Wednesday, September 26, 2012

နေပြည်တော် ပျဉ်းမနားမြို့နယ်က ကျူးကျော်အဖြစ် သတ်မှတ် ဖျက်သိမ်းခံရတဲ့ အိမ်ခြေ ၂၀၀

Photobucket
နေပြည်တော် ပျဉ်းမနားမြို့နယ် ဥယျဉ်စုအုပ်စု ဦးကျေးရွာနှင့် အိုးဖိုရွာရှိ လူနေ
အိမ်ခြေ ၂၀၀ အား ကျူးကျော်အဖြစ် သတ်မှတ်ဖျက်သိမ်းခဲ့သည့်အတွက် မိသားစု
 ၃၀၀ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါဖျက်သိမ်းခံရသည့် ကျေးရွာများသည် ၁၉၇၄ ခုနှစ်ခန့်မှစ၍ နေထိုင်ခဲ့ကြပြီး
 ၂၀၀၈ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် လယ်ယာမြေပေါ်တွင်ကျူးကျော်နေ ထိုင်
သည်ဟုဆိုကာ ပထမဆုံးအကြိမ်အဖြစ် တရားစွဲခဲ့ပြီး အသနားခံစာ တင်ခဲ့သည့်
အတွက် ပြေလည်သွားခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ်တွင်မူ လယ်ယာ မြေကျူးကျော်ပုဒ်မ ၄၈(က) ဖြင့် ၂၀၁၂ခုနှစ်ဇူလိုင်
လတွင် တရားစွဲဆိုပြီး ဖျက်သိမ်းခိုင်း ခဲ့ကြောင်းသိရသည်။''ကျွန်တော်တို့ နေလာတာ
 နှစ် ၄၀ ကျော်လာပါပြီ။ ဒီမြေဟာလယ်ယာ မြေမှန်းလည်း မသိပါဘူး။

ဘိုးဘွားစဉ်ဆက် နေလာတာဆိုတော့ တရားစွဲခံရမှ လယ်ယာမြေမှန်း သိတာပါ။
ဒီမြေဟာ သဲသောင်ကြီးဖြစ်နေတော့ ဘာသီးနှံမှစိုက်လို့ မရပါဘူး။ အခုသူတို့ တရား
စွဲတာက အိမ်ခြေ ၂၀၀လုံးရှိ အိမ်ထောင်ဦးစီးတွေကို တပြိုင်တည်းစွဲဆိုတာ မဟုတ်
ဘဲ ၅ ယောက်တစ်ခါ၊ ၇ ယောက်တစ်ခါ စသည်ဖြင့် တရားစွဲပါတယ်။ တရားသူကြီး
က ဒီအမှုဟာ ငွေဒဏ် လည်းသတ်မှတ်လို့ မရဘူး။

ဖျက်မိန့်လည်း ပေးလို့မရဘူး။ ထောင်ဒဏ်ပဲရှိတယ်လို့ ပြောပြီး ရုံးချိန်းတိုင်း အိမ်ကို
ဖျက်ခိုင်းနေတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရွာက ဦးဝင်းနိုင်ဆိုသူကို အိမ်
မဖျက်ပေးလို့ ထောင် ၃လ ချလိုက်တယ်။ ကိုယ့်သဘောနဲ့ကိုယ် ဖျက်ပါတယ်ဆိုတဲ့
 လက်မှတ်ကိုလည်း တရားရုံးမှာ လက်မှတ်ထိုးရပါတယ်''ဟု ဦးကျေးရွာမှ ဦးတင်ဦး
က ပြောပြခဲ့သည်။

ဆက်လက်၍ဦးကျေး ကျေးရွာမှ ဒေါ်ခင်မာလွင်ကလည်း''ကျွန်မတို့ အိမ်တွေဖျက်
ပေးလိုက်ရတော့ လျော်ကြေးလည်း မရပါဘူး။ နေဖို့ မြေနေရာလည်း အစားပြန်မရ
လို့ နေဖို့ ခက်ခဲနေပါတယ်။ ကလေးတွေ စာကျက်ဖို့ နေရာဆိုတာလည်း မရှိဘူး။
သွားနေစရာ နေရာမရှိလို့ ဖျက်ထားတဲ့နေရာမှာပဲ ဘယ်နှစ်ရက်နေပါဦးမယ်ဆိုတဲ့ ၀န်ခံကတိနဲ့ နေနေရပါတယ်။ ကျွန်မတို့ ရွာသားတွေကတော့ နေဖို့နေရာလေး သတ်မှတ်ပေးစေချင်ကြပါတယ်။ ဒါမှလည်း ကျောင်းသား တွေအတွက်လည်း အဆင်ပြေမယ်။ နေစရာလည်း ရှိမယ်။ ကျောင်းသားဦးရေက နှစ်ရွာပေါင်း ၁၀၀
ကျော်လောက် ရှိတယ်။ အစမ်းစာမေးပွဲကိုလည်း အခက်အခဲတွေကြောင့်
မဖြေနိုင်ကြဘူး'' ခံစားနေရမှုများကို ရင်ဖွင့်ခဲ့သည်။

ယင်းကျေးရွာများသည် ဥယျာဉ်စုအုပ်စု နယ်မြေ ၂ ဟုသတ်မှတ်ထားပြီး ပုံစံ ၁၀
 ပုံစံ ၆၆များရရှိထားပြီး စည်ပင်သာယာသို့လည်း နှစ်စဉ်အခွန်ပေးဆောင်ထားရပြီး
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ ဖျက်သိမ်းနေပြီး အိမ်ခြေ ၅၀ခန့် ဖျက်
သိမ်းပြီးဖြစ်ကြောင်း သိရသည်။

 သတင်းရင်းမြစ်    Eleven Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ