
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ဆန္ဒပြုပွဲကို
အမရပူရမြို့ တောင်သမန်အင်းစောင်းဦးပိန်တံတားအနီးတွင်
ယနေ့ညနေ(၃)နာရီမှစတင်ကာ စိမ်းရောင်စိုမှဦးဆောင်ပြီး ပြုလုပ်
ယနေ့ညနေ(၃)နာရီမှစတင်ကာ စိမ်းရောင်စိုမှဦးဆောင်ပြီး ပြုလုပ်
လူငယ်များက ငြိမ်းချမ်းရေးသီချင်းများသီဆိုခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်
အပြာရောင်မိုးပျံပူပေါင်းများ ဥိးပိန်တံတားပေါ်မှလွှတ်တင်ခြင်းများ ပြုလုပ်ခဲ့ကြ
သည်။
အခမ်းအနားသို့ ဆရာတော်အရှင်ဝီရသူနှင့် နေပြည်တော် မှလွှတ်တော်
ကိုယ်စားလှယ်ဦးမင်းသူနှင့်လှူုဦးရေထောင်ချီ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားမှာ အေးချမ်းစွာပြီးဆုံးခဲ့သော်လည်း တောင်ကြီးမြို့တွင်ပြု
လုပ်သော ငြိမ်းချမ်းစွာစီတန်းလှည့်လည်အပြီးတွင် ဦးဆောင်သော စိမ်းရောင်စို
အဖွဲ့မှ ကိုနေမျိုးနှင့် ကိုကိုဟန်တို့ကို တောင်ကြီးမြို့ရဲစခန်းမှခေါ်ယူစစ်ဆေး
ခဲ့ကြောင်း ကာယကံရှင်ကိုနေမျိုးကပြောသည်။
"ငြိမ်းချမ်းရေးအထိမ်းအမှတ် ဆွမ်းကပ်တယ်။ နေ့ခင်းမှာ စီတန်းလှည့်လည်တယ်။
ရဲစခန်းက ကိုယ်ရေးရာဇ၀င်တွေ ခေါ်မေးတာကို ဖြေခဲ့ရပါတယ်။"“ဟုကိုနေမျိုး
ကပြောသည်။
No comments:
Post a Comment