Sunday, September 9, 2012

(၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကို ရခိုင် ပြည်နယ် အနှံ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ


ယနေ့ စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့်  ၇၃ နှစ်မြောက် မြန်မာ
 လွှတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို

 ပြည်နယ် အစိုးရ အပါအ၀င် ရခိုင်ပြည်သူများက ရခိုင်ပြည်နယ် အနှံ့  အပြား
တွင် အထူး  စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့ စည်ကား သိုက်မြိုက်စွာ  ပြုလုပ် ကျင်းပကြခြင်းမှာ ဆရာတော်
ဦးဥတ္တမနေ့အား ပြည်နယ် အစိုးရ ကိုယ်တိုင် ဦးစီးကျင်းပပြီး တားမြစ် ကန့်
သတ်မူများ မရှိ၍ ဖြစ်ကြောင်း  သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ပြည်နယ် အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံရေး
 ပါတီများနှင့် လူမူ အဖွဲ့ပေါင်းစုံက ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု  RNDP မှ ပြော
ခွင့်ရ ပုဂ္ဂိုလ်  ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။

“ ဦးဥတ္တမ ခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့က လုပ်ပါတယ်။ ကျွန်တော်တို့ ပါတီ
ကတော့ စစ်တွေ  ဗဟို ဌာနချုပ်မှာ လုပ်ပါတယ်။ ရခိုင် တက္ကသိုလ်ကျောင်းသား
 အဖွဲ့ကလည်း  လုပ်ပါတယ်။ ရဟန်း သမဂ္ဂအဖွဲ့တွေလည်း  လုပ်ပါ တယ်။ တခြား
တခြား အဖွဲ့အစည်းတွေကလည်း ဂုဏ်ပြု ပန်းခွေတွေ လုပ်ပြီး ဦးဥတ္တမပန်းခြံကို
 ချီတက်ကြသလို ရပ်ကွက်တိုင်းရပ်ကွက်တိုင်းကလည်း နီးစပ်ရာ သံဃာတော်တွေ
ကို ဆွမ်းကပ်လှူဒါန်းကြပါတယ်”  ဟု ပြောသည်။

ပြည်နယ်အစိုးရ ကိုယ်တိုင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပ
 ပြုလုပ်ပေးခြင်း သည် ကောင်းမွန်သော လုပ်တရပ်တခု ဖြစ်ကြောင်း ဦးခိုင်ပြည်စိုး
က ပြောသည်။

“ ဒီနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို
 ပြည်နယ်အစိုးရကနေ လုပ်တဲ့အ တွက်ကြောင့် ကျွန်တော်တို့က အပြုသဘော
ဆောင် အကောင်းမြင်ဝါဒနဲ့ မြင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆိုရင် ကျွန်တော်တို့
 လျှောက်လွှာတင်ပြီးမှ လုပ်ကြရတယ်။ ဒီနှစ်မှာတော့ မြို့တိုင်း နယ်တိုင်းမှာ
 လျှောက်လွှာတင်ဖို့ မလိုဘဲနဲ့ ဆရာတော် ဦးဥတ္တမ အခမ်းအနားကို လွတ်လပ်စွာ
 လုပ်ပိုင်ခွင့်ရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ၀မ်းသာပါတယ်။”

တောင်ကုတ်မြို့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၇၃ နှစ်မြောက်
 ဆရာတော် ဦးဥတ္တမ အခမ်း အနားကို NLD ရုံးတွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိ
သည်။



ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်
 ကော်မရှင်အဖွဲ့ဝင် ဦးခင် လှက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ဆရာတော် ဦးဥတ္တမဆိုတာ ရခိုင်လူမျိုးတွေရဲ့ အမျိုးသား အကျိုး
စီးပွားကို သာမက မြန်မာ တနိုင်ငံရဲ့ အကျိုးအတွက် လွတ်လပ်ရေး ရအောင် စတင်
 ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝ
 ကနေ ပြည်သူရဲ့ လွတ်မြောက်ဖို့ အတွက် နိုင်ငံရေး အသိအမြင် နားမျက်စိဖွင့်ပေး
တဲ့ ကျေးဇူးရှင်  ဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ရဲ့ ဂုဏ်ကျေး ဇူးတွေကို ပြန်လည် တမ်းတ အောက်မေ့ပြီးတော့ ကျေးဇူးရှင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ခုလို ခမ်းနား ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါ တယ်” ဟု ဆိုသည်။

တောင်ကုတ် NLD မှ ပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော်တက်
ရောက်ပြီး တက်ရောက်လာသူများကို ထမင်းဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။
တောင်ကုတ်မြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ တောင်ကုတ်
မြို့ မြို့နယ် ဓမ္မာရုံကြီးတွင် အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် ပြည်သူများက ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသည့်အနေဖြင့်
ဆရာတော် ဦးဥတ္တမပုံ၊ သာသနာ့ အလံများနှင့် သမ္မတ ကို ထောက်ခံသည့်အနေဖြင့်
 နိုင်ငံတော် အလံများကို မော်တော်ဆိုင်ကယ်၊ ဆိုက်ကား၊ ကားများနှင့် လွင့်ထူကာ
 မြို့လုံးအနှံ့ လှည့်လည်သွားကြသလို လူငယ်များကလည်း ရခိုင်ရိုးရာ ၀တ်စုံများ
ဝတ်ဆင်ပြီး သာသနာ့အလံနှင့် နိုင်ငံတော် အလံများ ကိုင်ဆောင်ခါ နီးစပ်ရာ စေတီ
ပုထိုး၊ ဘုန်းကြီး ကျောင်းများသို့ သွားရောက်ပြီး ဆီးမီး ထွန်းပူဇော် ခဲ့ကြသည်ဟု
သိရသည်။



ယခုကဲ့သို့ လုပ်ဆောင်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကျောက်ဖြူ လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင် မြင့်စိုးက နိရဉ္စရာသို့ ပြောသည်။
“ အခုလို အာရှနေ၀န်း ဆရာတော် ဦးဥတ္တမကို ရာဇ၀င်ထဲက ပျောက်ပျက်မသွား
ရအောင်၊ ဆရာတော်ရဲ့ လုပ် ရပ်တွေ ကို နောင် မျိုးဆက်သစ်လူငယ်တွေ မေ့
ပျောက်မသွားဘဲ အစဉ်ထာဝရ ဆရာတော်ရဲ့ စိတ်ဓါတ်မျိုး မွေးမြူလာနိုင်အောင်
 ရည်ရွယ်ပြီးတော့ အခုလို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

(၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား  မြောက်ဦး၊ မင်းပြား၊
 ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံနှင့် တစ်ခြား မြို့ရွာ ကျေးလက်များတွင်လည်း ပြုလုပ်ကြသည်ဟု သိရသည်။

သတင်းရင်းမြစ်   နိရဉ္ဇရာ   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ