Monday, September 3, 2012

မန္တလေး လေးမြို့ နယ်၌ ပြုလုပ်မည့် ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုမိန့်များ ရုပ်သိမ်းခံရ

 
  စက်တင်္ဘလ ၂ ရက်နေ့ က ရခိုင် အရေးနှင့် ရိုဟင်ဂျာ ပြဿနာအတွက်
 နိုင်ငံတော် သမ္မတကြီး၏ ရပ်တည်ချက်ကို ထောက်ခံသည့် အနေဖြင့် 
မန္တလေးမြို့ တွင် ဆရာတော်ဝီရသူဦးဆောင်သော သံဃာတော်များနှင့်
 မန္တလေး မြို့ခံများ ဆန္ဒဖော်ထုတ်ခဲ့စဉ်

စက်တင်ဘာလ ( ၃) ရက်နှင့် ( ၄ ) ရက်နေ့များတွင် မန္တလေး မြို့ နယ်လေးခုတွင် 

 ပြုလုပ်မည့် နိုင်ငံတော် သမ္မတကြီးအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲများကို 

သက်ဆိုင်ရာ မြို့ နယ် ရဲတပ်ဖွဲ့မှူး ရုံးများက လုံခြုံရေး အကြောင်းပြချက်ဖြင့် ခွင့်ပြု
မိန့်များကို ပြန်လည် ရုတ်သိမ်းခဲ့ကြောင်း မန္တလေးမြို့ ခံ The Voice Weekly သတင်း
ထောက်က သတင်းပေးပို့သည်။

ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ရန် ခွင့်ပြုမိန့်တောင်းခံထားသည့် လူအင်အားမှာ 
တစ်ရာကျော်ခန့်သာ ရှိသော်လည်း လမ်းဘေးဝဲယာ တစ်လျှောက်တွင် လိုက်
ပါကြသည့် ပရိတ်သတ်များမှာ ခွင့်ပြုအင်အား စာရင်းထက် အဆမတန် များပြား
နေကြောင်း၊ ယင်းကဲ့သို့ လမ်းဘေးဝဲယာမှ မသက်ဆိုင်သူများ လိုက်ပါခြင်း မရှိမှ
သာ ခွင့်ပြုမည်ဟု သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့မှူးများက အသိပေးပြောကြား
ထားသည်ဟု အရှင် ဝီရသူက မိန့်ကြားသည်။

ရိုဟင်ဂျာ အရေးနှင့်ပတ်သတ်၍ နိုင်ငံတော် သမ္မတကြီး၏ ရပ်တည်ချက်ကို ထောက်
ခံသည့် အနေဖြင့် ပြည်ကြီးတံခွန်မြို့ နယ်၊ ချမ်းအေးသာဇံ မြို့ နယ်၊ ချမ်းမြသာစည်
မြို့ နယ်၊ အမရပူရမြို့ နယ် များတွင် ဆန္ဒဖော်ထုတ်ပွဲများကို စက်တင်ဘာလ ၂ ရက်
နေ့မှ ၄ ရက်နေ့အထိ တိုင်အောင် ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က မန္တလေး မဟာအောင်မြေ မြို့ နယ် ( ၃၅ ) လမ်း တစ်လျှောက်တွင် ပြုလုပ်
ခဲ့သော အရှင် ဝီရသူ ဦးဆောင်သော ဆန္ဒဖော်ထုတ်ပွဲတွင် သံဃာတော် အင်အား 
ငါးထောင်ခန့်နှင့် မန္တလေးမြို့ ခံ ငါးထောင်ခန့် လိုက်ပါခဲ့ကြောင်း မန္တလေးမြို့ ခံများထံက
 သိရသည်။
 
သတင်းရင်းမြစ်    The Voice Weekly    

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ