
ဧရာဝတီ မြစ်ကမ်းပါး တစ်လျှောက် ကမ်းပြို မှုများကြောင့် ပခုက္ကူမြို့နယ်ရှိ ဆိက္ခဝ
အုပ်စု အနောက်ဘက်ရှိ လူနေအိမ် အချို့အား စက်တင်ဘာ ၂၁ ရက်နေ့ နောက်ပိုင်းမှ
စ၍ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီမှ စတင်ကာ ဧရာဝတီမြစ်ကမ်းပါး တစ်လျှောက် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းကျေးရွာအုပ်စု အနောက်ဘက် အောင်မြေတော
ထဲတိုက်တွင် ရှိသော လူနေအိမ် ၆ လုံး အိမ်ထောင်စု ၆ စု ကိုမြစ်ကမ်းပါးမှ ပေ ၂၀ ခန့်ဝေးသော နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ၄င်းတို့ထံမှ သိရသည်။
သတင်းရင်းမြစ်း The Voice Weekly
No comments:
Post a Comment