ခေါင်းဆောင်တွေရဲ့ အမှတ်တရ ပြန်လည် ဆုံစည်းပွဲကို ယမန်နေ့က ရန်ကုန်မြို့
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏
ရုံးခန်းသို့ ရောက်ရှိလာသည့်
ကိုမိုးသီးဇွန် အပါအဝင် ပြည်ပမှ ခေတ္တ
ပြန်လည်ရောက်လာကြသော ယခင်က
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများအား ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင်
များက ကြိုဆိုနှုတ်ဆက် တွေ့ဆုံနေစဉ်။
ပြောပါတယ်။ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံကို လေးပတ်ကြာရောက်နေတဲ့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပြန်ပြီး ဆုံတွေ့ကြတာ ဖြစ်ပါတယ်။
ကိုမိုးသီးဇွန်တို့ ခရီးစဉ်ဟာ လက်ရှိ
နိုင်ငံရေး အပြောင်းအလဲမှာ ပြည်ပရောက်
အတိုက်အခံ အင်အားစုတွေအနေနဲ့
ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍ
တွေ အတွက် သမ္မတဦးသိန်းစိန်ရဲ့
ခွင့်ပြုချက်နဲ့ လာရောက်လေ့လာတာ ဖြစ်
ပါတယ်။ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေရဲ့ အမှတ်
တရ ပြန်လည်ဆုံစည်းပွဲနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
တဦးဖြစ်တဲ့ ကိုဂျင်မီကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
သတင်းရင်းမြစ်း RFA
သတင်းရင်းမြစ်း RFA
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
No comments:
Post a Comment