
ဖုန်းဆင်းကဒ်တွေ ဈေးသက်သာဖို့ ရွှေပြည်တံခွန်ကုမ္ပဏ္ဏီက ကြိုးစား မြန်မာ
နိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့် တောင့်တနေကြတဲ့ ဆက်သွယ်ရေး အဆင်
ပြေပြီး ဖုန်းဆင်းကဒ်တွေ ဈေးသက်သာစေ ဖို့အတွက် ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားဆောင်ရွက် နေတယ်လို့ သိရပါတယ်။
ဆင်းကဒ်မှာ အင်တာနက်အသုံးပြုနိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ် စီစဉ်မှာ
ဖြစ်ပြီး ဆင်းကဒ်ထုတ်လုပ်နိုင်ရင် ဆက်သွယ်ရေးပိုမိုကောင်းမွန်လာမှာဖြစ်တယ်
လို့ ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှုစီပွားရေး စနစ်ကို ဦးစားပေးဆောင်ရွက်နေတာကြောင့် လိုင်းကျတာ
မျိုးမရှိဘဲ နိုင်ငံတနဲ့ ချိတ်ဆက်နိုင်အောင် ထုတ်လုပ်မှာဖြစ်သလို ခေါ်ဆိုခနှုန်း
ထားတွေကိုလဲ ဈေးသက်သာအောင်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါဆင်းကဒ်တွေထုတ်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေ နည်းပညာပိုင်းတွေ အဆင်သင့်ဖြစ်နေပြီး ဖြစ်တဲ့အတွက် ထုတ်လုပ်ခွင့်ရတာနဲ့ သုံးလကနေ ခြောက်လ
အတွင်း ပြည်သူတွေလက်ထဲ အရောက်ပို့ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။
သတင်းရင်းမြစ်း BurmaVJ
No comments:
Post a Comment