ အကောင်အထည်ဖေါ်ရာတွင် အောင်မြင်
မှုပေး နိုင်သော အရည်အချင်း မရှိသူများကို ဖယ်ရှား လိုက်ခြင်းဖြစ်ပါသည်။
သို့မဟုတ် အရေးယူလိုက်ခြင်းဖြစ်သည်ဟု စစ်ရေး သုံးသပ်သူများက ဆိုပါသည်။
ဤသို့ကြောင့် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဇေယျာအောင်သည် တိုင်းမှူးဘ၀မှ
လက်ရှိအစိုးရက ၀န်ကြီးများအသစ် ပြန်လည် မွမ်းမံရာတွင် ရထားပို့ဆောင်ရေး
K_002112q 
စစ်ရေး သတိမြင့်မားနေသော ကချင်ပြည် လွတ်လပ်ရေး တပ်မတော်  
တနည်းအားဖြင့် ဗိုလ်ချုပ် ဇေယျာအောင်သည် စစ်တပ်၌ အချိန်ပြည့် တာဝန်
ထမ်းဆောင်ခြင်းမှ အရပ်ဖက်ကို ပြောင်းရွှေ့ခိုင်း လိုက်ခြင်းဖြစ်ပါသည်။ သူသည်
စစ်တပ်က မလိုအပ်တော့သည့် သူစာရင်း၌ ပါသွားပြီး ကံကောင်း ထောက်မစွာ
ပင် ၀န်ကြီးနေရာ ရရှိသွားခြင်းဖြစ်ပါသည်။
ဤကဲ့သို့ တိုင်းမှူး အသစ်ပြောင်းလဲ လိုက်ခြင်းသည် KIO အပေါ် စစ်ဆင်နေမှု
ကို စစ်ရှိန်မြုင့်ရန် အတွက်ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ ပိုပြီး ထင်ရှားသည်မှာ မြောက်ပိုင်းတိုင်း၌ တိုင်းမှူး အသစ် ခန့်အပ်ပြီး နောက်ပိုင်းတွင်
 နေပြည် တော်မှ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး
 မြင့်စိုးသည် ပြီးခဲ့သည့် စက်တင်ဘာ () ရက်နေ့ ၌မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်
သို့ ရောက်ရှိ လာခဲ့ပါသည်။ 
 http://www.mwdmedia.net/2012/09/blog-post_8760.html
ဤအခြေအနေသညKIO အား စစ်ဆင်နေသော ပြည်သာယာ စစ်ဆင်ရေးကို
 နောက်တဆင့်အတွက် ပြန်လည် ညှိနှိုင်းရန် ဖြစ်ဖွယ်ရှိပါသည်။  ပြည်သာယာ
စစ်ဆင်ရေး၏ ပထမ အပိုင်းသည် အောင်မြင်မှု မရဘဲ တိုင်းမှူးပါပြောင်းလဲခဲ့ရ
သည်မှာ ထင်ရှားလှပါသည်။
ယခု အခြေအနေတွင် စစ်ဆင်ရေး၏ ဒုတိယပိုင်း အခြေအနေ အသစ်ကို ထပ်မံ ဖန်တီးနေခြင်း ဖြစ်ခြင်းကြောင့် KIO အား စစ်ဆင်နေသော ပြည်သာယာ စစ်
ဆင်ရေးသည် ပိုမိုပြင်းထန် လာဖွယ် ရှိနေသည်ဟု KIO ဖက်မှ တွက်ဆ နေပါ
သည်။
သတင်းရင်းမြစ်   ရွှေဟင်္သာ
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ