Sunday, September 9, 2012

ရခိုင်ပြည် ပဋိပက္ခ ၃ လပြည့် အခမ်းအနား ကျဆုံးသူ သူရဲကောင်း ၃၄ဦးကို ဂုဏ်ပြု


စက်တလင်္ဘာလ ၈ ရက်နေ့၌ ကျရောက်သော ရခိုင် ပဋိပက္ခ  (၃) လပြည့် နေ့
အခမ်းအနားတွင် ရခိုင်ပြည်နယ် အတွင်း  မိမိရပ်ရွာကို  ခုခံ ကာကွယ်ရင်း

အသက်ပေး ကျဆုံးသွားခဲ့ကြသော ရခိုင် သူရဲကောင်း ၃၄ဦး တို့အား ဂုဏ်ပြု
ခဲ့ကြသည်။

အခမ်းအနားကို စစ်တွေမြို့  ဂြစ်ဖက်ကျောင်းတိုက် ခန်း မတခုတွင် ရခိုင် အန်ဂျီအို
တစ်ခု ဖြစ်သော ၀ံလက်ဖောင်ဒေးရှင်း အဖွဲ့မှ ကမကထ ပြုကာ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်
သည်။

အခမ်းအနားတွင် ကျဆုံးခဲ့ကြသူ ၃၄ ဦးအား ဂုဏ်ပြုခဲ့ကြပြီး ထောက်ပံ့ငွေများလည်း
 ပေးအပ် ခဲ့ကြောင်း  ရခိုင်/တိုင်းရင်းသား ကိုယ်ခံပညာ အင်အားစု တွဲဖက် အတွင်းရေး
မှူး ကိုသန်းထိုက်က နိရဉ္စရာသို့ ပြောသည်။

“မနေ့က မွန်းလွဲ ၁နာရီမှာ အခမ်းအနား စတင်ပါတယ်။ ညနေ ၄နာရီမှပြီးဆုံးပါ
တယ်။ အဓိကတော့ အရေးအခင်းအတွင်း ကျဆုံး သွားတဲ့ သူရဲကောင်း (၃၄)ဦး
တို့ကို ရေစူးပြီးတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို ဂုဏ်ပြုထောက်ပံ့ ငွေတွေပေး
အပ်တယ်။ ကျဆုံးသွားသူ ၃၄ ဦး အတွက် ဆီမီးတိုင် ၃၄ ချောင်းထွန်းညှို ပူဇော် ဂုဏ်ပြုတယ်။ မေတ္တာပို့တယ်။ တမိနစ်ခန့် ငြိမ်သက်အလေးပြု တယ်။ ပန်းခွေချ
တယ်။ ဒါတွေကို ပြုလုပ်ကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ခမ်းအနားအတွင်း စင်္ကာပူရခိုင်အသင်းမှ မြန်မာငွေ သိန်း ၇၀ လှူဒါန်းခဲ့ပြီး
ယင်းအဖွဲ့မှ ကိုယ်စားလှယ်  ၅ဦးလည်း တက် ရောက်ခဲ့သည်ဟု သိရသည်။
အခမ်းအနားသို့ ရခိုင်/တိုင်းရင်းသား ကိုယ်ခံပညာအင်အားစု၊ ရခိုင်တိုင်းရင်းသား
များ တိုးတက်ရေး ပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ စင်္ကာပူ ရခိုင်အသင်း၊ ရက္ခ
အလင်းတန်း၊ ၈၈ ကျောင်းသား အဖွဲ့၊  စစ်တွေမှ ကျောင်းသား လူငယ်များနှင့်
တခြားလူမှု အဖွဲ့အစည်း အသီးသီးတို့မှ လူ ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားအတွင်း  ကဗျာဆရာ စစ်တွေညိုသန့်လည်း တက်ရောက်ခဲ့ပြီး ယခု
အရေး အခင်းကြောင့် အိပ်မောကျနေသော ရခိုင်သားများ နိုးထလာခဲ့ကြကြောင်း
 ပြောကြားခဲ့သည်။



“ ရမ်းဗြဲမြို့နယ် ကျောက်နီမော်က မသီတာ ထွေးဟာ ရခိုင်သားတွေ အိပ်မောကျနေ
တာကို နိုးထအောင် လုပ်ပေးခဲ့တဲ့ အတွက် ရခိုင်သမိုင်းမှ သူမကို မှတ်တမ်းတင် ဂုဏ်
 ပြုသွားမယ်။ မိမိ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အသက်ပေး တိုက်ပွဲ ၀င်သွားခဲ့ကြတဲ့
ရဲဘော်တွေကိုလည်း အစဉ်အမြဲ သူရဲကောင်းတွေ အ ဖြစ် သတ်မှတ် ဂုဏ်ပြုကြ
ရပါမယ်” ဟုပြောဆိုသည်။

ထို့အပြင် တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များမှလည်း  ကဗျာ
ရွက်ဆိုခြင်း၊ ၀မ်းနည်းကြောင်း သ၀ဏ်လွှာဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး မောင်တောမြို့
သရီကုန်ဘောင်မှ လင်ယောင်္ကျား ကျောင်းဆရာ ဖြစ်သူ အသတ်ခံခဲ့ရသည့် ကျောင်း
ဆရာမ တဦးလည်း အခမ်းအနားသို့ တက်ရောက်ပြီး သူမ ခံစားရမူများကို  ပြောပြခဲ့
သည်ဟု ဆိုသည်။

“ ဆရာမက ခုလို ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ခန်းနားစွာ ဂုဏ်ပြုမှုတွေ လုပ်တဲ့အတွက် ကျေးဇူးတင်စကား ပြောပါတယ်။ ပြီးရင် မောင်တော သရီကုန်
ဘောင်မှာ ကျောင်းဆရာမ လုပ်ကတည်းက ကိုယ်စာပြနေတဲ့ ကျောင်း သားတွေ
ဟာ သူ့လင်ယောက်ျားကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ သူမမှာ လုံခြုံရေး
တပ်ရောက်ခင်လို့ အသက်အန္တရာယ်က လွတ်မြောက် ခဲ့ရတဲ့ အကြောင်း၊ ဒီလို
ရက်စွာ ယုတ်မာမှုတွေကို သူ့သက်တာမှာ တခါမှမတွေ့ဖူး ကြောင်း၊ အဲဒါကြောင့် အဲဒီနေရာမှာ ကျောင်းဆရာမ အဖြစ် နောက်ထပ် တာဝန်ထမ်းဆောင်ရန် ကြောက်
ရွံ့နေတဲ့ အ ကြောင်းတွေကို ပြောဆို သွားခဲ့ပါတယ်” ကိုသန်းထိုက်က ဆက်ပြော
သည်။

ဝံလက်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့မှလည်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် 
သတ်ဖြတ်ခံခဲ့ ရသော မသီတာထွေးအတွက်လည်း  မော်ကွန်းဝင် မှတ် တမ်းလွှာ တစ်စောင်အား ပေးအပ်ခဲ့သည်ဟု သိရသည်။

 သတင်းရင်းမြစ်   နိရဉ္ဇရာ  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ