ဖားကန့်ဒေသခံ ပြည်သူတွေက (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ကို
ဖားကန့်ဒေသမှာ ရုံးစိုက်ပေးစေချင်တယ်လို့ တောင်းဆိုကြတဲ့အတွက်
ပြည်သူတွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ရှိတယ်လို့ ရန်ကုန်မြို့က (၈၈)
မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို
ပြောပါတယ်။
"ဒေသခံပြည်သူတွေက (၈၈) လာပြီးတော့ ရုံးစိုက်ပြီးတော့ နေပေးစေ
ချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှိတယ်ဆိုရင် သူတို့လုံခြုံတယ်လို့ ခံစားရတယ်လို့ ပြည်သူတွေ၊ ဒေသခံတွေ တောင်းဆိုတာပါ။ အမြဲတမ်း
ကြီး ကျွန်တော်တို့ ရှိတိုင်းလည်း အာမတော့ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ခု
တော့ ရှိတာပေါ့။ သူတို့ ရုံးခန်းနဲ့ ဘာနဲ့ စနစ်တကျ လုပ်ချင်တယ် ဆိုရင်
လည်း အားပေးရတာပေါ့။ ကျွန်တော်တို့ကလည်း ကိုယ့်အား ကိုယ်ကိုးနိုင်
တဲ့ နည်းလမ်းမျိုးကို ကျွန်တော်တို့ ပိုပြီးတော့ ပေးခဲ့ပါတယ်"
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က ၈၈
မျိုးဆက်ကျောင်းသားများ၏
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ငြိမ်းချမ်းရေးခရီးစဉ်မှအပြန် နမ္မတီးတွင်
ဒေ7:w}O[ռKw တွေ့ဆုံနှုတ်ဆက်စဉ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ငြိမ်းချမ်းရေးခရီးစဉ်မှအပြန် နမ္မတီးတွင်
ဒေ7:w}O[ռKw တွေ့ဆုံနှုတ်ဆက်စဉ်။
ကိုမြအေးတို့က သူတို့သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ်ခရီးစဉ်၊ ရခိုင်ပြည်နယ်
ခရီးစဉ်၊ မုံရွာ လက်ပံတောင်းတောင် ခရီးစဉ်နဲ့ ကယားပြည်နယ် ခရီးစဉ်တို့ အကြောင်းကို ပြန်လှန်ပြောပြကြပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်78G=_o ǕKw့ဟာ ဒီလ ၁၆
ရက်နေ့က ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ
ကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment