ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့်
ပြည်ထောင်စု ဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏
အဆုံးအဖြတ် ရယူရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များမှ
ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ဆွေးနွေးခဲ့
သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတ ပေးပို့ခဲ့
သော သဝဏ်လွှာမှာ အတည်ဖြစ်ခဲ့သည်။ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်
ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၉ မဲ၊
ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီး
ဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊
ကန့်ကွက်မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။
နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြည်ထောင်စု
ဝန်ကြီးများ အဖြစ် ခန့်အပ်ရန်အတွက် အမည်စာရင်းများ ပေးပို့ခဲ့ပါသည်။ လက်
ရှိအချိန်တွင် ပြည်ထောင်စု ဝန်ကြီး လစ်လပ်လျက်ရှိနေသော ဝန်ကြီးဌာနများမှာ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်
သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဘဏ္ဍရေးနှင့်အခွန် ဝန်ကြီးဌာန၊
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန၊
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန ၊အမှတ်
(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နှင့် သိပ္ပံနှင့်နည်းပညာ
ဝန်ကြီးဌာန
တို့ဖြစ်ကြပါသည်။ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သော
ပြည်ထောင်စုဝန်ကြီး
ခန့်အပ်ရန် အမည်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်
ပါသည်။
၁) ဦးအေးမြင့်ကြူ
၂) ဗိုလ်ချုပ်ဇေယျာအောင်
၃) ဒေါက်တာမြင့်အောင်
၎) ဦးကျော်လွင်
၅) ဦးဝင်းရှိန်
၆) ဒေါက်တာ ကံဇော်
၇) ဦးမောင်မြင့်
၈) ဒေါက်တာကိုကိုဦး
၉) ဦးဌေးအောင်
၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်
၁) ဦးအေးမြင့်ကြူ
၂) ဗိုလ်ချုပ်ဇေယျာအောင်
၃) ဒေါက်တာမြင့်အောင်
၎) ဦးကျော်လွင်
၅) ဦးဝင်းရှိန်
၆) ဒေါက်တာ ကံဇော်
၇) ဦးမောင်မြင့်
၈) ဒေါက်တာကိုကိုဦး
၉) ဦးဌေးအောင်
၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်
ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူများနှင့် ၎င်းတို့လက်ရှိ တာဝန်ထမ်းဆောင်နေသော ရာထူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) ဦးအေးမြင့်ကြူ (ဒုဝန်ကြီး ၊ အားကစား ဝန်ကြီးဌာန)
၂) ဗိုလ်ချုပ်ဇေယျာအောင် (တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)
၃) ဒေါက်တာမြင့်အောင် (အဖွဲ့ဝင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့)
၎) ဦးကျော်လွင် (ဒုဝန်ကြီး ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန)

၅) ဦးဝင်းရှိန် (ဒုဝန်ကြီး ၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)
၆) ဒေါက်တာ ကံဇော် (ဒုဝန်ကြီး၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၇) ဦးမောင်မြင့် (ဒုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန)
7=O싯WO՝ိုဦး (ဒုဝန်ကြီး ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)
၉) ဦးဌေးအောင် ( ဒုဝန်ကြီး ၊ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)
၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( ဒုဝန်ကြီး ၊ ကျန်းမာရေး ဝန်ကြီးဌာန)

သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment