တပ်မတော်အတွင်း
စစ်မှုထမ်းဆောင်လျက်ရှိသည့် အရွယ်မရောက်သေးသူကလေး
သို့
ပြန်လည်အပ်နှံမှုကို ယနေ့(စက်တင်ဘာ ၃ရက်)တွင် ရန်ကုန်မြို့
အမှတ်(၁)
စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌
ပြုလုပ်ခဲ့သည်။ တပ်မတော်မှနုတ်ထွက်
ခွင့်ပြုလက်မှတ်နှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူ
များက ပေးအပ်ခဲ့သည်။
အရွယ်မရောက်သေးသူကလေးသူငယ်များ မြန်မာ့
တပ်မတော်တွင်
စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက်မပြည့်သေးသော
တပ်သားသစ်များ
လွတ်မြောက်ခွင့်ပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော?xv
အစိုးရနှင့်
ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်
ဇွန်လအတွင်းက
ပြုလုပ်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစီအစဉ်ဖြင့် တပ်မတော်အတွင်း
ရောက်
ရှိနေသည့် အရွယ်မရောက်သေးသူ ကလေးသူငယ် ၄၂ဦး ကို နုတ်ထွက်ခွင့်ပြု
ခဲ့ပြီး ၄င်းတို့၏ မိဘများထံသို့ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ အမှတ်
(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ပြင် နုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေးသူငယ်များကို တပ်မတော်မှ နုတ်ထွက်
ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို တစ်3}NϯWűu်ခဲ့သည်။
''တပ်မတော်အတွင်း ရောက်နေတဲ့ကလေးသူငယ် ၄၂ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး
မိဘတွေဆီကို တပါတည်း ပြန်လည်အပ်နှံသွားမှာပါ။ ဒီလိုလွှဲပြောင်းပေးရာမှာ
နုတ်ထွက်ခွင့်ပြုတဲ့ စာရွက်စာတမ်း အထောက်အထားတွေအပြင် ကလေးတွေရဲ့
၁၀နှစ်ပြည့်ပြီး (သို့) ၁၈နှစ်ပြည့်ပြီး မှတ်ပုံတင်တွေကိုလည်း တခါတည်းပေးသွား
မှာပါ'' ဟုကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်တင်မောင်ဝင်း
က ပြောကြားခဲ့သည်။ နုတ်ထွက်ခွင့်ပြုခဲ့သည့် တပ်မတော်အတွင်း ရောက်ရှိနေသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များမှာ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှသုံးဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှသုံးဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှတစ်ဦး၊ ရခိုင်ပြည်
နယ်မှ ခုနစ်ဦး၊ မကွေးတိုင်းဒေသကြီးမှသုံးဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးဦး၊
စစ်ကိုင်းတိုင်းဒေသကြီးမှ သုံးဦး၊ ကရင်ပြည်နယ်မှ တစ်ဦး၊ ကချင်ပြည်နယ်မှ တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ လေးဦးနှင့် ချင်းပြည်နယ်
မှ တစ်ဦးတို့ပါဝင်သည်။
တပ်မတော်မှ အရွယ်မရောက်သေးသည့်အတွက် နုတ်ထွက်ခွင့်ပေးခဲ့သူ ရခိုင်ပြည်
နယ်မှ မောင်အာကာက'' အရှေ့တောင်ပိုင်းစစ်ဌာနချုပ် စစ်မြေပြင်အင်ဂျင်နီယာအ<ӷwOɮUg״Cwမြိုင်)မှာ တာဝန်ထမ်းဆောင်ရတယ်။ ရန်ကုန်မှာ အလုပ်လုပ်နေရင်းနဲ့ အပေါင်းအသင်းတွေမှားပြီးတော့ တပ်ထဲ ၀င်ဖြစ်သွားတာ။ သူတို့တွေဝင်တော့ ကိုယ်လည်းလိုက်ဝင်ဖြစ်သွားတာ။ တပ်ထဲစ၀င်တုန်းက အသက်က ၁၄ နှစ်ပါ။
အခုက ၁၈ နှစ်ထဲမှာပါ။ မိုင်းရှင်းလင်းရေးမှာ တာဝန်ကျပါတယ်။ ရှေ့တန်းတွေလိုက်
ရတယ်။ မိုင်းတွေ လိုက်ရှင်းပေးရတယ်။ အခမ်းအနားတွေမှာ လိုက်ပြီး မိုင်းရှင်းပေး
ရတယ်။ မော်လမြိုင်မှာ မြ၀တီရှေ့တန်း၊ ဘုရားသုံးဆူတို့ နယ်စပ်တို့ဘက်ကို သွား
ရတယ်။ ခုလိုလွတ်လာӷ|Yo[ပါတယ်။ ကျွန်တော့်လိုမျိုး နောက်လူတွေ မမှားရအောင်လည်း ပြောပြချင်တယ်။ ရခိုင်မှာရှိတဲ့မိဘတွေက မွေးစာရင်းတွေ အိမ်ထောင်စုဇယားတွေပြပြီး ထွက်ခွင့်တောင်းတာပါ။ ခုတော့ ကျောင်းပြန်တတ်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆက်လုပ်သွားဖို့ ရှိပါတယ်။ အတန်းပညာ
ကတော့ ၉ တန်းအောင်ပြီးသားပါ''ဟု ပြောပြခဲ့သည်။
ထို့အပြင် အဆိုပါ ကလေးငယ်များနှင့် မိဘများကို CTFMR နှင့် လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့ စီစဉ်သည့် ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့်
အဆက်အ သွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါး
ကုသရန် လိုအပ်မှု ရှိ မရှိ စစ်ဆေးပေးခြင်းနှင့် လိုအပ်သလို ကုသမှုပေးခြင်း၊
ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာ
သင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် စသည်တို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ
ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းစီမံချက်ကို UN CTFMR နှင့် ၂၀၁၂
ခုနှစ် ဇွန်လ၂၇ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် အ သေးစိတ် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲသဘော
တူပြီးဖြစ်ရာ ၁၈လအတွင်း တပ်မတော်အတွင်း၌ အရွယ်မရောက်သေးသူ ကလေး
သူငယ်စစ်သည် လုံးဝမကျန်ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်တင်မောင်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်း
ခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများရှိပါကလည်း အမြန်
ဆုံးထွက်ခွင့်ပြုရန် စိ စစ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့
သည်။ ၂၀၀၄ခုနှစ်မှစ၍ လက်ရှိအချိန်အထိ တပ်ရင်းတပ်စခန်းအသီးသီးတွင် ရောက်
ရှိနေသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်၆၀၀ ကျော်ကို စစ်မှုထမ်းခြင်းမှ
နုတ်ထွက်ခွင့်ပေးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးမှ ဗိုလ်မှူးကြီးမောင်မောင်ရှင်က သြဂုတ်လ၂၂ရက်နေ့က ဒညင်းကုန်းစစ်သားစုဆောင်းရေး၌ ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
စစ်သားစုဆောင်းရာတွင် တပ်မတော်ဥပဒေ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ
စုဆောင်းခြင်း မပြုသည့် အရာရှိနှင့် အခြားအဆင့် ၂၀၁ဦးကို အရေးယူမှုများ
ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့်
အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ
လုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment