Thursday, September 27, 2012

မြန်မာနိုင်ငံ၏ တရား ဥပဒေ စိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်းယိုင် နေပြီး မန္တလေး မြို့တွင် ပြိုကျ သွားပြီ


  မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးမှာ   ရန်ကုန်မြို့တွင် ယိမ်းယိုင်နေပြီး မန္တလေး
 မြို့တွင် ပြိုကျသွားပြီဟုတရားဥပဒေ စိုးမိုးရေး နှင့်တည်ငြိမ် အေးချမ်းရေးကော်မတီ

မှ    ကော်မတီဝင် ဦးသန်းညွန့်မှ ရန်ကုန်တိုင်းဒေသကြီး   အရှေ့ပိုင်း ခရိုင် တရားရုံး
ရှေ့တွင် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်   တရားဥပဒေစိုးမိုးရေး နှင့်တည်ငြိမ် အေးချမ်းရေး   ကော်မတီ
မှ    ကော်မတီဝင် ၅ ဦးသည် တရားရေး အဖွဲ့ အစည်း များမှ တရား ဥပဒေနှင့် အညီ
 နေထိုင် ပြုမှု  ဆောင်ရွက်ရေး အတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း နှင့် ထိန်းညှိ  
 ကူညီခြင်း  များ ပြုလုပ်ရန် အတွက် တရားရုံး သုံးရုံးသို့ သွားရောက်စဉ် အထက်ပါ
 အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

 ''ကျွန်တော်ရဲ့ ကျန်သေးတဲ့ လွှတ်တော် သက်တမ်း သုံးနှစ်မှာ တရားရေး မဏ္ဍိုင်
ကိုပြန်ပြီး တည့် မတ်ဖို့ ကျွန်တော်ကြိုး စားမယ်။ တိုင်း ပြည်မှာ တရားတာကို မတရား
လုပ်ရင်၊ မတရား တာကို တရား အောင်လုပ် ရင် ဒီပြည် ပျက်မှာပဲ။ ဒါကျွန်တော်
 ပြောတာ မဟုတ်ပါဘူး။ တရားသူ ကြီးချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသိမ်း မောင်
 ပြောခဲ့တာ'' ဟု ဦးသိန်းညွန့် က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ ပိုင်း ခရိုင် တရားရုံး သို့ တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ လွှတ်တော် ကိုယ်စား လှယ်များ ရောက်ရှိ ချိန်
တွင် ပြည်သူ့ အချို့က လည်း တရားရေး နှင့် ဥပဒေ ရေးဘက်မှ ဝန်ထမ်းအချို့
လာဘ် ယူမှုများကို လူကိုယ်တိုင် တိုင်ကြား စာများ လာရောက် ပေးအပ်မှုများ ပြု
လုပ်ခဲ့သည်။

 တရား စီရင်ရေး နယ်ပယ်သို့ အုပ်ချုပ်ရေး နယ်ပယ်မှ ဆက်စပ်မှု များ ရှိနေသည်
ဟု သတင်းများ ထွက်ပေါ် နေခြင်းနှင့် ပတ်သက်၍ ဦးသိန်းညွန့်က ''ဒီမိုကရေစီ
ကူး ပြောင်းရေး ကာလမှာ တချို့တော့ ရှိမှာပဲ။ အဲဒါကို ဥပဒေနဲ့ အညီ လွတ် လပ်
စွာ တရား စီရင်ရေး ဖြစ်လာ အောင် ကျွန်တော်တို့ အားပေးမယ်။ အုပ်ချုပ်ရေး
အာဏာပိုင်ရဲ့ သြဇာနဲ့ ကင်းလွတ်ဖို့ အတွက် ကျွန်တော်တို့ က ဥပဒေတွေ ပြဋ္ဌာန်း
 ပေးရမယ်'' ဟု ပြောသည်။

တရား ဥပဒေ စိုးမိုးရေးနှင့် တည် ငြိမ် အေးချမ်းရေး ကော်မတီမှလွှတ်တော်
ကိုယ်စားလှယ် ၅ ဦးသည် တာမွေ မြို့နယ် တရားရုံး၊ ရန်ကုန်မြို့ အရှေ့ပိုင်း
ခရိုင် တရားရုံးနှင့် ရန်ကုန် တိုင်း ဒေသကြီး တရားရုံး တို့ကို သွား ရောက်
 လေ့လာ ခဲ့ကြောင်း သိရသည်။


သတင်းရင်းမြစ်   Messenger News Journal

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ