ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် င/ ပြီချောင်းကျေးရွာအုပ်စု
သရက်ချောင်းကျေးရွာ၊ ကွင်းအမှတ်(၅၈၅-ဃ)ရှိ မြေဧရိယာ(၂၉၀) ဧက ကျွဲ၊
နွားစားကျက်မြေအား ဌာနဆိုင်ရာ
များမှ သိမ်းပိုက်လျက်
ပုဇွန်မွေးမြူရေးကန်များ လုပ်ကိုင်နေသဖြင့် ကျေးရွာရှိ ကျွဲနွားများ
အစာရှားပါးမှုကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
" ကျနော်တို့ သရက်ချောင်းရွာမှာ လယ်ယာစိုက်ပျိုးရေးအတွက်
ကျွဲနွားကောင?84Nϯ_Kw၀၀)လောက်ရှိတယ်။ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက ၁၉၉၇
ခုနှစ်၊ စက်တင်ဘာ
လ (၁၅)ရက်နေ့မှာ ဒီမြေကို စားကျက်မြေအဖြစ် တရားဝင် သတ်မှတ်
ပေးခဲ့ပါတယ်။
ဒါပေမယ့် ဌာနဆိုင်ရာတချို့က ၂၀၀၁-၂၀၀၂ ခုနှစ်မှာ
အာဏာသုံးပြီးတော့
စားကျက်မြေကို သူတို့အကျိုးစီးပွားအတွက် ပုဇွန်ကန်တွေ
လုပ်လိုက်ကြပါတယ်။
ကျနော်တို့ရဲ့ ကျွဲနွားတွေ စားစရာမရှိတော့
အထက်အဖွဲ့အစည်းတွေကို လယ်သမား
တွေလက်မှတ်ရေးထိုး တိုင်ကြတယ်။ ခုအချိန်အထိ
ကျေးရွာပိုင် စားကျက်မြေ ပြန်
မရသေးဘူး။ " ဟု သရက်ချောင်းကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။
၂၀၀၈ ခုနှစ်တွင် လယ်သမား (၁၈၈) ဦး စုစုပေါင်း လက်မှတ်ရေးထိုးလျက်
လယ်ယာ
နှင့် စိုက်ပျိုးရေး ၀န်ကြီးဌာနသို့ တိုင်တန်းခဲ့ကြပြီး ၂၀၀၉
ခုနှစ်တွင် အနောက်ပိုင်း
တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ တင်ပြခဲ့ရာ
ထိုနှစ်တွင် မယက(မြို့နယ်အုပ်ချုပ်ရေးမှူး)
ဥက္ကဌ ဦးခင်မောင်လွင်က
တရားဝင်ရုံးစာဖြင့် ၄င်းမြေမှာ သရက်တောကျေးရွာပိုင် စားကျက်မြေဖြစ်၍
ကျေးရွာလယ်သမားများ၏ ကျွဲနွားများသာ စားသောက်ခွင့်ရှိကြောင်း၊ တခြားမည်သည့်
ကျွေးနွားမှ ထိန်းကျောင်းစားသောက်ခွင့် မပြုကြောင်း ထုတ်ပြန်ခဲ့
သည်ဟု
အဆိုပါလယ်သမားက ပြောသည်။
" မယက အနေနဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေပါနေလို့
ဥပဒေနဲ့
အညီ စားကျက်မြေမှာ ကျူးကျော် လုပ်ကိုင်နေသူတွေကို မဖယ်ရဲဘူးထင်တယ်။
ဒီတော့ ရွာကကျွဲနွားတွေကိုပဲ ထိန်းကျောင်းခွင့် ပေးမယ်။
တခြားနွားတွေကိုခွင့်
မပြုဆိုပြီးတော့ စာထုတ်တယ်။ အဲဒီရုံးစာထွက်ပြီးတာနဲ့
ကျူးကျော်ပုဇွန်ကန် လုပ်
သူတွေက တခြားရွာတွေက ကျွဲနွားတွေကို
အခကြေးငွေယူပြီး ခွင့်ပြုတယ်။ ဒီတော့
ကျနော်တို့ရဲ့ကျွဲ နွားတွေ
ငတ်နေရပြီပေါ့ဗျာ။ " ဟု ၄င်းက ဆက်ပြောသည်။
ကျေးရွာပိုင် စားကျက်မြေတွင် ဥပဒေနှင့်မညီဘဲ ငါးပုဇွန်တာအဖြစ်၂၀၀၁
ခုနှစ်ကစ၍
ခွဲဝေသိမ်းယူ ထားသူများမှာ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးညိုဝင်း၊
ပြည်နယ်မြေစာရင်း
ဦးစီးမှူး ဦးမောင်ကြည်၊ ရခိုင်ပြည်နယ် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနမှူး
ဦးဝင်းအောင်၊ ပယက (ပြည်နယ်အုပ်ချုပ်ရေးမှူး)မှ
ဒုဗိုလ်မှူးကြီးသိန်းကြည်နှင့်
ဒုဗိုလ်မှူးကြီး ထွန်းလှအောင်၊ စစ်တွေ ဒစက
(ဒေသကွက်ကဲရေးစစ်ဌာနချုပ်)မှ
ဗိုလ်ကြီး အောင်ကိုနှင့်
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တို့ဖြစ်သည်။
အဆိုပါ ဌာနဆိုင်ရာများမှာ ၄င်းတို့၏ သြဇာအာဏာကိုသုံးပြီး သိမ်းယူထားသည့်
စားကျက်မြေကို လုပ်ငန်းရှင် တချို့လက်သို့ ယာယီလွှဲအပ်ကာ
ပုဇွန်ကန်များပြု
လုပ်လျက် ကိုယ်ကျိုးရှာနေကြခြင်းဖြစ်သည်။
အဆိုပါဌာနဆိုင်ရာ အကြီးအကဲများသည် ထိုအချိန်က တည်ဆဲဥပဒေဖြစ်သည့်
လယ်ယာမြေနိုင်ငံပိုင်ပြုရေး ဥပဒေ (လ/န-၃၉) နှင့်အညီ တရားဝင်
သတ်မှတ်ထားခြင်း
မရှိပါဘဲ ရိုးသားလှသည့် လယ်သမားများအား
လိမ်လည်လှည့်ဖြားလျက် မတရားသိမ်း
ယူထားမှုအား သက်ဆိုင်ရာမှဖြေရှင်း
မပေးနိုင်လျင် ဥပဒေအရ တရားစွဲဆိုသွားမည်
ဖြစ်ကြောင်း သိရှိရသည်။
သရက်တောကျေးရွာသည် ပေါက်တောမြို့အနောက်ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိပြီး
အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ရွာတစ်ရွာဖြစ်ကာ၊ ရွာသူ ရွာသားများ အနေဖြင့်
အဆိုပါမြေ
အား ပြန်လည်ရရှိပါက စားကျက်မြေ အဖြစ်ဖြင့်သာ စနစ်တကျ
ဆက်လက်ထားရှိသွား
မည် ဟုသိရသည်။
သတင်းရင်းမြစ်
း arakantimes

|
No comments:
Post a Comment