
ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၅၉ ဦးရွှေဘင်လမ်းနီလာစတားစက္ကူစက်ရုံရှိ
လုပ်သားလေးဦးမှာ စက်တင်ဘာ ၁၉ ရက် နေ့မှ စ၍ အချက် ခုနှစ်ချက်ပါ
တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ရာ စက်တင်ဘာ ၂၀ ရက်
ညနေပိုင်းတွင် အလုပ်ရှင်ဖက်မှ တောင်းဆိုချက်အားလုံးကို လိုက်လျှောပေး
ခဲ့ကြောင်းသိရသည်။တောင်းဆိုချက်များမှ ၇ ချက်ရရှိသော်လည်း အဓိက
ကျသည့် အချက် နှစ်ချက်ဖြစ်သည့် ၃။ လုပ်သက်ခွင့် ၊ ရှောင်တခွင်ခွင့် နှင့်
ဆေးခွင့်များ ကို ဥပဒေပါ အတိုင်းခံစားခွင့်ပြုရန်။ ၄။ အဆောင်ကြေး နှင့် ထမင်းစရိတ်အတွက် လျှော့ချပေးသည့်ငွေ(၁၇၀၀၀) အားလစာငွေထဲတွင်
ထည့်သွင်းပေးရန်။ ဖြစ်သည့် အချက် နှစ်ချက်ကို အလုပ်ရှင်ဘက်မှ လိုက်
လျှောမှုမရှိခဲ့သည့်အတွက် ဆန္ဒပြရက် ၂ ရက်ကြာမြင့်သွားခြင်းဖြစ်ကြောင်း
သိရသည်။ စက်တင်ဘာ ၂၀ မွန်းလွဲပိုင်းတစ်နာရီ ကျော်အချိန်အထိ နီလာ
စက္ကူစက်ရုံလုပ်သားများ နှင့် အလုပ်ရှင်မှ အခြေအတင် ဆွေးနွေးခဲ့ကြပြီး ၊
အလုပ်ရှင်ဘက်မှ လုံးဝသဘောမတူသည့် အခြေအနေကို ရောက်ရှိနေ
သော်လည်း နောက်ပိုင်းတွင် ဌာနဆိုင်ရာ နှင့် ပြင်ပ အလုပ်သမားအဖွဲ့အစည်း မီဒီယာများရောက်ရှိလာသောကြောင့် အလုပ်ရှင်ဘက်မှ လိုက်လျှောခြင်းဖြစ်
သည်ဟုသိရသည်။ အဆိုပါ နီလာစက္ကူစက်ရုံ ပိုင်ရှင်မှာဒေါ်စန်းစန်းမြင့်ဟု သိ
ရပြီး အဆိုပါ နီလာစက္ကူစက်ရုံမှာ မြန်မာနိုင်ငံရှိ နာမည်ကြီး နီလာဒံပေါက် မှ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment