ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တိုစတား သတင်းစာတိုက်ရှေ့မှာ
ကနေဒါ
ရောက် မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်
နဲ့ ပတ်သက်ပြီး တိုရွန်တိုစတား သတင်းစာမှာ
မှားယွင်းတဲ့ အချက်အလက်တွေ ထည့်သွင်း ဖော်ပြခဲ့တဲ့အတွက်
မြန်မာနိုင်ငံသားတွေက ကန့်ကွက်
ဆန္ဒပြခဲ့ကြ
တာလို့ သိရပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ
ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်အရေး ဆန္ဒပြကြတာနဲ့
ပတ်သက်ပြီး တိုရွန်တိုစတား
သတင်းစာမှာ မှားယွင်းတဲ့ အချက်အလက်တွေ ထည့်
သွင်းဖော်ပြခဲ့တဲ့အပေါ်
ကနေဒါရောက် မြန်မာနိုင်ငံသားတွေ ပြည်နယ်အစိုးရ
ပါလီမန် ရုံးချုပ်ရှေ့နဲ့
တိုရွန်တို သတင်းစာတိုက်ကို သွားရောက် ဆန္ဒပြခဲ့ပါတယ်။
ကြား ပြဿနာကို ပိုမိုကြီးထွားစေတဲ့အတွက် ကန့် ကွက်ဆန္ဒပြကြတာ ဖြစ်ကြောင်း
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုစိုးမိုးသူက ပြောပါတယ်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်တို
့စတား သတင်းတိုက်က ၂
ခါဆက်တိုက်ပေါ့နော်၊ သတင်းတွေကို မှားယွင်းပြီး
လွှင့်ခဲ့တဲ့ အချက်တွေ
ပေါ်မှာ မူတည်ပြီးတော့မှ နောက်နောင်ဆိုရင်
ဒီလိုသတင်းမျိုးတွေကို ကွန်မြူနတီ နှစ်ဘက်ကြားထဲမှာ ပြဿနာ
ပိုပြီးမဖြစ်စေဖို့  အတွက်
ကွန်မြူနတီ နှစ်ဘက်စလုံးကို နားထောင်ပြီးတော့မှ
သတင်းတွေကို ကြား
ထဲက မျှတစွာ ရေးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြပါတယ်။
ပြဿနာ ပိုမိုပြီး
တော့ ကြီးထွားလာမယ့်အစား သေးသွားဖို့အတွက်ကို ကျွန်တော်တို
့အဖြေ
ရှာဖို့ ဖြစ်တယ်။ ဟိုဘက်ကော ဒီဘက်ကော မှားယွင်းတဲ့ သတင်းတွေကို
နောက်နောင်မှာ မှားပြီးတော့ မထုတ်လွှင့်စေဖို့ အတွက်ကို ဒါကို ကျွန်တော်
တို
့အဓိက တားဆီးဖို့အတွက် ဖြစ်ပါတယ်"
မိသားစုတွေ အင်အား စုစုပေါင်း ၇၀ လောက် ပါဝင်ခဲ့ကြတယ်လို့  သိရပါတယ်။
မနေ့ က နေ့ လည် ၁ နာရီမှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တို သတင်းစာ
တိုက်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး သတင်းစာတိုက်ကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင်
ပေးပို့ ခဲ့တယ်လို့  ပြောပါတယ်။
အဲဒီနောက် ပြည်နယ်အစိုးရ ပါလီမန် ရုံးချုပ်ရှေ့ကို သွားရောက် ဆန္ဒပြကြပါတယ်။
အဲဒီမှာ အထက်လွှတ်တော်အမတ် ဂျင်ကယ်ရီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ
က ဆန္ဒပြပွဲမှာ မိန့် ခွန်းပြောကြားခဲ့ ကြတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment