မြို့တော်ဝန်ရာထူးမှ ဖယ်ရှားရန် လက်မှတ်ထိုးတောင်းဆိုမည့် ကမ်ပိန်းအပေါ်တွင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်နေကြောင်း မြို့တော် စည်ပင် ခန်းမတွင် ကျင်းပပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ မန္တလေးမြို့တော်ဝန်က ပြောကြားခဲ့သည်။
မန္တလေးမြို့တော်ဝန်အား ရာထူးမှဖယ်ရှားရန် လက်မှတ်ထိုးကမ်ပိန်းကို (၈၈)ကျောင်း
သား ရဲဘော်ဟောင်းများအဖွဲ့မှ လုပ်ဆောင်နေခြင်းဖြစ်သည်။

“ မြို့တော်ဝန်တာဝန်ကနေ
ဖယ်ရှားဖို့ရာအတွက် စည်းရုံးနေကြတယ် ဆိုတာလေး
ကြားရတဲ့ အခါကြတော့ နည်းနည်းလေးတော့ စိတ်လှုပ်ရှားမှုလေး ဖြစ်သွားပါတယ် ၊
ကျွန်တော့်အနေနဲ့ မန္တလေးမြို့ထဲမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို ကျွန်တော်
အရောက် ဆင်းပါတယ် ခင်ဗျာ။ ရပ်ကွက် မိဘများနဲ့ မြို့မိမြို့ဖများနဲ့ ကျွန်တော် အမြဲတမ်းတွေ့ဆုံပါတယ်”ဟု မြို့တော်ဝန်က ပြောသည်။

ထိုကဲ့သို့
တွေ့ဆုံရခြင်းမှာ မန္တလေးမြို့တော်စည်ပင်အနေဖြင့် မန္တလေးမြို့တော်အား
ရေစီး ရေလာ ကောင်းမွန်ရေး ၊ အမှိုက်သရိုက် ကင်းရှင်းရေးနှင့် မန္တလေးမြို့တော်
အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်နေမှုများကို အမြဲရှင်းလင်းပြောကြားခဲ့ပြီး မြို့သူမြို့သားများအနေဖြင့်လည်း မြို့တော် စည်ပင်အား ပြန်လည်ကူညီဆောင်ရွက်
ပေးရန် စည်းရုံးမှုများလုပ်နေကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

မြို့တော်ဝန်ဖယ်ရှားရေး
ကမ်ပိန်းရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် မိမိတို့ ရွေး
ချယ်တင်မြှောက် ထားသော ပြည်သူ့ ကိုယ်စားလှယ်သည် ပြည်သူ့အသံကို နားမ
ထောင်လျှင် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုတ်သိမ်းခွင့်ရှိသည်ကို သိစေလို
သောကြောင့်ဖြစ်သည်ဟု (၈၈)ကျောင်းသားရဲဘော် ဟောင်းများအဖွဲ့က သိရသည်။

“ ကြိုက်တဲ့ဥပဒေတွေ
ပေါ်လာပါစေ မန္တလေးမှာတော့ မတွေ့ရဘူး ၊ ဥပမာ လွတ်
လပ်စွာ ဆန္ဒ ဖေါ်ထုတ်ခွင့်တို့ ၊ အလုပ်သမား လယ်သမားကိစ္စတို့ လွတ်လပ်စွာ ဖေါ်
ထုတ်ခွင့်မရဘူး ၊ ကျွန်တော်တို့ မန္တလေးမှာ အခက်အခဲတွေ တွေ့ရတယ်”ဟု အဆိုပါကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် (၈၈)ကျောင်းသားရဲဘော်
ဟောင်းများအဖွဲ့မှ ကိုညီညီကျော် က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက
သက်ဆိုင်ရာအဖွဲ့အစည်းများနေဖြင့် ပြည်သူကို ဖေးမပြီး
လက်တွဲခေါ်ယူရမည့် အစား ကျူးကျော်ဖယ်ရှားရေး ကိစ္စတွင် မလိုလားအပ်သည့်
ဝန်ထမ်းစုံ အသုံးချခြင်း ၊ ဘူရိုဇာများ သုံးခြင်း ၊ သံစူးကြိုးများသုံးခြင်းနှင့် အလုပ်
သမားအရေးနှင့် လယ်သမားအရေးများတွင် ကြားဝင် ဆောင်ရွက်သူများအား
ရန်သူသဖွယ် ဆက်ဆံခြင်း ၊ မလိုလားအပ်သည့် ပုဒ်မ များဖြင့် ပြည်သူများ
ကြောက်လန့်အောင် ဖမ်းဆီးခြင်း ၊ ပြည်သူများကြောက်စိတ်ဝင်အောင် ပြုလုပ်
ခြင်း များကိုလည်း တွေ့ရှိနေရသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၄င်းဆိုသည်။

“ကျွန်တော်ပြောချင်တာက
ပုဂ္ဂိုလ်ရေးမုန်းတည်းမှု မဟုတ်ပါဘူး ၊ သူနဲ့ ကျွန်တော်
လည်း မသိပါဘူး ၊ မသိတာမှ ဘယ်မဲဆန္ဒနယ်က တက်လာတာလဲဆိုတာတောင်
မသိဘူး ၊ ဘယ်မဲဆန္ဒနယ်က တက်တက် ဘယ်ပါတီက တက်တက် ကျွန်တော်နဲ့
မဆိုင်ဘူး ၊ ကျွန်တော်နဲ့ ဆိုင်တာက ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတဲ့နေရာမှာ အဟန့်အတားဖြစ်လာတာတွေကကျွန်တော်တို့နဲ့ သက်ဆိုင်တယ်” ဟု
ကိုညီညီကျော်က ဆက်ပြောသည်။

မြို့တော်ဝန်ဦးအောင်မောင်းသည်
၎င်းရာထူးအား စတင်လက်ခံသည့် (၆)လတာ ကာလအတွင်းပြည်သူများ၏ဆန္ဒထုတ်ဖေါ်မှုများကို
အကြိမ်ကြိမ်ဖြေရှင်းနေရပြီး ကိုင်းတန်းဈေးအရေးတောင်းဆို မှုတွင်
ကြားဝင်သူများကိုလည်း ဖမ်းဆီးအရေး
ယူကာရုံးတင် စစ်ဆေးနေမှုများရှိနေကြောင်းသိရသည်။

“ကျွန်တော်ကိုယ်တိုင်
မန္တလေးသားဖြစ်တဲ့အခါကြတော့ မန္တလေးမြို့တော်ကြီး
လူမှုစီးပွားရေးဘ၀ဖွံ့ဖြိုးတိုးတက်ဖို့ရာလုပ်ငန်းကို ကျွန်တော်
စေတနာမှန်မှန် လုပ်ငန်းရပ်မှန်မှန်နဲ့ ဆောင်ရွက်လျှက် ရှိပါတယ်။
ဒီလိုဆောင်ရွက်လျှက်ရှိတာ
ကို ဖယ်ရှားကြမယ်ဆိုရင်တော့ ကျွန်တော်လဲ ဘာမှပြောစရာ မရှိပါဘူးလို့ပဲ
ဖြေကြားချင်ပါတယ် ´´ဟု မြို့တော်ဝန်က ၎င်းအား ဖယ်ရှားမည့် လက်မှတ်ထိုး
ကမ်ပိန်းနှင့်ပတ်သတ်၍ မီဒီယာသို့ ၄င်း၏သဘောထား ထုတ်ပြန်ခဲ့သည်။

လက်မှတ်ထိုးကမ်ပိန်းအား
လုံလောက်သည့်အရေအတွက်ရရှိပါက သမ္မတရုံး၊
လွှတ်တော်နှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့ထံ တင်ပြသွားမည်ဖြစ်ပြီး ယခု
လှုပ်ရှားမှုတွင် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ပူးပေါင်းပါဝင်လာ
ဖွယ်ရှိကြောင်း သိရှိရသည်။

သတင်းရင်းမြစ်း Myitmakha Media Group
No comments:
Post a Comment