တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ စစ်ဆေးရုံကြီးမှာ အသည်းအသန်
နာမကျန်းဖြစ်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက
ရွေတိဂုံဘုရားကို ဖူးမြော်လိုကြောင်း ပြောကြားတာကို ကြားသိရပြီးနောက်
သမ္မတ ဦးသိန်းစိန်က သူ့ကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ကြားလိုက်ပါတယ်။
ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး ဒေါက်တာ လှကျော်ဇော
က RFA ကိုပြောပါတယ်။
"ဟုတ်ပါတယ် မနေ့ကတုန်းက
ဦးအောင်မင်းကိုယ်တိုင် ဖိတ်ခေါ်တာပါ။
သူက အကြောင်းက ဒီလိုပါ။ အဘ
ဦးကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင်
အဖြစ်နဲ့ ပြန်လာဖို့
ဖိတ်မန္တကပြုပါတယ်တဲ့။ နောက်ပြီး ကျန်းမာရေး
အတွက် သူတို့ ဘာတွေ လုပ်ဆောင်
ပေးရမလဲ။ ဘယ်ပုံစံနဲ့ ပြန်လာနိုင်
မလဲ ဆိုတာကို သူတို့ကို ပြောပါလို့
သူတို့က ပြောပါတယ်။ သူတို့ဖိတ်
တာပါ။ ဖုံးနဲ့တိုက်ရိုက်
ဦးအောင်မင်းကိုယ်တိုင် ပြောတာပါ"
ဗိုလ်မှုးချုပ်ဟောင်း ဦးကျော်ဇောနဲ့ အတူ သူ့ရဲ့ကျန်းမာရေးကို
စောင့်ရှောက်ဖို့သမီး ၂ ယောက်ကိုပါ အတူတကွ လာရောက်ဖို့ ဖိတ်ခေါ်တယ်လို့လည်း သိရပါ
တယ်။ ဦးအောင်မင်းကို ပြန်လည် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်လှကျော်ဇောက -
"ကျွန်မက ဒီလိုပြန်ဖြေထားပါတယ်။ တစ်ခုက
ဒီလိုဖိတ်ကြားခြင်းကို ကျေးဇူး
တင်ပါတယ်။ ဒုတိယက ဖေဖေဟာ
ရဲဘော်သုံးကျိပ်ဖြစ်တာ မှန်ပေမယ်လို့
အခု ကျွန်မတို့ တရုတ်ပြည်မှာ
နိုင်ငံရေးခိုလှုံပြီးနေတာ ဗမာပြည် ကွန်မြူနစ်
ပါတီရဲ့ ခေါင်းဆောင်
တစ်ယောက်အနေနဲ့ နေတာဖြစ်လို့ ဗမာပြည် ကွန်မြူနစ်
ရဲ့ ကျန်းမာရေးဟာ ခရီးသွားဖို့
မပြောနဲ့ အသက်ကယ်ခန်းကတောင် အပြင်
မရောက်သေးတဲ့အတွက် ကာလတစ်ပိုင်း
ယူပြီးတော့ တော်တော်တည်ငြိမ်
အောင် လုပ်ယူရအုံးမှာပါ လို့၊ ဖေဖေ့ ကျန်းမာရေး
ကောင်းလာမှ ဆက်ဆွေးနွေး
တာပေါ့ လို့တော့ ပြောထားပါတယ်"

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း
ကျော်ဇော (ယာ)နှင့် သမီး ဒေါက်တာ
လှကျော်ဇောတို့၏ (နေ့စွဲမသိ)
မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)
စစ်ပညာ သွားသင်တဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေထဲက ဗိုလ်မှူးချုပ်ဟောင်း
ကျော်ဇောနဲ့ ယခု ရန်ကုန်မှာရှိနေတဲ့ ဗိုလ်ရဲထွတ်တို့ နှစ်ဦးပဲ အသက်ရှင်သန်လျက်
ရှိပါတော့တယ်။
သတင်းရင်းမြစ်း RFA
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
No comments:
Post a Comment