Thursday, September 6, 2012

ဒီမိုကရေစီ စံချိန် စံညွှန်းတွေကို စမ်းသပ်မှု တရပ် ဖြစ်ပြီး အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်ခဲ့တယ်


ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ
 ခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ကြေညာ လိုက်ပါတယ်။
ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြည်သူ့ လွှတ်တော်ကို တင်ပြတဲ့
 အစီရင်ခံစာနဲ့ ခုံရုံအား စွပ်စွဲပြစ် တင်ချက်ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ
 ထောက်ခံသူ ၃၀၇ ဦး ရှိပြီး ပြည်သူ့လွှတ်တော်ရဲ့ ၃ပုံ ၂ပုံ ကျော်လွန်နေတဲ့အတွက်
 စွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ခဲ့
တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (မောင်ကိုနီ-
တရားလွှတ်တော်ရှေ့နေ) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်ပြီဆိုတော့ အဲကိစ္စက ဘယ်လောက်
အထိ ဘယ်လိုဖြစ်သွားနိုင်လဲ ဆရာ၊ ဆွေးနွေးပေးပါဦး။

“စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းက ပြည်ထောင်စုလွှတ်တော်
အနေနဲ့ အဆင့်ကတော့ အခု လုပ်ခဲ့တဲ့ အတိုင်းပါပဲ။ အမျိုးသားလွှတ်တော်က
 စပါတယ်။ အမျိုးသားလွှတ်တော်က သဘောတူတယ်။ ၃ ပုံ ၂ ပုံကျော်တယ်။
၁၆၂ လား ၁၆၄ ယောက်လား မသိဘူး မတ်တပ်ရပ်ပြီး ဆန္ဒပြုလိုက်တယ်။
အဲအတွက် အမျိုးသားလွှတ်တော်အဆင့်ကို ကျော်ပြီးတော့ ပြည်သူ့လွှတ်တော်
ရောက်လာတယ်။

 ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို
လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ပေးရတယ်။ အဖွဲ့ရဲ့ သဘောက တရားစီရင်သလို
စီရင်ဖို့မဟုတ်ဘူး။ တချို့တွေက တရားစီရင်ဖို့ဖွဲ့တယ်လို့ ထင်ကြတယ်။ ဒါ
မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးဖို့ ခုံရုံးဖွဲ့ပေးတာက စွပ်စွဲခံရသူတွေရဲ့ explanation
 (ရှင်းပြချက်) ပေါ့။ သူတို့ဟာ ဘယ်လိုများ ပေးအပ်ထားတဲ့ တာဝန်တွေကို
မဆောင်ရွက်ဘဲနေတယ်။ ဒါမှမဟုတ်လည်း မှားမှားယွင်းယွင်း ဆောင်ရွက်
တယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို ချေပဖို့၊ အခွင့်အရေး ပေးတဲ့သဘော။
 သူတို့က ဘာမှဆုံးဖြတ်လို့မရဘူး။ ချေပချက်ကို နားထောင်ရုံသက်သက်ပဲ။ နားထောင်ပြီးတော့ ခေါ်ပြီးစစ်တဲ့အခါမှာ ဒီနည်းဒီပုံ ကျနော်တို့ကို ထွက်ဆို
ပါတယ်။ အစစ်ခံချက်ပေးပါတယ်၊ ရှင်းလင်းချက်တင်ပြပါတယ် ဆိုပြီးတော့ အဲဒါကို ပြည်သူ့လွှတ်တော်ကို ပြန်ပြီးတော့ အစီရင်ခံ တင်ပြရမယ်။ ပြည်သူ့
လွှတ်တော်က အစီရင်ခံတင်ပြတာကို နားထောင်ပြီးတော့မှ ဒါဆိုရင်တော့
စွပ်စွဲပြစ်တင်ဖို့ မထိုက်ဘူးဆိုရင်တော့ ဒါ ပြီးသွားပြီပေါ့။ စွပ်စွဲပြစ်တင်ဖို့
ထိုက်တယ်ဆိုရင်တော့ ဒီနေ့ ဆုံးဖြတ်သလိုပေါ့၊ စွပ်စွဲပြစ်တင်တယ်လို့ ၃ ပုံ
 ၂ ပုံကျော်က ဆုံးဖြတ်ရင် အတည်ဖြစ်သွားတယ်။ စွပ်စွဲပြစ်တင်တာ အတည်ဖြစ်
သွားရင် လက်ရှိ ဒီရာထူးမှာ တာဝန်ထမ်းဆောင်လို့ မရတော့ဘူးပေါ့။ စွပ်စွဲပြစ်
တင်ခြင်း လုပ်လိုက်တာနဲ့ တပြိုင်တည်း ရာထူးက ဖယ်ဖို့ အကြောင်းရင်း ဖြစ်
သွားတာပေါ့။ တကယ်လို့ စွပ်စွဲပြစ်တင်ခြင်းမလုပ်ခင်ကြားမှာ တကယ်လို့
တဖက်နဲ့တဖက် ညှိနှိုင်းလို့ ပြေလည်မှုရမယ်ဆိုရင် ဒါဆိုရင်တော့ အဓိပ္ပာယ်
က တမျိုးပေါ့။

စွပ်စွဲပြစ်တင်ခြင်းကို မလုပ်တော့ဘူးဆိုရင် သူတို့ ဒီရာထူးမှာ ဆက်ပြီးတော့
 ရှိဦးမယ်။ အခုက မရပ်ဘဲ လမ်းဆုံးထိသွားဖို့ကို ခုံရုံးဘက်က ရွေးလိုက်တယ်
လို့ မြင်တယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ သူတို့ ခုံရုံးကို အခွင့်အရေး
တွေပေးတယ်၊ ဒီဆုံးဖြတ်ချက်ဟာ မှားပါတယ်လို့ ပြန်ကြေညာပေးပါလို့ ကျနော်တို့ ပြောပါတယ်။ ပြောလိုက်တော့ လာရှင်းပါတယ်။ ခုံရုံးကနေ
 ပြည်ထောင်စုလွှတ်တော်မှာ လာရှင်းပါတယ်၊ ရှင်းပြီးတာနဲ့ ချက်ချင်းပဲ မဲ
ခွဲတော့ ၄၄၇ မဲနဲ့ ခုံရုံးဆုံးဖြတ်ချက်မှားတယ်၊ ပြင်ပေးဖို့လိုတယ်ဆိုပြီး တောင်းဆို
ချက် ဆုံးဖြတ်ချက်ကျသွားတယ်။ အဓိပ္ပာယ်ကတော့ ပြည်ထောင်စုလွှတ်တော်က
ဆုံးဖြတ်တယ်ဆိုတာဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းပဲ၊ ကျနော်တို့
 တိုင်းပြည်ရဲ့ အခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာအာဏာကို ပြည်သူ
လူထုက ပိုင်ပါတယ်။ ပြည်သူလူထုက သူပိုင်တဲ့ အာဏာကို ပြည်ထောင်စု
လွှတ်တော်ကို အပ်နှင်းထားတယ်။”

“အဲ့တော့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဒါမှား
ပါတယ်လို့ ပြောရင် ဒါကို ကျနော်မှန်ပါတယ်လို့ ခုံရုံးဘက်ကနေ ပြောဖို့ အနေ
အထား မသင့်ဘူးလို့ ထင်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ခုံရုံးဆိုတာ
ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ဖွဲ့စည်းပေးထားတာ။ ဆိုတော့
 ပြည်ထောင်စုလွှတ်တော်ဆိုတာက ပြန်ပြီးတော့ စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ဖယ်ရှား
လို့ရတယ်ပေါ့ဗျာ။ ပြောချင်တာကတော့ ခုံရုံးနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုရင်
 ပြည်ထောင်စုလွှတ်တော်က ပိုပြီးမြင့်ပါတယ်။ အမြင့်ဆုံး အချုပ်အခြာအာဏာပိုင်
 အဖွဲ့ဖြစ်တော့ ဒီအဖွဲ့ကလိုလားတယ် ဆိုတဲ့ဟာကို ကျန်တဲ့အဖွဲ့က ဒါကို အလေး
အနက်ထားပြီး စဉ်းစားပေးရမယ်။ လောလောဆယ် အနေအထားတော့ ပွဲပြီး
သွားပြီလို့ မြင်ပါတယ်။”

အခု ဖြစ်သွားတဲ့ လွှတ်တော်နဲ့ အခြေခံဥပဒေခုံရုံး ကိစ္စက ဒီမိုကရေစီ
စံနှုန်းတွေနဲ့ညီ မညီ၊ အများပြည်သူအတွက် စိတ်ချမ်းသာမှု ရှိမရှိ အဲဒီ
အပိုင်းလေးတွေ ဆွေးနွေးခဲ့လားဗျ။

“ဒီမိုကရေစီစံနှုန်းနဲ့ ညီမညီဆိုတာက ပထမဆုံး စမ်းသပ်ခံရတဲ့ ပွဲတပွဲလို့
ကျနော်မြင်ပါတယ်။ ကျနော် အကောင်းမြင်ပါတယ်။ ဒါက ရင်ထဲက ရှိတဲ့
အတိုင်း ပြောတာပါ။ ကျနော် အခုကိစ္စမှာ တတ်နိုင်သမျှ ဘက်မလိုက်ဘဲ
 ပြောတယ်။ တဖက်က ဥပဒေပညာရှင် တယောက်အနေနဲ့ မရပ်ဘဲနဲ့ ပြော
ရင်ဆိုရင် မပြတ်မသား ဖြစ်လွန်းတယ်။ ပြည်သူလူထုဘက်မှာလည်း ရှုပ်ထွေး
မယ်။ ဒါကြောင့်မို့ ကျနော်က လက်ခံတာ လက်မခံတာ အယူအဆကိုက
ကျနော်ခံယူချက်နဲ့ ကျနော်ပြောတာ အမြင်မတူတဲ့သူတွေ သဘောထား
ကွဲလွဲနိုင်တာရှိပါတယ်။ ဒါကို လက်ခံပါတယ်။ ဒါပေမယ့် ပြတ်ပြတ်သားသား
ပဲ ရပ်တာက ခုနကလို ပြည်သူလူထုထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်
တယ်။ ဒါကြောင့် အခုပွဲသည် ဒီမိုကရေစီနိုင်ငံ စတည်ဆောက်တဲ့ အချိန်
မှာပဲ ပထမဦးဆုံးဖြစ်တာက ပြည်သူ့လွှတ်တော်နဲ့ သမ္မတနဲ့ ဖြစ်တာ။
သမ္မတဘက်က တင်တာက လွှတ်တော်ကဖွဲ့တဲ့ အဖွဲ့ဟာ ပြည်ထောင်စု
အဆင့် မရှိဘူး။ ဒါကို လွှ׷:G|_gwဘူး။ ရှိတယ်။ အဲဒါက သမ္မတ
နဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ အားပြိုင်ပွဲပါ။ အဲဒီအားပြိုင်ပွဲမှာ ဆုံးဖြတ်ချက်
ချတဲ့အခါ ခုံရုံးက သမ္မတဘက်က ရပ်တည်ပြီးတော့ ပြည်သူ့လွှတ်တော်က
 ဖွဲ့တဲ့ အဖွဲ့တွေဟာ၊ အမျိုးသားလွှတ်တော်က ဖွဲ့တဲ့အဖွဲ့တွေဟာ ပြည်ထောင်စု
အဆင့်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်တယ်။ သမ္မတဘက်ကနိုင်သွားတဲ့ သဘော
ရှိတယ်။ သို့သော် ပြဿနာက ခုံရုံးဘက်ကို လှည့်သွားတယ်။ ခုံရုံးမှားပါတယ်
ဆိုပြီး ခုံရုံးနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပြဿနာက ဖြစ်သွားတယ်။ အဲဒီတော့
ဒီမိုကရေစီနိုင်ငံမှာ အဲဒီ ပြဿနာတွေက ရှိမှာပဲ။ အဲဒီ ပြဿနာကို ဒီမိုကရေစီ
စံနှုန်းနဲ့ ညီအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ နည်းနဲ့ ဖြေရှင်းတာဟာ
ကျနော်သဘောကျတယ်။ အဖြေဟာ ခုံရုံးအတွက် ၀မ်းနည်းစရာကောင်း
တယ်။ ခုံရုံးအဖွဲ့ဝင် လူကြီးတွေအတွက် ကျနော် တော်တော်လေးကို စိတ်
ထိခိုက်တယ်၊ ခံစားရတယ်။ ဒါပေမယ့် တဖက်က ဒီမိုကရေစီစံချိန်စံညွှန်းတွေ
ကို စမ်းသပ်မှု တရပ်ဟာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်တယ်လို့ ထင်မြင်
ယူဆပါတယ်။ ဒါက တချက်ပေါ့။

“ဒုတိယမေးခွန်း ဖြစ်တဲ့ ပြည်သူလူထုဘက်က သဘောထားကို ယေဘုယျ
အားဖြင့်လည်း ပြောလို့ရပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်က ပြည်သူထဲက
 တယောက်ဖြစ်နေတဲ့အတွက် အများကိုတော့ ကိုယ်စားပြုပြီး ပြောလို့ မဖြစ်
ပါဘူး။ ပြောနိုင်တာက ပြည်ထောင်စုလွှတ်တော်ဆိုတာက ကျနော်တို့ ပြည်သူ
လူထုက ရွေးချယ်ပြီး တင်မြောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်ထောင်စု
လွှတ်တော်အနေနဲ့ အခုလို စွပ်စွဲပြစ်တင်တဲ့လမ်းကြောင်းကို မလွဲသာလို့ လုပ်
ရတယ်ဆိုတာ ဒီနေ့လည်း ဦးရွှေမန်း ပြောသွားပါတယ်။ သူတို့လည်း ဒီလို ဆုံးဖြတ်
ရတာ ၀မ်းနည်းတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ
 ကောင်းပေမယ့်လည်း ပြည်သူလူထုအနေနဲ့လည်း ပြည်ထောင်စုလွှတ်တော်ရဲ့
 ဆုံးဖြတ်ချက် မှန်တယ်လို့ အများစု လက်ခံမယ်လို့ ကျနော်ယုံကြည်တယ်လို့
 ပြောလိုပါတယ်။”

သတင်းရင်းမြစ်    DVB


No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ