ရန် ရွှေးကောက်ပွဲ ကော်မရှင်က မွတ်ဆလင် နိုင်ငံရေး ပါတီ (၃) ခုအား သတိပေး
ပြောကြား လိုက်သည်ဟု သတင်း ရရှိသည်။
ထိုသို့ ပြောကြားလိုက်သည်ဟု လွတ်လပ်သော အာရှသံ (မြန်မာပိုင်း အစီအစဉ်)
တနင်္ဂနွေ နံနက်ပိုင်း အစီအစဉ်မှ ထုတ်လွင့်သွားသော သတင်း တစ်ခုတွင် ဖေါ်ပြသည်။
အမျိုးသားတိုးတက်ရေး ဒီမိုကရေစီပါတီ ဒုဥက္ကဌ ဦးလှသိန်းအား လွတ်လပ်သော အာရှ
အသံ မြန်မာပိုင်း အစီအစီအစဉ်မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း စဉ်
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ထိုသို့ ပြောကြားသည်ဟု ဦးလှသိန်း
က RFA ကို ပြောဆိုသည်။
“ ခင်ဗျားတို့ ရခိုင်ပြည်နယ်မှာ မူဆလင်တွေ မွေးဖွားနှုန်း သိပ်များတယ်။ အဲဒါကို
Control (ထိန်းချုပ်) မူတွေ လုပ်ဖို့အတွက် ဆောင်ရွက်ပေးပါ၊ စည်းရုံးပေးပါဆိုပြီးတော့ ကျွန်တော်တို့ကို ပြောတာပါ” ဟု ဦးလှသိန်းက ဆိုသည်။
မွတ်ဆလင် (၃) ပါတီသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို စုံစမ်းရန် ဖွဲ့စည်းထားသော ကော်မရှင်ထဲတွင် ပါဝင်နေသည့် အဖွဲ့ဝင် ၃ ဦးကို ကန့်ကွက်သဖြင့်
ရွှေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့သည်။
မွတ်ဆလင် ၃ ပါတီသည် ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တွင် ရခိုင်တိုင်းရင်းသား
များ တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဦးအေးသာအောင်နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ဦးကိုကိုကြီးတို့အား သမ္မတ
ဦးသိန်းစိန်ထံသို့ စာရေး ကန့်ကွက် ခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်သည် ဘင်္ဂလီ ခိုးဝင်သူများအား ဒုက္ခသည်စခန်းတွင် လက်ခံ
ထားရှိပြီး လက်ခံမည့် နိုင်ငံရှိက ယူအန် (ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံး) အကူ
အညီဖြင့် ပို့ပေး မည် ဖြစ်ကြောင်း များမကြာမှီက ပြောကြားခဲ့သည့် အဆင့်မြင့်ဆုံး
မြန်မာ အစိုးရ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။
ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ မွတ်ဆလင် (၃) ပါတီမှ ကိုယ်စားလှယ်
များအား နေပြည်တော်တွင် တွေ့ဆုံစဉ် ရခိုင် စုံစမ်းရေး ကော်မရှင်လူ ၂၇ ဦး အထဲတွင်
ကန့်ကွက်သူ ၃ ဦး တည်းသာပါဝင်သဖြင့် စိုးရိမ်စရာ မလိုကြောင်း၊ အမှန်တရား ဆို
သည်မှာ ဖုံးကွယ်ထား၍ မရကြောင်း၊ မည်သို့ပင် ဖြစ်စေ အမှန်တရား ဆိုသည်မှာ
နောက်ဆုံးတွင် ပေါ်ပေါက်လာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment