Sunday, September 9, 2012

အရေးအခင်းတွင် ကျဆုံးသူ သံတော်လီ ဥက္ကဌဟောင်းအား ဂုဏ်ပြု ကျောက်တိုင် စိုက်ထူ


ရခိုင်ပြည်နယ် အရေးအခင်းအတွင်း ခုခံယင်း ရှေ့တန်းမှ ကျဆုံးသွားခဲ့သူ သံတော်လီ
 ဥက္ကဌဟောင်း ဦးကျော်သိန်းအား ဂုဏ်ပြု ကျောက်တိုင် တစ်ခု စိုက်ထူခဲ့ကြသည်ဟု
 သတင်း ရရှိသည်။
ကျောက်တိုင် စိုက်ထူပွဲကို အခမ်းအနားဖြင့်  စစ်တွေ-ကျေးတောတွင် စက်တင်ဘာ ၇ရက်နေ့က ပြုလုပ်ခဲ့ကြသည်။အခမ်းအနားသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရခိုင်
တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစုမှ လူငယ်တဦးက နိရဉ္စရာသို့ ယခု
လိုပြောသည်။

 “အခမ်းအနားကို မနေ့က မနက် ၉နာရီစလုပ်ပြီးတော့ မွန်းတည့် ၁၂ရီမှာပြီးပါတယ်။ အရေးအခင်းအတွင်းကျ ဆုံးသွားတဲ့ သံတော်လီ ဥက္ကဌဟောင်း ဦးကျော်သိန်းအပါဝင်
 တိုက်ပွဲဝင် ရဲဘော်သုံးဦးကို ရည်စူးပြီးတော့ အုပ် မြစ်ချ ကျောက်တိုင်  စိုက်ထူပါတယ်။
 ပြီးရင်ကျေးတောဘုန်း ကြီးကျောင်းမှာ မေတ္တာပို့ အမျှဝေပြီးတော့ ပင့်ပိတ်ထားတဲ့
သင်္ဃာအပါး ၃၀ ကိုဆွမ်းကျွေးပါတယ်” ဟုပြောသည်။

ကျေးတော သံတော်လီရွာမှ ဥက္ကဌဟောင်း ဦးကျော်သိန်းသည် စစ်တွေတွင် ဖြစ်ပေါ်
ခဲ့သော ဘင်္ဂလီများ၏ ဆူပူ အကြမ်းဖက်မူတွင် မိမိ ကျေးရွာကို ရှေ့တန်းမှ ရွပ်ရွပ်ရွံရွံ
 ကာကွယ်ရင်း ကျဆုံးသွားခဲ့သည်။

ကျောင်းထိုင် ဆရာတော်နဲ့ ရတပ ပါတီက လူကြီးတွေက နောင်လာ နောင်သားတွေ
 ခုဖြစ်ပျက်ခဲ့တဲ့ အရေးအခင်း မျိုးကို သင်ခန်းစာတွေ ယူသင့်ကြောင်း၊ အသက်
အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း  မိမိရပ်ရွာ မိမိလူမျိုးအတွက် အသက်ပဓါန မထား
ဘဲ ရဲရဲရင့်ရင့် ခုခံ ကာကွယ်ခဲ့သူ ဦးကျော်သိန်းလို ရခိုင် အမျိုးသားကောင်းများ၏
လုပ်ရပ်ကို အတုယူသင့်ကြောင်း ပြောကြားခဲ့သည်ဟု သူက ဆိုသည်။

ခမ်းအနားသို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးခိုင်ပြည်စိုး၊ ဆရာဦးထွန်းအောင်၊
 ရဟန်းပျို အသင်းမှ ဥက္ကဌတို့ပါဝင်ပြီး စုစုပေါင်းလူဦးရေ ၃၀၀ နီးပါးတက်ရောက် ခဲ့
သည်ဟု ဆိုသည်။ကျောက်တိုင် စိုက်ထူပွဲ အခမ်းအနားကို ကျေးတော ရွာသူ/သား၊
 ရခိုင်ရဟန်းပျိုအသင်း၊ ရတပပါတီ၊ ရခိုင်တိုင်း ရင်း သား ကိုယ်ခံပညာရှင်များ အင်အား
စုတို့မှ ပူးပေါင်းကာ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

သတင်းရင်းမြစ်   နိရဉ္ဇရာ   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ