
ဆားလင်းကြီးမြို့နယ် လက်ပတောင်း တောင်ပေါ်တွင် တည်ရှိသည့် မဟာ လယ်တီ
ဆရာတော် ဘုရားကြီး သီတင်းသုံး တရားအားထုတ်ခဲ့သည့် နေရာအား လက်ရှိ
အစိုးရ တာဝန် ယူထားသူများနှင့် ရဟန်းရှင်လူ အပေါင်းတို့ အနေဖြင့် ထိန်းသိမ်း
ပေးရန် မေတ္တာ ရပ်ခံသည့် စာအား လယ်တီ ဒီပနီ ထွန်းကား ပြန့်ပွားရေး အဖွဲ့၊
လယ်တီ နိကာယ သံဃာတော်များနှုင့် လယ်တီ ဝိပဿနာအဖွဲ့ သံဃာတော်များ
မှ ထုတ်ပြန် ခဲ့သည်။
ယင်းနေရာသည် ကျေးဇူးရှင် ပထမ လယ်တီ ဆရာတော် ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
နှင့် စပ်ယှဉ်၍ လည်းကောင်း၊ ဆရာတော်ကြီး သာသနာပြု လုပ်ငန်းများနှင့် ပတ်
သက်၍ လည်းကောင်း၊ မြို့ကြီးပြကြီး တို့တွင် သာမွေ့လျော်လိုကြသော နှောင်းခတ်
သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတို့အတွက် တောမှီ ရဟန်းအဖြစ်ဖြင့် စံနမူနာပြ
ကျန်ရစ်စေရန် လည်းကောင်း၊ မပျောက်မပျက် သမိုင်းဝင်သည့် နေရာ ဖြစ်ခြင်းကြောင့် ထိန်းသိမ်း စေချင်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။
ကြေးနီသတ္တု တူးဖော်ရာတွင် လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့်
နေရာအား ချန်လှပ်ပြီး ထိန်းသိမ်းပေးရန်ယင်းစာတွင်မေတ္တာ ရပ်ခံထားသည်။
သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် လယ်သိမ်းခံ တောင်သူ ဦးရေ ၃၀၀ ခန့်သည်
ချင်းတွင်းမြစ် အတွင်း ငှက်ပျောတုံးများ ပေါ်တွင် ဖယောင်းတိုင်များ တန်းစီထွန်း၍
ရေမျှောကာ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံး တရားဘာဝနာ အားထုတ်
ရာ နေရာအား ပျက်စီးမှု အန္တာရာယ်ဘေးမှ လွတ်မြောက် စေရန် ဆုတောင်းပွဲများ
ပြုလုပ် ခဲ့ကြောင်း ယင်းမီးမျှော ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။
သတင်းရင်းမြစ်း The Voice Weekly
No comments:
Post a Comment