
ဦးပီတာလင်းပင် (ဓာတ်ပုံ - ဧရာဝတီ)
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများ ရွေးကောက်လိုက်သည့် လွှတ်တော်
ကိုယ်စားလှယ် အများအပြားက သမ္မတထံတွင် နစ်နာကြေး တောင်းဆိုရန် စီစဉ်
နေကြသည်။
၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ထောင်အတွင်း၌ သေဆုံးခဲ့ရသူများ၊ လက်ရှိကျန်းမာရေးချို့ယွင်းပြီး စားဝတ်နေရေး ဒုက္ခ ရောက်နေကြသူများအတွက်
အဖွဲ့ တခု ဖွဲ့စည်းကာ တောင်းဆိုမည်ဟု သိရသည်။
“ နစ်နာကြေးဆိုတာ အာဏာမဟုတ်ဘူး။ ပြန်စောင့်ရှောက်ဖို့ဘဲ လိုတယ်။ ဦးနေ၀င်း
လက်ထက်မှာတောင် အတိုက်အခံတွေကို ဆေးကုသခွင့်ပေးခဲ့သေးတာ။ ခုကိုယ်စားလှယ်ဟောင်းတွေကထောင်တွေကျပြီးငတ်ပြတ်နေကြတာတစ်ချို့ဆိုရင် ဘုန်းကြီးကျောင်းမှာတောင် ကပ်နေနေကြရတယ်” ဟု အဖွဲ့ ဖွဲ့စည်းမည့် ဦးပီတာ
လင်းပင်က ပြောသည်။
ဦးပီတာလင်းပင်သည် ၁၉၉၀ တွင် မေမြို့/ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်သူလူထု၏ ရွေးကောက်ခြင်းခံရသည် တသီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်သည်။
“သူပုန်တွေကိုတောင် တိုက်တွေ ကားတွေနဲ့ လုပ်ပေးထားသေးတာပဲ။ ပြန်ကြည့်
ရူပေးသင့်တယ်” ဟု ဦးပီတာလင်းပင်က ဆက်ပြောသည်။
အဖွဲ့အမည်ကို ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟု ရွေးချယ်
ထားကြောင်း၊ ပြည်ပရောက်နေသူတို့အတွက် ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း
သိရသည်။
သေဆုံးသွားသည့် ကိုယ်စားလှယ်များနေရာတွင်လည်း ကျန်ရစ်သူ မိသားစုကို ဆက်သွယ်မည်၊ ပြည်တွင်းတွင် ကျန်ရှိနေသည့် ကိုယ်စားလှယ်ဟောင်းများ
စာရင်း ကောက်ယူ ပြီး ယခုလအတွင်း အဖွဲ့ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
“၉၀ ရလဒ်ကို အသိအမှတ်ပြုရုံလောက်လေးနဲ့ ဒီလူတွေရဲ့ အခန်းကဏ္ဍကို
မေ့ထားလို့မရပါဘူး။ သူတို့ရဲ့ သမိုင်းဆိုင်ရာ တန်ဖိုးတွေကိုလည်း အစိုးရ
အနေနဲ့ အသိအမှတ် ပြုပေးရမှာပါ။ ကျွန်တော်တို့ အားလုံး ပူးပေါင်း ပါဝင်
သင့်ပါတယ်” ဟု ကိုကျော်ကျော်မင်းက ပြောသည်။ ကိုကျော်ကျော်မင်းသည်
ထောင်တွင်း၌ သေဆုံးသွားသည့် မကွေးတိုင်းမှ ရွေးကောက်ခံရသူ ဦးစောဝင်း
(ခေါ်) ဦးကျော်ဇောလင်း၏ သားတဦး ဖြစ်သည်။
ကိုယ်စားလှယ်ဟောင်းများ ယခုကဲ့သို့ လူမသိသူမသိ ဖြစ်နေရသည့် အဓိက
အကြောင်းအရင်းမှာ နှစ် ၆၀ ခန့် စစ်ထောက်လှမ်းရေး အာဏာရှင်လက်
အောက် နေထိုင်ခဲ့ရပြီး ၎င်းတို့၏သမိုင်း အဖျောက်ခံလိုက်ရခြင်း၊ ၎င်းတို့
ကိုယ်တိုင် အားနည်းချက်ရှိခြင်း တို့ကြောင့် ဖြစ်သည် ဟုဆိုသည်။
အဖွဲ့ ပေါ်ပေါက်ရေး ကြိုးပမ်းနေသူ ဦးပီတာလင်းပင်သည် ပြည်ပတွင် အချိန်
အတန်ကြာ သွားရောက် ခိုလှုံနေရာမှ မြန်မာပြည်တွင်းသို့ မကြာသေးခင်က
ပြန်ရောက်လာခြင်းဖြစ်သည်။
“ကောင်းကျိုးအတွက် ဖွဲ့မှာ ဆိုရင် ထောက်ခံဖို့ ၀န်မလေးပါဘူး” ဟု လက်ရှိ
ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ခဲ့သူ ဦးဇော်မြင့်မောင်က သုံးသပ်သည်။
“လွတ်တော်ထဲမှာ ၉၀ တုန်းက ကိုယ်စားလှယ်ဟောင်း ၁၅ ယောက် ရှိပါတယ်၊
တိုင်ပင်ကြပါဦးမယ်” ဟု သူက ပြောသည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေပေါင်း ၄၈၅ နေရာရှိရာ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တို့က ၃၉၂ နေရာတွင် ရွေးကောက်ခံခဲ့ရသည်။
ရွေးကောက်ပွဲအပြီးတွင် လွှတ်တော် ပေါ်ပေါက်မလာဘဲ ၎င်းတို့ထဲမှ အများအပြား ထောင်ထဲရောက်သွားကြသည်။
၃ နှစ်အကြာတွင် တပ်မတော်အစိုးရက အမျိုးသားညီလာခံ ကျင်းပပြီး ထောင်
အပြင်ဘက်ရှိ လွှတ်တော်ကိုယ်စားလှယ်များကို ညီလာခံသို့ ပို့လိုက်သည်။
ထိုညီလာခံက အခြေခံဥပဒေကို နှစ်ပေါင်း ၂၀ နီးပါးကြာ အချိန်ယူ ရေးဆွဲရာ
၂၀၀၈ အခြေခံဥပဒေ ထွက်လာသည်။
ယင်းနောက် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီက အပြတ်
အသတ် အနိုင်ရခဲ့သည်။ဤရွေးကောက်ပွဲတွင် ရွေးကောက်ခံရသူတို့ကိုမူ
တပ်မတော်အစိုးရက ထောင်ထဲပို့ခြင်း မပြုခဲ့ပေ။ ၎င်းတို့လွှတ်တော်တက်နိုင်
ရန် စီစဉ်ပေးခဲ့သည်။
သတင်းရင်းမြစ်း ဧရာဝတီ
No comments:
Post a Comment