မန္တလေးမြို့တော်အား ရေစီးရေလာကောင်းမွန်ရန်နှင့် ရေတင်ကျန်မှုများ
မဖြစ်ပေါ်စေရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ လေ့လာမှုများပြုလုပ်သွားမည်
ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် လမ်းတံတားဌာနမှုးဒေါ်ခင်မင်းဌေးက
ဆိုသည်။
ထိုကဲ့သို့
ပြုပြင်မှုများ ၊ ရေမြောင်းများ ထပ်မံတူးဖေါ်မှုများပြုလုပ်ရန်အတွက်
ခန့်မှန်းကုန်ကျငွေမှာ မြန်မာ ကျပ်ငွေ (၂)ဘီလျှံခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

‘’ရေဆိုးထုတ်စက်ရုံတွေ
ထပ်ဆောက်ဖို့ရှိပါတယ်။ မန္တလေးမြို့အနေအထားကိုက ပင်လယ်ပြင်အောက် ရောက်နေတာ ၊
မြစ်ရေလျှံ လာရင် မြို့ထဲကို ရေ၀င်တာတို့ရှိ
တယ် ၊ နောက်ပြီး ရှမ်းကုန်းမြေမြင့်က ရေကလည်းဒီဖက်ကိုပဲ ဆင်းလာတာတွေ
ရှိတယ် ´´ ဟု လမ်းတံတားဌာနမှုး ဒေါ်ခင်မင်78W=__o Kw။

မန္တလေးမြို့တွင်
စက်တင်ဘာ(၄)ရက်က မိုးရွာသွန်းမှုသည် (၄.၁)လက်မထိရွာ
သွန်းခဲ့ပြီး မြို့အနှံ့ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့တွင်းတွင် သွားလာနေသည့် ယာဉ်
များပျက်ခြင်း ၊ ယာဉ်ကြောများ ပိတ်ဆို့ခြင်း မှာ (၃)နာရီ နီးပါး ခန့်ကြာမြင့်ခဲ့သည်။

“ရေလျှံတာတွေက
တစ်ချို့နေရာတွေမှာ ပေါင်ထိရောက်တယ် ၊ မန္တလေးမှာ သွား
လာဖို့ အတွက်က ဆိုင်ကယ်ကိုပဲ အားထားကြတော့ အဲဒီလောက်ရေလျှံလာတော့
ဆိုင်ကယ်ထဲ ရေ၀င်ပြီး အကုန်ထိုးရပ်ကုန်ရော ၊ တစ်ချို့ကားတွေပါ ပျက်ကုန်တဲ့
အထိ ဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်လာတယ် ‘’ဟု ရုံးဝန်ထမ်းတစ်ဦး က ပြော
သည်။

မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်
အမန္တလေးမြို့တော်အား အမှိုက်
ကင်းစင်အောင် ဆောင်ရွက် ယုံသာမကပဲ ရေစီးရေလာ ကောင်းမွန် ရေးအတွက်ပါ
ဆောင်ရွက်လျှက်ရှိကြောင်း ကိုလည်း သိရှိရသည်။

သတင်းရင်းမြစ်း Shwe Myitmakha Media Group
No comments:
Post a Comment