Thursday, September 6, 2012

လက်ပန်းတောင်းတောင် လူထု နှင့် ခရိုင် ဗကသ အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ







၅-၉-၂၀၁၂ ရက်နေ့ ၂ နာရီခန့်တွင် တရုတ် ၀မ်ပေါင်ကုမ္မဏီနှင့် စီးပွားရေး
 ဦးပိုင်လီမီတက် ပူးပေါင်း လုပ်ကိုင်သည့် လက်ပန်း တောင်းတောင် ကြေးနီ 
 စီမံကိန်း အတွက် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ၊ ဆည်တည်း 

 ကျေးရွာများရှိ မတရား သိမ်းပိုက်ခံ ထားရသည့် လယ်ယာမြေများအား ပြန်
လည် ရရှိရေး အတွက် တောင်သူ လယ်သမား ဆန္ဒဖော် ထုတ်ပွဲတွင် ခရိုင်
ဗကသ ကျောင်းသားများလည်း လာရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ရာ
 ပုဒ်မ ၁၄၄၊ ဦးပိုင်၊ ဦးတရုတ်ကြီး အမည်များဖြင့် လူသေအခေါင်း (၃)ခေါင်း
 ပုံတူပြုလုပ်ပြီး မီးရှို့ မြေမြုပ်ပွဲ အခမ်းအနားကို တောင်သူလယ်သမား
 ကျေးရွာ သူကျေးရွာ သားများ ငါးထောင်ခန့်ဖြင့် ကျင်းပခဲ့သည်။ 
လူထုရှေ့ကနေ အန္တရယ်ကို ရင်စည်းခံမယ့် ကျောင်းသားများ 
(ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ၊ ဆည်တည်းကျေးရွာများရှိ 
မတရားသိမ်းပိုက်ခံထားရသည့် လယ်ယာမြေများအား တရုတ်ဝမ်ပေါင်
ကုမ္မဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်မှ ပြန်လည်ရရှိရေးအတွက်
 တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲတွင် ခရိုင်ဗကသ ကျောင်းသား
များလည်း လာရောက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြခဲ့ကြသည်။ 
( ၅-၉-၂၀၁၂ ရက်နေ့ ၂ နာရီခန့်)

မဟုတ်တာ လုပ်တဲ့သူတွေများ ပြောပါတယ်။ ကင်မရာ မှန်ပြောင်း သူတို့
ဘက်ကို ထိုးချိန်းလိုက်တာနဲက ဒိုင်တွေနဲ့ကို ကာကြတော့တာပဲ။ သေနတ်
နဲ့ ချိန်းတယ်များ ထင်နေတာလား မသိဘူး။  

သတင်းရင်းမြစ်    သစ်ထူးလွင်     








No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ