
ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို ဖြတ်ကူးတဲ့ ကမ်းမဖြူ ကူးတို့ဆိပ်မှာ
မနေ့ နံနက် ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက် လူ ၁ ဦး အလောင်းရှာ
တွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ် ရဲစခန်းက
ပြောပါတယ်။
ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေး
ဌာနမှ ဆရာမ ၅ ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။
မနေ့က ညနေပိုင်းမှာ ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့
အလောင်းကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။
ပေါက်မြို့နယ် ဒေသခံတဦး “လှေသမားက ၆ ယောက်သေတယ်။ အလောင်းရှာ
မတွေ့သေးဘူး။ over weight ဖြစ်သွားတာပေါ့။ ဆိုင်ကယ် ၅ စီးပါတယ်။ လူက ၄၀ လောက်ရှိမယ်။ ကျောင်းဆရာမ ၅ ဦးပါသွားတာ လှေသမား တဦးက ကယ်
နိုင်လို့ တဦးပဲ အသက်ရှင်တယ်။ ကျန်တဲ့ ၄ ဦးမှာ တဦးက အလောင်းရတယ်။
၃ ဦး အလောင်းမရသေးဘူး။”
ပျောက်ဆုံးနေတဲ့ ဆရာမ ၃ ဦးမှာ အင်းတော်ကျေးရွာက ဒေါ်လှသိန်း၊ ဒေါ်ခင်မြတ်
နွယ်နဲ့ နံ့သာရွာက ဆရာမတဦးတို့ ဖြစ်ပါတယ်။ မနှစ်က ယောချောင်း၊ ကျောချောင်း
ရေကြီးပြီး တံတားတွေကျိုးခဲ့ရာ တံတားတွေကို ပြန်ပြင် မဆောက်နိုင်သေးတဲ့အ
တွက် ကူးတို့လှေတွေ အသုံးပြုနေရတာလည်း ဖြစ်ပါတယ်။
လှေပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ လှေထိုးသား စုစုပေါင်း ၁၇ ဦးသာ အသက်
ရှင်ခဲ့တယ်လို့ သိရပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့
ကနေ လှေမှောက်လို့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေတယ်လို့ မြို့ခံတွေက
ပြောကြပါတယ်။
No comments:
Post a Comment