Monday, September 24, 2012

နိုင်/ကျဉ်းဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) ဖွဲ့စည်း


နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အကျိုးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ မြန်မာ
နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ လူမှု

ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ ရည်
ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ
(ယာယီ) ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအနီးက M3 စားသောက်
ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး
ကော်မတီရဲ့ အစည်းဝေးမှာ ကော်မတီဝင် (၁၅) ဦး ပါဝင်တဲ့ နိုင်ငံရေး အကျဉ်း
သားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ကို ဖွဲ့စည်းလိုက်
တာဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့အစည်းဝေးကို ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေး
အကျဉ်းသားဟောင်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်း
သားဟောင်းတွေအပြင် Generation Wave နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂများ အဖွဲ့ချုပ်တို့က နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါ တက်ရောက်
ခဲ့ကြပါတယ်။


သတင်းရင်းမြစ်    RFA

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ