Thursday, September 6, 2012

နေပြည်တော် ၀န်ကြီးဌာန တိုက်ခန်းများ ဓါတ်အားခကြွေးကျန်များ ပေးဆောင်ခြင်းမရှိပါက ဓါတ်အား ဖြတ်တောက်မည်

 

“ ၀န်ကြီးဌာနအလိုက် ခွင့်ပြုထားသော တိုက်ခန်းများအတွက် နေထိုင်
သူပြောင်းလဲသောကြောင့် ဓါတ်အားခကြွေးကျန်များ ကျန်ရှိနေပါ
က၀န်ကြီးဌာနကတာဝန်ယူပေးချေေ၇းဆောင်ရွက်ပေးပါရန်နှင့်လစဉ်
ဓါတ်အားခပေးဆောင်းခြင်းမရှိပါက အများပြည်သူနည်းတူ ဓါတ်အား
ဖြတ်တောက်မည်”


ဝန်ကြီးဌာနများအနေဖြင့်မိမိဝန်ထမ်းများပြောင်းရွှေ့ သွားပါကသက်ဆိုင်ရာ
မြို့နယ်လျှပ်စစ်ရုံးများတွင်းလျှပ်စစ်ဓါတ်အားခများအကြေပေးဆောင်
ပြီးခြင်းရှိမရှိကိုစီစစ်ပေးရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနလျှပ်စစ်ဓါတ်အား
ဖြန့်ဖြူးရေးလုပ်ငန်းမှ ၀န်ကြီးဌာနများသို့ကြောင်းကြားမေတ္တာရပ်ခံထား
ကြောင်းသတင်းရရှိသည်။ “၀န်ထမ်းနေအိမ်တိုက်ခန်းများ၏ဓါတ်အားခ
ကြွေးကျန်များ ရှင်းလင်းရေးအတွက် ကူညီဆောင်ရွက်ပေးပါရန်မေတ္တာရပ်
ခံချက်ဆိုပြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းလျှပ်စစ်စွမ်းအားဝန်ကြီး
ဌာနက စက်တင်ဘာလ၆ရက်နေ့မှာအဲ့ဒီင်္ဝန်ကြီးဌာနကလုပ်တဲ့ ရှင်လင်းပွဲ
တစ်ခုကို တက်လာတဲ့ ၀န်ကြီးဌာနတွေကို ဖြန့်ဝေနေတာပါအဲ့ဒီမေတ္တာ
ရပ်ခံချက်ထဲ မှာအချက်(၆)ချက်ပါတယ်။”ဟု တက်ရောက်လာသော
ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူစ်းသို့ပြောသည်။
 
 မေတ္တာရပ်ခံချက်တွင်အကူအညီတောင်းထားသည်များမှာတိုက်ခန်းများ
နေရာချထားသည့် ၀န်ထမ်းအင်းအားစာရင်းပြုစုပေးပို့ရန်၊၀န်ထမ်းများ
ပြောင်းရွှေခြင်း၊အသစ်နေရာချထားခြင်းတို့ကိုလျှပ်စစ်ဓါတ်အားဖြန့်ဖြူး
ရေးလုပ်ငန်း(ရုံးချုပ်)/နေပြည်တော်တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး
(သို့မဟုတ်)သက်ဆိုင်ရာမြိုနယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့အကြောင်း
ကြားပေးရန်။ဝန်ကြီးဌာနပိုင် တိုက်ခန်းများတွင်ဝန်ထမ်းများနေရာချ
ထားခြင်း မပြုသော်လည်း သင်တန်းတက်ရောက်မည့်သူများအစည်းအဝေး
တက်ရောက်မည့်သူများ၊ခေတ္တလာရောက်နေထိုင်ပါက အဆိုပါ
တိုက်ခန်း၏ မီတာကျသင့်ငွေများကို ၀န်ကြီးဌာနများကပေးချေရန်၊ 
ဝန်ကြီးဌာနအလိုက် ခွင့်ပြုထားသော တိုက်ခန်းများအတွက် နေထိုင်
သူပြောင်းလဲသောကြောင့် ဓါတ်အားခကြွေးကျန်များ ကျန်ရှိနေပါက
ဝန်ကြီးဌာနကတာဝန်ယူပေးချေေ၇းဆောင်ရွက်ပေးပါရန်၊ပေးချေခြင်း
မရှိပါကဓါတ်အားဖြတ်တောက်မည် ဖြစ်ကြောင်းအထက်ပါမေတ္တာ
ရပ်ခံချက်တွင်ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင်နောင်တွင် လစဉ်ဓါတ်အားခပေးဆောင်းခြင်းမရှိပါကအများပြည်သူ
နည်းတူဓါတ်အားဖြတ်တောက်မည်ဖြစ်ကြောင်းကိုလည်းထည့်သွင်း
အသိပေးထားသည်ဟုသတင်းရရှိသည်။
 
သတင်းရင်းမြစ်    Popular Myanmar News

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ