Monday, September 24, 2012

ကျောက်သားမြေဖြစ်သည့် ကျိုက်မရော ရော်ဘာခြံများအား ညှိုနှိုင်း ဝယ်ယူမှုများရှိနေ


မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရော်ဘာခြံမြေများ
အား ဘိလပ်မြေထုတ်လုပ်ရာတွင် အသုံးပြု သည့် ကျောက်သားမြေဖြစ်သည့်အတွက်

 ကုမ္ပဏီတစ်ခုမှ ညှိနိုင်းဝယ်ယူမှုများပြုလုပ်လျှက် ရှိကြောင်း ဒေသခံရော်ဘာ
 ခြံလုပ်ငန်းရှင်များထံက သိရသည်။
 
''ငါးဦးစပ် ကုမ္ပဏီတစ်ခုလို့တော့ ပြောတာပဲ။ သေချာတော့မသိပါဘူး။ ဘိလပ်မြေ
ထုတ်လို့ရတယ်ဆိုပြီးတော့   ကျောက်သားမြေရှိ တဲ့နေရာနဲ့ သူတို့ သတ်မှတ်နေရာ
တွေကို လိုက်ဝယ်နေတာပါ။ တနေ့ကဆိုရင် (စက်တင်ဘာ ၂၃ရက်နေ့) အောင်း
အဝယ်လုပ်ဖို့ လူကြီးတွေနဲ့ ရော်ဘာခြံရှင်တွေနဲ့ ညှိနိုင်းကြသေးတယ်''ဟု ရွှေဝါချောင်
 ကျေးရွာမှ ဒေါ်သီတာက ပြောသည်။
 
ကျိုက်မရောမြို့နယ်- ကော့ပနော်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ကတုံစီကျေးရွာ၊ 
 ရွှေဝါချောင်ကျးရွာများရှိ ရော်ဘာခြံမြေများတွင် ဘိလပ်မြေထုတ်လုပ်ရာ၌ အသုံးပြုနိုင်
သော ကျောက်သားမြေပါဝင်နေခြင်းကြောင့် ဝယ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။
 
ရော်ဘာခြံပိုင်ရှင်များနေဖြင့် ညှိနိုင်းဝယ်ယူရောင်းချရာတွင် စိတ်ကြိုက်ဈေးဖြင့် 
အရောင်း အဝယ်ပြုလုပ်လျှက်ရှိပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် တည်နေရာပေါ်
မူတည်၍ မြေတစ်ဧကလျှင် ကျပ် (၅)သိန်းဝန်းကျင်မှ ကျပ် (၁ဝ)သိန်း ဝန်းကျင်
ဈေးရှိကြောင်း သိရသည်။
 
အလားတူ မြေတဧကပေါ်တွင် စိုက်ပျိုးထားသောော်ဘာပင် (တစ်မိုး၊ နှစ်မိုး၊ 
သုံးမိုး)ပါရှိပါက ကျပ် (၁ဝ)သိန်းမှ ကျပ် (၁၅)သိန်းဝန်းကျင်ဈေးရှိကာ ရော်ဘာ
ပင်ခြစ်သားအရွယ်ပင်ပါ တစ်ဧကလျှင် ကာလပေါက်ဈေး တွက်ဆရန် ခက်ခဲကြောင်း ဒေသခံရော်ဘာခြံလုပ်ငန်းရှင်များက ဆိုသည်။
 
''ရော်ဘာခြံဆိုတာက စုဘူး လိုပါပဲ။ အစမှာစိုက်ထည့်ထားရတယ်။ ခြစ်သား
အရွယ်ရောက်ပြီဆိုရင် သူဆီက နေ့စဉ်ငွေပြန် ရနေတော့တာပဲလေ။ ရော်ဘာခြံစိုက်
ပြီဆိုရင်တော့ တော်တော်များများက ပြန်မရောင်းကြပါဘူး။ ရော်ဘာခြံရယ်လို့ 
မဟုတ်ပါဘူး ဘယ်အရာဖြစ်ဖြစ် ကြိုက်ဈေးရရင်တော့ အောင်းဝယ်လုပ်ကြပါတယ်'' 
ဟု ပေါက်တောကျေးရွာမှ ကိုပေါက်တောက ပြောသည်။
 
အဆိုပါကျေးရွာများတွင် (၂ဝ၁ဝ-၂ဝ၁၁) ခုနှစ်များ၌ စိုက်ပျိုးမြေနှင့် တည်နေရာပေါ်
မူတည်၍ တစ်ဧကလျှင် ကျပ် (၃)သိန်းဝန်ကျင်မှ (၅)သိန်းဝန်းကျင်ပေါက်ဈေးရှိခဲ့ပြီး စိုက်ပျိုးရော်ဘာ(တစ်မိုး၊ နှစ်မိုး၊ သုံးမိုး)ပင် တစ်ရာပါ တစ်ဧကလျှင် ကျပ် (၆)သိန်း
ဝန်းကျင်မှ ကျပ် (၁ဝ)သိန်း ဝန်းကျင်ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
 


သတင်းရင်းမြစ်   Shwe Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ