Monday, September 3, 2012

မောဟိုက်ကာ ဝေးရပါတဲ့ ရွှေခိုင်တို့ရဲ့လမ်း




dscf72271








သည်လမ်းကို ကျွမ်းဝင်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် လွန်လာခဲ့ပါပေါ့။ တောင်ကုတ်
 တောင်ကြားကို ဖြတ်ကျော် ဖောက်လုပ်တဲ့ ကားလမ်းပြီးရင် အမ်းတောင်ကြားလမ်းကို
 ဖြတ်ပြီးဖောက်တဲ့ ရန်ကုန်-စစ်တွေကားလမ်းဟာ ရခိုင်တွေရဲ့ ဒုတိယဟိုက်ဝေးလမ်း
ဖြစ်ပါလိမ့်မယ်။


သည်လမ်းဖွင့်လို့ တစ်ပတ်လောက်မှာ ရန်ကုန်က စစ်တွေအိမ်ပြန်ခရီးကြုံနေတာမို့ ခါ
တိုင်းလို လေယာဉ်နဲ့ မပြန်တော့ဘဲ သည်လမ်းအတိုင်း ကားစီးပြန်ဖို့ ရွေးချယ်ဖြစ်ခဲ့ပါ
တယ်။

တပေါင်းလပြည့်နေ့မို့ ရာသီဥတုစိတ်ချရတာရယ်၊ မိမိကိုယ်၌ကိုက အသက်သာ လေး
ဆယ်ကျော်လာရော ဟိုက်ဝေးကားလမ်းခရီး တစ်ခါမျှမစီးဖူးသေးတာရယ်ကြောင့်
အတွေ့အကြုံထူး ဆည်းပူးလိုတဲ့ သဘောလည်းပါပါ သကော။


ရန်ကုန်-ပြည်လမ်းမကြီးအတိုင်း ဖြူးဖြူးဖြောင့်ဖြောင့်။ မြို့တွေကို နီးနီးကပ်ကပ်ဖြတ်။ မီးရထားလမ်းဆုံ နေရာ တွေ၊ ဥသျှစ်ပင်လမ်းခွဲ၊ "ရသေ့သူတော်စင်တောင်မှ ဈာန်မခိုင်
ဉာဏ်ယိုင်လျောရတဲ့" တပေါင်းလရာသီ၊ ပုသိမ်-မုံရွာ လမ်းမကြီးတစ်လျှောက် ကျွန်းပင်
ပျိုတော မွဲပြာခြောက်သွေ့တိတ်ဆိတ်လွန်းစွာနဲ့ ပုံသေမြင်ကွင်းရှည်ကြီးဟာ လွမ်းဖြစ်
ဖို့နေနေသာသာ ငြိမ်းငွေ့ပျင်းရိဖွယ်သာဖြစ်နေခဲ့။

မင်းတုန်း၊ အောင်လံစတဲ့မြို့များရဲ့ အမည်မှတ်တိုင်များကိုသာမြင်ရ။ လူသူလေးပါးရှား
ပါလွန်း။ င/ဖဲ မြို့နယ် ပဒါန်းဂိတ်ကိုရောက်တော့ နေညိုပြီ။ မန်းရွှေစက်တော်သို့ ဆယ့်
တစ်မိုင်၊ မင်းဘူးသို့ သုံးဆယ့်တစ်မိုင်တဲ့။ နတ်ရေကန် တောင်တက်လမ်းပါ မြေပုံကား
ချပ်ကြီးဟာ ပဒါန်းထမင်းဆိုင်ရှေ့ လမ်းဆုံမှာပြသထား။ အမ်းတောင်ခြေရောက်ဖို့ ဆယ်မိုင်ဝေးသေးဆိုပါလား။

အိပ်(စ်)ပရက်အမြန်ယာဉ်လို့ လက်မှတ်ရောင်းခဲ့ပေမယ့် ထွက်ပေးတာက ရန်ကုန်မြို့
တွင်းမှာ ပြေးဆွဲနေတဲ့ ရိုးရိုး ဘတ်(စ်)ကားစုတ်ကြီး။ ကားရှေ့မှန်တစ်ပြင်လုံးမှာ ပင့်ကူအိမ်ရက်ယှက်သိုင်းဖွဲ့ထားသလို ကွဲပြတ်ရာ ဗရပွထနေတဲ့ကား ပါ။ ခရီးလမ်း
ကြောင်းအသစ်ကို စနည်းနာလိုတဲ့အတွက် စမ်းတဝါးဝါး ဗရုတ်သုက္ခဆွဲလာတဲ့ကားမှန်း အမ်းတောင်ကြားကို ဖြတ်မောင်းနေတုန်းမှာမှ သိလာရတယ်ဆိုပါတော့။ ပထမဆုံး
အတွေ့အကြုံချင်း ပြိုင်ကြရမဲ့ မိမိနဲ့ကားအကြားမှာ သိမ်မွေ့ချက်ကဖြင့် ...။

ကားရှေ့မီးအားကိုးနဲ့ မြင်နိုင်သမျှတွေ အားစိုက်ကြည့်ရင်းလာလိုက်ကြတာ ပိတ်ရေ
စမ်းမှာ ကားခဏနားတော့ တပေါင်းလပြည့်ည အမ်းရိုးမအလှဟာ မေ့မူးစဖွယ်
ဆွဲဆောင်ညှို့ငင်နိုင်စွမ်းပါရဲ့။ ဘော်ငွေရောင် ဝင်းလက်စွာ ဆန်းခြယ် သထားပုံများ။
ချမ်းစိမ့်စိမ့်လေးနဲ့ ဘဝင်ငြိမ်းအေးလွန်းလှပါဘိ။ တောင်ပတ်လမ်းတိုတိုလေးတွေ
မှာ ကွေ့ကောက် မောင်း နှင်ရာအတိုင်း အသည်းယားစဖွယ်ဆိုတဲ့ ချောက်ကမ်းပါးတွေ
ဟာဖြင့် အမှောင်က ကွယ်ကာဖုံးပေးထားလို့ ထင်ပါရဲ့။

"ချောက်တွေနက်တွေ တောင်တန်းမယ်ခင်ကွယ်... ဇောချွေးလေးများတောင်ပြန်
ချင်တယ်" သီချင်းလေးတော့ မဆိုဖြစ်ခဲ့ ပေါင်ပေါ့။ညဥ့်နက်သန်းခေါင်လောက်
မှာ အမ်းရောက်ပြီလို့သာကြားရ၊ မှောင်အတိသာရယ်။ ဆက်မောင်းလာရင်း "
မဟန် တော့ဘူး၊ အိပ်ချင်လို့" ဆိုပြီး တောထဲတစ်နေရာမှာ ကားတစ်စီးလုံးဂျက်
ချလိုက်ပြီး ထိုးအိပ်လိုက်ကရော။ စနိုးစနောင့်ဖြစ် ပေမယ့် ခဏမှေးဖြစ်ခဲ့။ မနက်လင်းတော့ မြေပုံမြို့နယ်ထဲက ကံ့ကော်ရွာကိုရောက်ပြီ။ ရာမောင်ကြိုး
တံတား၊ ကစ္ဆပနဒီ တံတားဖြတ်၊ ကံစောက်တောင်ကျော်လမ်း ငါးမိနစ်လောက်
တော့ အမ်းရိုးမရဲ့ မြေးမြစ်တီတွတ် ခရီးသာသာမို့ အေးဆေး ပေါ့။

ရန်ကုန်က နံနက်(၇)နာရီခွဲထွက်လာတဲ့ကား ဟိုနားသည်ရပ်လာခဲ့လိုက်တာ
 နောက်တစ်နေ့ ညနေ(၄)နာရီ ကျော်လောက်မှာ စစ်တွေကို ရောက်ဖြစ်လေ
တော့ "ကားကောင်း၊ လမ်းကောင်းဆိုရင် နှစ်ဆယ့်လေးနာရီလောက်နဲ့ ရောက်
နိုင်တဲ့ခရီး " ရယ်လို့ ကြော်ငြာပေးကောင်းနေပုံများ။ ဆယ်စုနှစ်ယွန်းယွန်း
ကာလအတွင်း တစ်ကြိမ်လေးရယ်မှ တစ်ခေါက်တည်း စီးဖူးရုံမို့ တော်ပါသေး
ရဲ့နော။ ဟိုက်ဝေးမစီးဖူးပေမယ့် သည်လမ်းရဲ့ ခရီးတိုဆစ်ပိုင်းကလေးတွေ
ကိုဖြင့် သွားဖြစ်သလားမမေးနဲ့။ ချိုင့်တွေ၊ ဗွက် တွေ၊ ဖုံတထောင်းထောင်းတွေ
နဲ့သာမက လမ်းဘေးဝဲယာနှစ်ဘက်က သည်တော၊ သည်တောင်၊ သည်လယ်
သဘာဝ များစွာနဲ့ မိမိကျွမ်းဝင်ခဲ့ပါတယ်။ ရက်သာခြားပြီး လမခြားပါဘဲ ကားစီး
သွားနေရတာများလေ။ နွေမိုးဆောင်း သုံးရာသီ အလီလီပြောင်းနေတဲ့ကြားမှာ
မိမိဟာ ခရီးသွားလာနေလျှက်ပါပဲ။

စစ်တွေ-ပုဏ္ဏားကျွန်း၊ ကျောက်တော်ခရီး နေ့ချင်းပြန်မို့ထားပါတော့။ မြောက်ဦးက
ရုံးဆင်းချိန်မှာ ဟိုက်ဝေး ကားကြုံတစ်စီးတွေ့လို့ကတော့ ပြန်ပါပြီမိမိသိုက်မြုံဆီ။
အစောဆုံး ည(၈)နာရီ၊ အကြာဆုံး ညဆယ့်တစ်နာရီမှာ ပြန်ရောက်တတ်ပါတယ်။
ကိုယ့်အိပ်ရာမှာ ဒုန်းဒုန်းချအိပ်စက်နိုင်ခွင့်၊ နောက်တစ်နေ့ ရုံးချိန်မတိုင်မီ မနက်ခင်း
ကို ပိုင်ဆိုင်ခွင့်ရတဲ့အရသာမျိုး ကြုံဖူးမှယုံပေလိမ့်။

တစ်ပတ်မှာ ခုနစ်ရက်လုံးလုံး လုပ်ငန်းခွင်အတွက်ရော အခြားထွေလီကေလာ ဗလိ
ဗောဓ၊ ဝီစိကိစ္ဆာဧကရီလို့ ကင်ပွန်းတပ်ခံရသူအဖို့ အချိန်ပိုထွက်အောင် ချုံ့ချဲ့ရတဲ့
ပြဿနာ၊ အချိန်သုံးစွဲတတ်မှုဟာ ဆုလာဘ်တစ်ပါးပါ။

မိမိတို့စစ်တွေနဲ့ မြေပုံမြို့ဟာ အသွားသင်္ဘောလွယ်သလောက် အပြန်ခရီးကြပ်၊
 ခရီးရှည်ဖြစ်တတ်ပါတယ်။ ရှည်ကြပ်ရတဲ့ဒုက္ခကို ကျော်လွှားနိုင်ဖို့ရာ ရုံးဆင်းချိန်
နောက်ပိုင်းမှာ ထွက်တတ်တဲ့ ကြာအင်းတောင် ကုတို့မော်တော် လေးကိုစီး၊
 ရှောက်ခုံရွာဆိပ်မှာကပ်။ ရွာပြင်လမ်းကိုပတ်လို့ လယ်ကွင်းတွေကိုဖြတ် ကြာအင်း
တောင်ရွာ လမ်းမကြီး ကတစ်ဆင့် ရန်ကုန်-စစ်တွေဟိုက်ဝေးလမ်းကို တိုက်ရိုက်
ရောက်ပါတယ်။ မီတဲ့ကြုံရာကား စီးလို့ကတော့ မင်းပြားမြို့မှာ အလုပ်ရှိရင် ညဥ့်နှစ်
နာရီကျော်မှာ တည်းခိုနိုင်အောင်လာကြိုတဲ့ ဆိုက္ကားဆရာများအားကိုးနဲ့ အိုကေပါသေး
ရဲ့။ စစ်တွေထိ ခရီးဆက်ဖြစ်ရင်တော့ နောက်တစ်နေ့ မနက်ပိုင်းမှာကို အိမ်ပြန်
ရောက်ပါရော။ မြေကြောချုံ့၊ အချိန်ချုံ့ စနစ်ရဲ့ ရလာဘ် ကောင်းလေ။ 'မပင်ပန်းလွန်း
ဘူးလား' ဆိုတဲ့စကား မေးမြန်းပြောဆိုခြင်း သည်းခံပါလို့ အငေါ်တူးထားတာလေး
တော့ အဆစ်ပါရတယ်မှတ်ပါ။

မိမိသွားဖြစ်နေသမျှလမ်းမှာ စစ်တွေမြို့ကအွက် ဆယ်မိုင်သာသာကတော့ အမြဲတမ်း
ဖြောင့်ဖြူးသာယာ ရှိတတ်ပါတယ်။ သည့်ထက်လွန်ရင်တော့ သင်္ခါရဓမ္မနယ်ကို မျက်ဝါးထင်ထင် မြင်ရပြီပေါ့။ ပြုပြင်ပြီးခါစမို့ ကောင်းခိုက်မှ ငြိမ့်ငြိမ့်လေးစီးရတာမျိုးရှိ
သလို လမ်းပျက်လို့ ကားမထွက်၊ ခရီးစဉ်ဖျက်ရတယ် လို့တော့ ရှားလှပါဘိတောင်း။ လမ်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုရာခရီးအပြီးရောက်အောင်သွား
 နေကြသည်ချည်းပါပဲ။ မိမိတို့ရဲ့ဒရိုင်ဘာ၊ စပါယ်ယာများအစွမ်း အံ့မခန်းဖွယ်ရာများ ဂရင်းနစ်စံချိန်ဝင်နိုင်လောက်ရဲ့။ တံတား အဆင်း၊ အတက်၊ လမ်းပျက်ပိုင်းတွေရဲ့
ဗွက်အိုင်ထဲက ရုန်းကြွလာတဲ့ကား၊ မုန်ယိုနေတဲ့ အာဠာဝကဆင်ကြီးအလား သဏ္ဍာန်ညီပုံ ပေါက်နေတာကလား။ ဒူးဆစ်ထိနစ်တဲ့ ရေလွှမ်းလမ်းပေါ်မှာ ဂျမ်းတုံး
တွေအားကိုးနဲ့ အိစ်(ပ်)ရက်ကားရဲ့ အိစ်(ပ်)ရက်စပါယ်ယာ လေးတွေရယ်လေ..
. ဒရိုင်ဘာကို လမ်းကြောင်းပြ ကွပ်ကဲညွှန်ကြားနေပုံများ အဘယ်မည်သော
တက္ကသိုလ်တွေက ဆည်းပူးထားခဲ့ကြတာပါလိမ့်။ 'အမေလေး၊ အဘလေး' ဘုရား
တသံတွေ ထိတ်လန့်အော်ကြွေးသံစီစီညံ နောက်ခံဂီတတွေကြားက ဒရိုင်ဘာ တွေရဲ့ မဟာ့မဟာကျွမ်းကျင်ပိုင်နိုင်မှုတွေ။ မောင်မင်းကြီးသားများ သက်တော်ရာကျော်ရှည်
စေကြောင်း မေတ္တာ ရည်လောင်းမပျက် ခရီးဆက်ကြပေါ့။ တောင်ပေါ်လမ်းတွေက
မဆိုစလောက် မတော်တဆမှုတွေကတော့ ခြွင်းချက်ပါ။

တစ်ခါတလေ ပျော်ဖွယ်လို့ပင် တင်စားနိုင်ပါရဲ့။ မီးရထားလမ်းဖောက်နေတုန်း ကား
လမ်းတွေ အကြီးအကျယ် ရေပြည့်ရေလျှံဖြစ်နေတဲ့ ကာလမှာပေါ့။ ရေစိုမခံတဲ့ စက်
ကိရိယာတွေကို ဖြုတ်၊ ချွတ်ပြီးမှ ခရီးဆက်ကြတာ။ ဝဲယာရွာ တွေတစ်လျှောက်က
ကလေးတွေ ကားရေလှိုင်းစီးနေကြ။ ခါးလယ်ထိနစ်တဲ့ရေထဲမှာ တဗွမ်းဗွမ်း လမ်း
သလားမပျက် ကြသူတွေကို မြင်ယောင်ကြည့်ပါလား။ မိမိတို့လူမျိုးတွေဟာ ဒုက္ခကို
ပန်းလိုပန်ပြီး ရွှင်လန်းတက်ကြွဖို့ ဝန်လေးတတ် သူတွေမှမဟုတ်တာ။

တန်ဆောင်တိုင်ကာလပါလားဆိုတဲ့အသိ မေ့ပျောက်သွားစေတဲ့ အခါမဲ့မိုးကြောင့် ကမ်းနီရွာအလွန် တောတန်း ကြီးတွေကြားမှာ ဟိုဘက်သည်ဘက် ကားဆယ်စီး
လောက် ရပ်နေရပါလေရော။ နွံနစ်ကားရုန်းမရလို့ အခက်တွေ့ ကြရတဲ့ ခရီးတွေပေါ့။
 အဖော်ကောင်းရင် ငရဲတောင်လိုက်တယ်ဆိုတာ ဒါမျိုးခပ်ဆင်ဆင် နေမှာပါ။ တညီးညီး
တညူညူ လုပ်သူတို့ ရှားပါ့။ ရိုးမတောင်စွယ်ဖျား ဆောင်းဦးညဥ့်လယ်ရဲ့ ချမ်းအေးဒဏ်ကာကွယ်ဖို့ တောထင်း၊ တောင်ထင်းခြောက်တွေ ဆင်းရှာသူ၊ ဂတ်(စ်)မီးခြစ်ငှားသူတွေကိုကြည့်ရတာ ပျော်ပွဲစားမီးပုံပွဲလုပ်မယ့်အတိုင်း ပေါ့ပေါ့
ပါးပါး သက်သက်သာသာ ရှိနေလိုက်ပုံများပြောပါတယ်။

ရွှေရှာ၊ ကျောက်တူး လောပန်းလောင်း အိပ်မက်ပျက်ထဲကလန့်နိုးလာတဲ့ ကချင်ပြန်များစွာရဲ့ ကြောင်စီစီမျက်လုံး သေများဟာ နှုတ်ကျက်ရထားတဲ့ ကဗျာတစ်
ပုဒ်လို ရိုးရှင်းနေကြပါတယ်။ ကုန်အိတ်တွေကို ဗဏ္ဍုကမ္ဗလာအမှတ်နဲ့ ငြိမ့်နေတဲ့
သူတွေက တုတ်တုတ်မျှမလှုပ်။ ဒုက္ခဆိုချိုနဲ့လား၊ ဒါလားဟေ့ လောကဓံ၊ ဘာကြွေးကြော်
သံမှ ထွက်ကျမလာဘဲ ကြားယောင်ဖြစ်ပါရဲ့။ မိမိတို့ဟာ အဖုအထစ်အဟန့်အတားများ
စွာနဲ့ အလွန်ယဉ်ပါးပြီးသားတွေ ဖြစ်နေကြပေသကိုး။

သတ္တဝါတစ်ခု၊ ကံတစ်ခုတဲ့။ တစ်ဦးတည်းစီးလာတဲ့ကားမှမဟုတ်ဘူးလေ။ ကံများ
စွာရှိမှာ သေချာတာပေါ့။ ဟိုဆွဲ သည်ငင်၊ ဟိုတိမ်း-သည်ယိမ်းနဲ့ ကားသမားတွေရဲ့ စုပေါင်းစွမ်းအားရလာဒ်ကောင်း။ မီးရောင်တွေ တဝင်းဝင်း၊ ဟွန်းတီးသံ ပီပီပွန်ပွန်နဲ့
သက်မ သက်ပြင်းများစွာကို ဖြတ်ကျော်မောင်းနှင်ရင်း ခရီးဆက်နိုင်ကြပါတယ်။

dscf72271
စကားမစပ် ဝန်ခံစရာများရှိပါသေးရဲ့။ ပီကောက်တံတား ရထားလမ်းနဲ့ ကားလမ်းဆုံရာ
အဆင်းအတက် လမ်းပျက်ရက်ရှည်ကာလတွေမှာပေါ့။ "စိတ်ဆင်းရဲမခံချင်လို့" ဆိုတဲ့
ဆင်ခြေလေးနဲ့ ကားပေါ်ကဆင်းကျန်ရစ်၊ ရထား လမ်းမြင့်ပေါ်က ခြေကျင်လျှောက်ရင်း ဗွက်တောကိုဖြတ်မောင်း ရုန်းကန်နေတဲ့ကားကိퟷ:uOYCwုံလေ။ ဗီဒီယို မှတ်တမ်း
တင်ပြီး တရားစခန်းတွေမှာ သံဝေဂယူစရာ ပြသဖို့ကောင်းနေလေမလားနော်။

ကြောက်တယ်ဆိုတာလည်းစိတ်၊ ကြောက်တယ်လို့သိနေတာလည်းစိတ်၊ ရှေ့စိတ်ကို
 နောက်စိတ်နဲ့ ရှုဖြစ်ပုံများ။ မိမိကိုယ်ကို မိမိဟားစရာတွေဖြစ်လို့။ ဒါပေမယ့် ခရီးသည်
တင် မိမိတို့စီးလာတဲ့ ဗွက်တောထဲက အမြန်ယာဉ်ကားကြီးကို ထော်လာဂျီလေးက
လွတ်မြောက်အောင် လုပ်နိုင်ပုံကိုမြင်ရခိုက်မှာတော့ မိမိမဟားဖြစ်တော့ပါ။

ဖုံတထောင်းထောင်းတစ်မျိုးပြောင်း ဗွက်တော၊ ဗွက်တောတဖြစ်လည်း ဖုံတထောင်း
ထောင်းရယ်လို့ စာချိုးချင် လှပါဘိတယ်။ မိုးဦးကျခါစနဲ့ ဆောင်ဦးကာလရက်တိုလေး
တွေမှအပ ကျန်ရာသီကာလနေ့ရက်တွေများမှာ ဖုံနဲ့ဗွက်ဟာ ဟာမိုနီကျလွန်းလှပါ
တယ်။

မိမိတို့စီးနေတဲ့ကားတွေဟာ အဲယားလည်းမကွန်းနိုင်ဘူးဆိုတော့ကာ... ပြတင်းဖွင့်စီး
ကြရတာပါပဲ။ သည်းသည်း မည်းမည်းကြီးရွာနေတဲ့ မိုးပက်ခံရင်း၊ ရိုးတွင်းခြင်ဆီစိမ့်
အောင် တုန်ချမ်းနေရတဲ့ကြားထဲ မူးဝေအော့အန်တတ်သူများအတွက် ကားပြတင်း
ဖွင့်ပေးထားရပါတယ်။

တံခါးပိတ်စီးရင်း ဖုံသက်သာမယ်လို့ ကားစီးသက်ဝါနုတွေ အတွေးချော်တတ်ပါတယ်။
 ပိုက်စိပ်တိုက် ပစ်မှတ်ရှာ အကြားမလပ်ဝင်လာတတ်တဲ့ ဖုံလုံးကြီးထုကိုကာကွယ်ဖို့ရာ
 ပြတင်းဖွင့်စီးတာ အကောင်းဆုံးပါ။ ဝင်ပြီးထွက်ပေါ့။

သည်လိုအချိန်မျိုးမှာ မိမိဟာ ရခိုင်သူစစ်စစ်ရေမရောဘဝကနေ စုတေ့ကျပြီးသကာလ
ဘယ်လူမျိုးရယ်လို့ မခန့်မှန်းနိုင်အောင် ဖြစ်သွားတတ်ပါတယ်။ မာဖလာပုဝါပါးလေးနဲ့ ကိုယ်အထက်ပိုင်းတစ်ခုလုံးကို လွှမ်းခြုံဖုံးအုပ်ကာ စီးတတ်လို့ပါ။ မိမိနဲ့အတူပါလာတဲ့
လက်ကိုင်အိတ်၊ လက်ဆွဲအိတ်ခမျာလေးတွေရယ်လေ... ကိုယ့်ကိုသာ တသသ လုပ်
နေပြီး သားသမီးတွေကို ပစ်စလက်ခတ် မွေးမြူထားတတ်တဲ့ သားသည်မအေဆိုးရဲ့ ကလေးတွေအတိုင်းပါပဲ။ ညစ်ပတ်ပေရေ ဖုံအလူးလူးနဲ့ ကောက်ယူပွေ့ပိုက်ချင်စရာ
မကောင်းလှအောင် အကျည်းတန်သိမ်ငယ်လို့ပေါ့။

တစ်စီးနောက်က တစ်စီးလိုက်မောင်းရတဲ့နေ့တွေမှာ ဆိုင်ကယ်၊ ထော်လာဂျီနဲ့ ကားမျိုးစုံအဖြတ်များတဲ့ နေ့တွေမှာ "လှည်းလမ်းကြောင်းတစ်လျှောက် ဖုံလုံးကြီးတွေ တရိပ်ရိပ်တက်တာ မြင်ယောင်သေးတော့တယ်" သီချင်းကို ယောင်တောင်ပေါင်တောင်
ညည်းမိရင်း ခရီးသွားဝါရမိတ္တု၊ ပြဿဒါးနေ့များ ဖြစ်ရတာပါပဲ။

သည်လိုဒုက္ခဆင်းရဲတွေဟာ ကန်စောက်တောင်ပေါ်ရိုးက မွှေးမြလတ်ဆတ်တဲ့လေ၊
အပေါက်ဝရွာအလွန်မှာ ဘွားခနဲ့ပေါ်လာတတ်တဲ့ မိမိတို့ကစ္ဆပမြစ်ညာရဲ့ စိမ်းမြ
ညို့မှောင်နေတဲ့ ရေပြင်ကျယ်ကို ဖြတ်တိုက်လာခဲ့တဲ့ ချိုမြသန့်ရှင်းလှစွာသော လေညင်း
ငွေ့ငွေ့တွေနဲ့တွေ့ရတော့ အတော်အသင့်ပြေလျော့စေခဲ့တာပါ။ တံတားကြီးငယ်တွေ
ဖတ်ရချိန် ရှုရှိုက်ခွင့်ရတဲ့လေများဟာ မိမိတို့ရဲ့ ဗီတာမင်အသက်ဆက် ကျေးဇူးတော်
ရှင်များပေါ့။

ပင်လယ်ဝကနေ ကစ္ဆပ၊ အဉ္ဖနမြစ်များကို အစုန်အဆန်ကားလမ်းခရီး မိုင်ထောင်သောင်း
 ရှိပါရော့မယ်။ မိမိတို့လို ခရီးသွားနေရသူတွေဟာ တောကြည့်တောင်ကြည့် ဝဲယာ
လယ်ကွင်းပြင်ကျယ်တွေရဲ့ ဥတုသုံးလီနဲ့အညီ ပြောင်းလဲခြင်း သဘာဝတွေနဲ့ အပန်း
ဖြေကြရတာပါပဲ။ ဘယ်လိုပဲကြည့်ကြည့် ဘယ်နှစ်ကြိမ်တိုင်တိုင် ရိုးအီတယ်လို့ကို မိမိ
မခံစားရပါဘူး။ သဘာဝတရားရဲ့ ဂမ္ဘီရဆန်မှုတွေကို ဦးညွတ်ချင်စရာပါ။

တဒုန်းဒုန်းတဒိုင်းဒိုင်း၊ တဂျိုင်းဂျိုင်းတလိမ့်လိမ့် တုန်ခါဟစ်ကြွေးမောင်းနှင်နေတဲ့
ကားထဲမှာ ကိုယ်ကိုထားပစ်ခဲ့၊ စိတ်တောင်ပံလွှင့်ထားရာမှာ သည်တောတောင်၊ လယ်မြေသဘာဝတရားတွေသာ ပါမလာနိုင်ရင် မိမိတို့ ကိုယ်စိတ်နှလုံး ပျက်ပြုန်း
သွားကုန်ကြတာကြာလှပေါ့။ မိမိတောတောင်များရဲ့ အတွင်းကလီစာကျန်းမာရေး
ကိုတော့ အနီးကပ်မစေ့ငုဖြစ်ပေမယ့် ဝတ်ရုံစိမ်းထည်လဲနဲ့ အိနြေ္ဒလုံခြုံဆဲမို့ စိတ်
သက်သာ8ϯYGK။

မိမိအနှစ်သက်ဆုံး ခရီးသွားနေ့ရက်များကို လက်ဆောင်ပါးချင်ပါရဲ့။ ရက်ဆက်
ရက်ရှည် သည်းထန်တတ်တဲ့ ရခိုင်မိုးကြီးရွာပြီးစမှာပေါ့။ သည်လမ်းဟာ ပင်လယ်ကိုဖြတ်ဖောက်ထားသလားထင်ရပါတယ်။ ဝဲယာတစ်ဘက်တစ်ချက် စီမှာ တဲတစ်ကုပ်၊ နွားတစ်အုပ်လောက် ရှားရှားပါးပါးတွေ့မြင်ရတာကလွဲလို့ ရေပင်လယ်
ဘောင်ဘင်ဝေနေတာများလေ။ လမ်းရယ်၊ ကားရယ် အရမ်းကို စိတ်ကူးယဉ်
စရာကောင်းလွန်းနေတတ်ပါတယ်။ ခေတ်မီပင်လယ်ဖြတ် ကားလမ်းမကြီးထက်က
 ဖြတ်မောင်းသွားနေရသလိုမျိုးပေါ့။ ရေအောက်မြေအောက်လမ်းတွေကို မမြင်ဖူး
သူအဖို့ ရှိတာလေးနဲ့ ယဉ်ရတာကိုးနော်။ လက်တွေ့ဆိုတာ စိတ်ကူးကအစ တည်
တတ်တာကို မငြင်းဘူးမလား။

အကျင့်ပါလွန်းနေတဲ့ စိုးရိမ်သောက ဝင်မနှောင့်ခင်အထိ ငြိမ်းအေးချမ်းမြေ့မှု
ခံစားကောင်းနေခဲ့တာလေ။ မိုးရွာမှပျိုးသာဆိုပေမယ့် မိုးများတော့ ပျိုးပါသွားမလား
ဆိုတဲ့ အတွေးဝင်လာတာနဲ့ ပျက်စီးသွားပါလေရော။

ဟို... အဝေးက တောစဉ်တောင်လှိုင်းတွေကြားဆီ အကြည့်ရော အတွေးကိုပါ
လှမ်းပို့ပစ်ရတတ်ပါတယ်။ အာပါးပါး... လှပလွန်းတဲ့ မိုးကောင်းကင်နှစ်ခု ဖြစ်ထွန်းနေ
ပါရော့လား။ "တောင်ခိုးနှင့်တိမ် ရောယှက်လိမ်လျက်၊ တိမ်နှင့်တောင်ခိုး၊ တောင်ကို
မိုးသော်" ဆရာဇော်ဂျီရဲ့ကဗျာ၊ မိမိတို့မူလတန်း မြန်မာဖတ်စာအုပ်ထဲက ကဗျာ။
စာတွေ့ မျက်တွေ့ သဘာဝဆေးရေးပန်းချီတွေ အံ့ဘနန်း ကြုံဖူးချိန်ရသများ မိုးလုံးမောက်လျှံလို့။ ရေတံခွန်လေးငါးခု လောက်ကိုလည်း မိမိရဲ့ မိုးတွင်းခရီးစဉ်
များမှာ ရှားရှားပါးပါး တွေ့မြင်ဖူးတာမို့ တစိမ့်စိမ့်ပီတိ ဖြာဝေနေတတ်ပါရဲ့။

ဝါမွဲခြောက်သယောင်းထနေတဲ့ ရိုးပြတ်တောများ၊ ထွန်ရေးငင်ချိန် လူနှင့်နွားနှင့်
အတူ ရုန်းနေကြတဲ့မြင်ကွင်းတွေ။ လယ်ထွန်စက်နဲ့ လယ်ထွန်နေတဲ့လယ်ကွင်း လက်တစ်ဘက်စာတောင်မပြည့်တတ်။ ပျိုးပင်ငုတ်စိ မပေါ့တပေါ် လေးတွေ။
 မြစိမ်းကတ္တီပါမွမွရွရွလှိုင်းအိထနေသလို လက်တဖောင်စာ ပျိုးပင်လေးတွေရဲ့
 နွဲ့ယိမ်းအလှတွေ။ ဖူးတံမချီခင်ကတည်းကကို ကောက်သင်းနံ့မွှေးတွေ ကား
လမ်းတစ်လျှောက် လိုက်ပါသင်းပျံ့ကြ။

ရွှေသီးရွှေခဲ ပြွပ်သိပ်ခိုတွဲနေတဲ့ စပါးခင်းတပြန့်တပြောကြီး။ စာကလေး၊ ငွေဗျိုင်းဖြူ၊
 ရွှေကျီးညိုတို့ အုပ်ဖွဲ့။ မိမိရဲ့ သည်လယ်ကွင်းတွေ ရိတ်သိမ်းချိန် ဘယ်နှစ်ကြိမ်မြောက်
ခဲ့ကြပါပြီလဲ။ လောကြ78O_wရိတ်သိမ်းဖို့ရာ ဘယ်အချိန်လဲ။ အတွေးတွေ
မောင်းနှင်ရာ လိုက်ပါမိခဲ့ပေါ့။

ကားစီးတိုင်း ခံစားထားရသမျှ ဒုက္ခပေါင်းစုံကို မိမိဘဝမှာ ဘယ်အရာ
တွေနဲ့များ ချေဖျက်ထားဖြစ်ခဲ့ပါလိမ့်။ ပြန်ချိန်တန်ပြန်ကြရတဲ့ဘဝခရီးမှာ မသွားချင်
ဘဲသွားခဲ့ရ၊ သွားနေရတဲ့ခရီးတွေရဲ့ကန့်သတ်မျဉ်း ရှာတွေ့နိုင်ခဲ့ပါ့မလား။
လှချင်တိုင်းလှပြနေကြတဲ့ သဘာဝတရားတွေကြားက သည်လမ်းရဲ့ပျက်ပျက်နိုင်
လွန်းတဲ့ အနေအထားတွေအတွက် မစီမဆိုင် 'သစ္စာဖြင့် လေးနက်ကြသူများ'
အက်ဆေးခေါင်းစဉ်ပိုင်ရှင် ဆရာနောင်အေး စိတ်ဆိုးရင်လည်း တောင်းပန်ရုံပါပဲ။
အဲဒီခေါင်းစဉ်စာသားကို ခဏခဏရွတ်ဆိုလိုစိတ် ပေါ်ပေါက်နေတတ်လို့ပါ။
မိမိတို့ဟာ ရှေ့မှာကောင်းဖို့ကိုသာ မျှော်လင့်ချက်ကြီးစွာ စောင့်စားသည်းခံတတ်တဲ့
အလေ့အကျင့် အထုံပါရမီ ရင့်တန်သလောက် ရင့်နေကြပြီးဖြစ်ပါတယ်။ နွေတုန်းက
 လမ်းမြေညှိ၊ လမ်းချဲ့ထွင်ခြင်း အသည်းအသန်လုပ်ကြတာ မြင်ရုံနဲ့ မိုးတွင်းမှာ
လမ်းသစ်လမ်းကောင်းဖြစ်ဖို့ ရင်ခုန်ထားကြပါပြီ။ မျှော်လင့်ချက်အတိုင်း ဖြစ်မ
လာပြန် တော့လည်း အော်... မပြီးစီးလိုက်လို့နေမှာပါနဲ့ ဗွက်ဖြစ်သွားတဲ့လမ်းမ
အတိုင်း ခရီးဆက်မပျက်၊ ဂိတ်တိုင်းအဆင်း မပျက်ခဲ့ကြသူတွေ ရယ်လေ။

သတင်းရင်းမြစ်  arakantimes             
နာတာရှည် ရင်ကြပ်ရောဂါ၊ အကြောကပ်၊ ညှပ်၊ အရိုးအက် စသဖြင့် ကိုးဆယ့်ခြောက်ပါး ဝေဒနာနှစ်ထပ်ကွမ်းရယ်လို့ မိမိအမေရဲ့ ထောပနာပြုမှုတွေကြားမှာ နေ့စဉ်သုံး စားဆေး၊ လိမ်းဆေး၊ ရှုဆေး၊ ငုံဆေးများစွာ မှီဝဲရင်း သည်ဟိုက်ဝေးလမ်းနဲ့ နှစ်ပေါင်းလေးဆယ်ကျော် ရင်းနှီးကျွမ်းဝင်နေလာလိုက်တာများလေ မိမိသာ ယောက်ျားသားဖြစ်လို့ကတော့ အလောင်းစည်သူမင်းကြီးလို လက်ပန်းပေါက်တွေတောင် ခတ်မိနေမလားမသိ...။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ