Sunday, September 23, 2012

ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူ မိသားစုများ စစ်တွေ သို့ ပြောင်းရွှေ့

ပြောင်းရွှေ့လာသော ဟိန္ဒူမိသားစုများ ( ဓါတ်ပုံ- Coral Arakan)

ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူ ဘာသာဝင် မိသားစု ၄ စုအား ရခိုင်ပြည်နယ်
 ပေါက်တောမြို့နယ်မှ စစ်တွေမြို့သို့ သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့်
 လွန်ခဲ့သော ကြာသပတေးနေ့က ပြောင်းရွှေု့လိုက်သည်။


၎င်းဟိန္ဒိုမိသားစုများမှာ ပေါက်တောမြို့နယ် အနောက်တောင်ဘက်တွင် တည်ရှိသော
အိမ်ခြေ ၁၈၀ ခန့်ရှိသည့် တောင်ရွာ မွတ်ဆလင်ရွာတွင် နေထိုင်ခဲ့သူများ ဖြစ်သည်။
“စစ်တွေကို မနေ့က ၁၁နာရီခွဲမှာ ရောက်ပါတယ်။ ညနေ ၃နာရီလောက်မှာ ဓည၀တီ
ရပ်ကွက်မှာ ရှိတဲ့ ဟိန္ဒူ ဒုက္ခသည် စခန်းကို လုံခြုံရေးတပ်ဖွဲ့က ကားနဲ့ လိုက်ပို့ ပေးပါ
တယ်။ အဲဒီမှာ ရောက်တော့ နေရေး ထိုင;|NY [gပီး ကူညီထောက်ပံ့မှုတွေက
ရကြမှာ ဖြစ်ပါ တယ်” ဟု စစ်တွေမှ ဟိန္ဒူ အဖွဲ့ ကော်မတီဝင် လူကြီး တစ်ဦးက နိရဉ္စရာ
သို့ပြောသည်။

စစ်တွေ အခြေစိုက် ဟိန္ဒူအဖွဲ့က ပြည်နယ်အစိုးရထံသို့ အဆိုပါ မိသားစုများ ကြုံ
တွေ့နေရသော အခက်အခဲများကို တင်ပြပြီး  ပြည်နယ်အစိုးမှ ခွင့်ပြုချက်ပေးသဖြင့်
 ရခိုင်ပြည်နယ်မှ လူမူရေး အဖွဲ့ အစည်း တစ်ခုဖြစ်သော ၀ံလက် ဖေါင်ဒေးရှင်း၏
အကူအညီဖြင့် စက်တင်္ဘာလ ၂၀ နေ့က ပြောင်းရွှေ့ခဲ့ခြင်း  ဖြစ်သည်ဟု ဆိုသည်။

“သူတို့က နည်းနည်း အခက်အခဲ ရှိတဲ့ အတွက် ကျွန်တော်တို့ကို အကြောင်းကြား
တယ်။ အခက်အခဲကတော့  အိ(ဒ်)ပွဲတုန်းက အဲဒီ မိသားစု ၄ ခုကို တချို့က ထင်ပါ
တယ်။ အစ္စလာမ် ဘာသာကို အဓ္ဓမ ပြောင်းခိုင်းတယ်လို့ ပြောပါတယ်။ မကူးပြောင်း
 နိုင်လို့ ငြင်းတဲ့အခါ  အိမ်တွေကို ဖျက်ဆီးပစ်တာတို့ ကိုယ်ထိ လက်ရောက် စော်ကား
တာတို့ ပြုလုပ်လာတယ်လို့ ပြောတယ်။  နောက်တော့ အနီးမှာရှိတဲ့ တောလယ်
ကျေး ရွာ ဥက္ကဌ ဦးသာဒိုးအောင် အကူအညီနဲ့ အဲဒီရွာမှာ ၁လနဲ့ ၂၆ရက် ခိုလုံ နေခဲ့ ရပါတယ်။ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာက အကူအညီနဲ့ စစ်တွေကို ရွှေ့လိုက်
တာပါ” ဟု ကမကထပြုလုပ် ပေးခဲ့သူ ဟိန္ဒူကော်မတီအဖွဲ့ဝင် က ပြောသည်။


သတင်းရင်းမြစ်   နိရဉ္ဇရာ
ဟိန္ဒူ မိသားစု ၄ ခုတွင်  လူဦးရေ စုစုပေါင်း ၂၅ ဦး ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ