
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက အတွင်းရေးမှူး ဦးဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ
ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ် တရားရုံးကို ကော်မတီရဲ့
ပထမဆုံး တရားရုံးလေ့လာမှု ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြပါတယ်။
တာမွေမြို့နယ် တရားရုံးမှာ ဒီကနေ့ လေ့လာတွေ့ရှိခဲ့ တာတွေကို ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာတဲ့အခါ တင်ပြမယ်လို့ ဦးဝင်းမြင့်က
RFA ကိုပြောပါတယ်။
"တာမွေရုံးကိုသွားပြီးတော့ ကျွန်တော်တို့က
ဝင်ရောက် လေ့လာတယ်ဆို
တာက တရားဥပဒေ စိုးမိုးရေးအတွက် ဘယ်လို အထောက်အပံ့
ဖြစ်မလဲ
၊ ဘာတွေလုပ်သင့် လုပ်ထိုက်တာတွေရှိမလဲ၊ ဘာတွေပြုပြင်
ပြောင်းလဲနေ
တာတွေရှိမလဲ၊ သူတို့က ဘာတွေ ကျွန်တော်တို့နဲ့ ပတ်သက်ပြီးတော့
အကြံကောင်း ဥာဏ်ကောင်း ထွက်နိုင်မလဲ၊ အဲဒါတွေ သွားပြီးတော့ လေ့လာ
တာပါ၊
တွေ့ရှိတာတွေတော့ ရှိပါတယ်၊ ဥပမာဆိုလို့ရှိရင် တရားဥပဒေ စိုးမိုး
ရေးအတွက်
အမှုက မှန်မှန်နဲ့မြန်မြန် ပြီးဖို့တွေ ဘာတွေနဲ့ပတ်သက်လို့ အမှု
ကြန့်ကြာတာ
ရှိတာတွေ ဘာတွေလည်း ဒါ ကျွန်တော်တို့ လေ့လာတွေ့ရှိ
ထားပါတယ်။
ကျွန်တော်တို့ခေါင်းဆောင် ပြန်လာတဲ့အခါမှာ တင်ပြပြီးတော့
တရားဥပဒေ
စိုးမိုးရေးအတွက် မူချဖို့တွေ စဉ်းစားသွားမှာ ဖြစ်ပါတယ်"
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ပထမဆုံး
တရားရုံး ကွင်းဆင်းလေ့လာမှုမှာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့
အဖွဲ့ဝင် အဖြစ်ဦးသိန်းညွှန့်၊ ဦးမင်းဆွေနဲ့ ဒေါ်လဲ့လဲ့ဝင်းရွှေတို့ ပါဝင်ပြီး ကော်မတီအဖွဲ့ကို တာမွေ
မြို့ နယ်တရားရုံးက တရားသူကြီးတွေ ဖြစ်ကြတဲ့ ဦးမြင့်ဝင်း၊ ဦးကြည်သာအောင်နဲ့
ဒေါ်ခင်ဆွေဦးတို့က လက်ခံတွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြတယ်လို့ သိရပါတယ်။
ဒီနေ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်နဲ့ အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်
မေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
သတင်းရင်းမြစ်း RFA
No comments:
Post a Comment