
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စက်တင်ဘာ ၇
ရက်နေ့က မကွေးမြို့မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း
ဂီတအဖွဲ့ကို ကူညီခဲ့တဲ့ မကွေး ဒေသခံတွေကို အာဏာပိုင်တွေက စစ်ဆေး
မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ RFA က စုံစမ်း သိရပါတယ်။
အဲဒီ မကွေးခရီးစဉ်အတွင်း ကူညီခဲ့သူအချို့ရဲ့ အိမ်တွေကို SB
ရဲသတင်းတပ်ဖွဲ့၊
စရဖ- စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စတဲ့ အာဏာပိုင်
တွေ သွားရောက် စစ်ဆေးနေတာဖြစ်ပြီး ကူညီခဲ့သူတွေကို တရားစွဲဆိုဖို့လည်း
ပြင်ဆင်နေတယ်လို့ မကွေးမြို့ ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် ဦးဌေးဝင်းက
အခုလို ပြောပါတယ်။
မကွေး (၃) မြို့မှာ ကျင်းပခဲ့တဲ့ ပန်းရဲ့လမ်း ဂီတဖျော်ဖြေပွဲတွေမှာ ကောက်ခံရရှိခဲ့
တဲ့ အလှူငွေကျပ် ၆၇ သိန်းကျော်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမိန့်အရ
ဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးတို့က သိမ်းယူဖို့ ကြိုးပမ်းခဲ့ကြ
တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ဟာ နာမည်ကျော် မဇ္ဈိမလှိုင်း တီးဝိုင်းက ဂီတ
ပညာရှင် ကိုရဲလွင် ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဦးခန့် ပါဝင်ပါတယ်။
သတင်းရင်းမြစ်း RFA
စရဖ- စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စတဲ့ အာဏာပိုင်
တွေ သွားရောက် စစ်ဆေးနေတာဖြစ်ပြီး ကူညီခဲ့သူတွေကို တရားစွဲဆိုဖို့လည်း
ပြင်ဆင်နေတယ်လို့ မကွေးမြို့ ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် ဦးဌေးဝင်းက
အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ၇ ရက်နေ့က
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အစီအစဉ်ကို မကွေးမြို့မှာ
ဖျော်ဖြေသွားပါတယ်ခင်ဗျ။ အဲဒီမှာ ဖျော်ဖြေသွားတဲ့ အချိန်မှာ
မကွေးတိုင်း
အာဏာပိုင် အဖွဲ့ကနေပြီးတော့ နောက်ကနေ သတင်းလိုက်
ယူ၊ ဖိအားတွေ တအားပေးနေတယ်။
အခုချိန်ထိ ကျွန်တော်တို့ကို နည်း
အမျိုးမျိုးနဲ့ ပြဿနာ အမျိုးမျိုး
ရှာနေတယ်ပေါ့ဗျာ။ ဒီနေ့ ဆိုလို့ရှိရင် ဒီ
ပန်းရဲ့လမ်း ခရီးစဉ်အတွက်
စီစဉ်ထားတဲ့ အသံချဲ့စက်တွေ၊ ဖျော်ဖြေရေး ကားတွေကို နောက်ကလိုက်ပြီးတော့
ဘာကြောင့် လိုက်ရတာတုန်း၊ ဒီစက်
တွေကို ဘယ်သူက ငှားတာတုန်း၊ ဒီကားက
ဘယ်သူ့ကားတုန်း အကြိမ်ကြိမ်
အခါခါ သူတို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးတော့
မကွေး အာဏာပိုင်တွေ
ရဲ့ ဖိအားပေးမှုကြောင့် ထိရောက်တဲ့ တရားစွဲဆိုမှု
တစ်ခုခုကို လုပ်ဆောင်ဖို့
သူတို့ ကြံစည်နေတယ်ခင်ဗျ"
စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ (၃) ရက်အတွင်း ချောက်၊ ရေနံချောင်း၊မကွေး (၃) မြို့မှာ ကျင်းပခဲ့တဲ့ ပန်းရဲ့လမ်း ဂီတဖျော်ဖြေပွဲတွေမှာ ကောက်ခံရရှိခဲ့
တဲ့ အလှူငွေကျပ် ၆၇ သိန်းကျော်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမိန့်အရ
ဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးတို့က သိမ်းယူဖို့ ကြိုးပမ်းခဲ့ကြ
တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ဟာ နာမည်ကျော် မဇ္ဈိမလှိုင်း တီးဝိုင်းက ဂီတ
ပညာရှင် ကိုရဲလွင် ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဦးခန့် ပါဝင်ပါတယ်။

သတင်းရင်းမြစ်း RFA
No comments:
Post a Comment