Sunday, September 9, 2012

တောင်တွင်းကြီးမြို့ တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကားလမ်း ၊ ရထားလမ်း တချို့ ပျက်စီး

မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့ နယ်တွင်း စက်တင်ဘာလ ၄ ရက်နေ့ မှ
 ၇ ရက်နေ့ အထိ နေ့ စဉ် မိုး ဆက်တိုက် ရွာသွန်းမှု ကြောင့် မီးရထားလမ်းနှင့် ကားလမ်း
တချို့ ရေတိုက်စားခံရပြီး ပျက်စီးခဲ့ကြောင့် Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်က
 နေပြည်တော်-အောင်လံ-ပြည် မီးရထားလမ်းပိုင်း ပရပ်ကြယ်ဘူတာနှင့် သက္ကယ်ကျင်း 
ဘူတာ အကြား မိုင်တိုင် အမှတ် ၂၃၈/၁၈/၁၉  အကြား တံတားအမှတ် ၃၂၅ တောင်ငူ
ချောင်းကူး တံတားမှာ ရေတိုက်စားမှု ကြောင့် ပျက်စီးသွားပြီ ရထားလမ်း ခေတ္တပိတ်
ထားခဲ့ ကြောင်းသိရပါတယ်။

ပျက်စီးသွားတဲ့ လမ်းပိုင်ကို မြန်မာ့မီးရထားမှ ဦးသန်းစိုး ဦးစီးပြီး လမ်းလုပ်သား ၂၁ 
 ဦးနဲ့ ပြင်ဆင်နေပါတယ်။ ရထားလမ်းပြန်လည် ကောင်းမွန်ပါက ရထားများ ပုံမှန်ပြန်လည်ထွက်ခွါ နိုင်မှာ ဖြစ်ကြောင်း လမ်းလုပ်သားတွေက ပြောပါတယ်။

အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်း က မိုးရွာသွန်းမှုကြောင့် ကြက်လျှာ
ကျေးရွာ အုပ်စု ရေပြည့်ကျေးရွာ အနီး ဆင်ပေါင်ဝဲ ရိုးမပတ်လမ်း မိုင်တိုင်အမှတ် 
၂၄၁/၁ နှင့် ၂၄၁/၂ အကြားရှိ ရေပြည့်-ရေကျော် ကားလမ်းမှာ ရေတိုက်စားမှုကြောင့်
 ပျက်စီးခဲ့ပါတယ်။

အဲဒီလမ်းကို ဖြတ်ကူးဖို့ လူနဲ့ သယ်ဆောင်ခ ဆိုင်ကယ်တဦး ကျပ်၃၀၀၀ ၊ လူတဦး
 ကျပ် ၃၀၀၀ ၊ ပီနံအိတ်တစ်လုံး ကျပ် ၃၀၀၀ အသီးသီး လုပ်အားခပေးဆောင်၍
 ရေလမ်းကို ဖြတ်ကူးနေ ကြပါတယ်။ ရေပြန်မကျသေး၍ ပျက်စီးဆုံးရှုံးမှု တန်းဖိုး
များအား မတွက်ရသေးကြေိင်း သက်ဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါအပြင် တောင်တွင်းကြီးမြို့ တောင်ပြင် ၂ ရပ်ကွက်ရှိ လူနေအိမ် ၂၀၀ နီးပါးခန့် 
မှာ အမြင့် ၂ ပေခန့် ရှိ ရေနစ်မြုပ်နေ ကြောင်းသိရပါတယ်။ ရေနစ်မြုပ်နေမှုကြောင့်
 ဖြစ်ပေါ်လာနိုင်သော ရပ်ကွက် အိမ်များတွင် ကလေးငယ်များ သွေးလွန် တုပ်ကွေး
 ရောဂါ မဖြစ်ပွားနိုင်ရန် သက်ဆိုင်ရာမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးစေ
လိုကြောင်း ဒေသခံ ရပ်ကွက်သူ ရပ်ကွက်သားများက ပြောပါတယ်။

သတင်းရင်းမြစ်    သစ်ထူးလွင်     




No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ