
စက်တင်ဘာ(၂၁)ရက်နေ့ နံနက် ၅ နာရီခန့်က ရန်ကုန်မြို့ ဒဂုံစင်တာရှေ့တွင်
ကချင်ငြိမ်းချမ်းရေးကွန်ရက်နှင့် လူမှုအဖွဲ့အစည်းအချို့ ပြည်တွင်းစစ်ရပ်စဲရေး
အတွက် ငြိမ်းချမ်းစွာဆုဆောင်းနေကြစဉ်


ရဲများလာရောက်တာားဆီး


ဒဂုံစင်တာရှေ့တွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေကြသူများအား လူစုခွဲကြရန်
ရဲတပ်ဖွဲ့ဝင်များက လာရောက်ပြောဆိုနေစဉ်
ပြည်သူ့ရင်ပြင်ရှေ့သို့ဆက်လက်ထွက်ခွာ


ငြိမ်းချမ်းရေးဆုတောင်းကြသူများ ဒဂုံစင်တာရှေ့မှ ပြည်သူ့ရင်ပြင်ဆီသို့
ဆက်လက်ထွက်ခွာလာကြစဉ်
ရဲများ ထပ်မံ တာားဆီး


ပြည်သူ့ရင်ပြင်သို့ သွားရောက်ခြင်းမပြုကြရန်နှင့် တူညီဝတ်ဆင်၍ စီတန်းလှည့်လည်ခြင်းမပြုရန် မြေနီကုန်းမှတ်တိုင်အနီး ရဲတပ်ဖွဲ့ဝင်
များက ဖြောင်းဖျပြောဆိုနေကြစဉ်
မြေနီကုန်းမှတ်တိုင်တွင် ဆန္ဒဖော်ထုတ်ကြ


ရှေ့ဆက်သွား၍မရတော့သဖြင့် မြေနီကုန်းမှတ်တိုင်ရှေ့တွင်ပင် ပြည်တွင်းစစ်
ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ကြပြန်သည်။
ပြည်သူ့ရင်ပြင်ဆန္ဒဖော်ထုတ်ပွဲ





ရဲတပ်ဖွဲ့ဝင်များ ဖြောင်းဖျတားဆီးနေသည့်ကြားကပင်လျှင် ဆန္ဒဖော်ထုတ်သူ
အဖွဲ့သားအချို့သည် ပြည်သူ့ရင်ပြင်အတွင်းသို့ ရောက်ရှိခဲ့ကြပြီး ဆန္ဒဖော်ထုတ်မှု
ကိုပြုလုပ်ခဲ့ကြသည်။
မြို့တော်ခန်းမရှေ့တွင်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်



ယနေ. နံနက် ၉ နာရီ ၁၅ မိနစ် ၀န်းကျင် မှစ ပြီးဆူးလေ မြို.တော်ခန်းမ ရှေ. မှ
စတင်ကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်း ၌ ငြိမ်းချမ်းစေ
ချင်သူများက ငြိမ်းချမ်းရေး သီချင်းများကို လှည့်လည်သီဆိုကာ ပြည်တွင်းစစ်ပွဲ
များ ရပ်ဆိုင်းရေး အတွက်ကို အနုပညာဆန်စွာ ဖြင့် ဆန္ဒဖော်ထုတ်လျှက်ရှိနေ
ကြသည်။
သတင်းရင်းမြစ်း Popular Myanmar News
No comments:
Post a Comment