ပူးတွဲ ကော်မတီဖွဲ့စည်းရန် မြန်မာနှင့်ထိုင်း ခေါင်းဆောင်နှစ်ဦးသဘောတူညီမှုရရှိ
သွားသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ယင်လပ်ခ်ရှင်နာဝပ်ထရာသည် မြန်မာ သမ္မတဦးသိန်းစိန်နှင့်
စက်တင်ဘာ ၂၇ ရက် တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်၌
တွေ့ဆုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်း တည် ဆောက်ရေးနှင့် အခြားဖွံ့ဖြိုးရေး
စီမံကိန်းများနှစ်နိုင်ငံ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးကြသည်။
နယူးယောက်မြို့တော်၌ စက်တင်ဘာ ၂၃ရက်မှ ၂၉ ရက်အထိ ကျင်းပသည့်
(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာ-ထိုင်းပူးတွဲ ကော်မတီ၏
လုပ်ငန်းစဉ် အသေး စိတ်များနှင့် ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမည့်
အချိန်ဇယားများနှင့်အတူ တည်ဆောက်ရေး လုပ်ငန်းကို စီမံခန့်ခွဲမည့်ကော်မတီ
၏ ဖွဲ့စည်းပုံများအပေါ် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြားသဘော တူညီမှုရရှိ
သွားကြောင်း ထိုင်းဝန်ကြီးချုပ်ကထိုင်းသတင်း အေဂျင်စီသို့ ပြောကြားသည်။
““မြန်မာ-ထိုင်းလုပ်ငန်းကော်မတီ၏ ပထမဆုံးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အ ဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့တက်ရောက်ရန်
မြန်မာအစိုးရအဖွဲ့ဝင်များကိုလည်း ဖိတ်ကြားသွားမည်””ဟု ယင်လပ်ခ် က
ပြောသည်။
လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ၂၀၁၂ အာဆီယံ ထိပ်သီးအစည်းအဝေး
၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း ကိစ္စကို မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ
စလုံးက ကြေညာချက်ထုတ်ပြန်ရန် အစီအစဉ်ရှိကြောင်းလည်း သူမကဆိုသည်။
ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံရှိ အခြားဖွံ့ဖြိုးရေးစီမံကိန်းများအတွက်လည်း
နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအုပ်စုများ ဖွဲ့စည်းလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလ၀ါစက်မှုဇုန်၌ ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်
များ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသကဲ့သို့ နောက်ထပ်ပေါ်ထွက်
လာမည့် စီးပွားရေးဇုန် အသစ်များ၌လည်း ရင်းနှီးမြှုပ်နှံလို ကြကြောင်းထိုင်း
ဝန်ကြီးချုပ်က ပြောကြားသွားသည်။

သတင်းရင်းမြစ်း မြန်မာသံတော်ဆင့်

No comments:
Post a Comment