Thursday, September 27, 2012
အာဆီယံနိုင်ငံများ အတွင်း ပညာရှင်အဆင့် လုပ်သား ၇ မျိုးသာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြု
မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများအပေါ် အိမ်ရှင်နိုင်ငံက ကောင်းမွန်
သော စောင့်ရှောက်မှု ဆက်ဆံမှု မပြုနိုင် သေးသရွေ့ ၂၀၁၅ အာဆီယံ စီးပွား
ရေး ကွန်မြူနတီအဖြစ် ဖွင့်လှစ်ပါက အခက်တွေ့နေဦးမည်ဖြစ်ကြောင်း ထိုင်း
နိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများကူညီစောင့်ရှောက်ရေးအသင်းက ပြောပါသည်။
အမျိုးသားရေးဝါဒကိုဘဲ စွဲကိုင်နေရင် သို့မဟုတ် တပါးသူကို ရန်သူအဖြစ်မြင်နေရင်
၂၀၁၅ မှာ AEC ဖွင့်ရင်တော့ အခက်တွေ့နေဦးမှာဘဲ။ ကျမတို့နိုင်ငံကို ၁၀ နှစ်
ကျော်ကြာ လာနေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကျမတို့နိုင်ငံ
က အလုပ်ရှင်တွေက ခုချိန်ထိ တန်းတူထားမဆက်ဆံချင်ကြတာကိုတွေ့ရတယ်။
AEC ဖွင့်ပြီးနောက်ပိုင်းလဲ ကျမတို့နိုင်ငံထဲ ဒီလူတွေ ထပ်ဝင်လာဦးမှာဘဲ။ ဘာလို့
လဲဆိုတော့ သူတို့နိုင်ငံက မအေးချမ်းသေးဘူး။ ငြိမ်းချမ်းရေးတည် ဆောက်ပြီဆို
ပေမယ့် အပစ်ရပ်ပြီဆိုပေမယ့် တိုက်ပွဲတွေဖြစ်နေသေးတယ်၊ လယ်ယာမြေသိမ်း
ယူမှုတွေရှိနေသေးတယ်လေ” ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့ဟိုတယ်တခု၌ ဆွေးနွေးပွဲကို ကမကထပြုကျင်းပသည့် MAP Foundation မှ တာဝန်ရှိပုဂ္ဂိုလ် တဦးကပြောသည်။
၁- အင်ဂျင်နီယာ
၂- ဆရာဝန်
၃- သူနာပြုဆရာမ
၎- မြေတိုင်းအင်ဂျင်နီယာ
၅- ဗိသုကာပညာရှင်
၆-သွားဘက်ဆိုင်ရာ ဆရာဝန်
၇- စာရင်းကိုင်
စသည့်ပညာရှင်အဆင့် လုပ်သား ၇ မျိုးကိုသာ အာဆီယံနိုင်ငံအတွင်း လွတ်လပ်
စွာပြောင်းရွှေ့လုပ်ကိုင်စား သောက်ခွင့်ပေးမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံများက သဘောတူညီထားကြသည်ဟု ဆိုပါသည်။
“ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သူတို့မစဉ်းစားထားပေးဘူး။ သူ့နိုင်ငံက
ထုတ်ထားတဲ့ဥပဒေအတိုင်းဘဲသွားမယ် ဆိုတော့ ကျမတို့လို အလုပ်ရှင်နိုင်ငံတွေ
ကတော့ စဉ်းစားပေးသင့်တယ်လို့ယူဆပါတယ်” ဟု အလုပ်သမားများ ကူညီ
စောင့် ရှောက်ရေးဖောင်ဒေးရှင်း MAP မှ မစ္စကန်ကျနာ ဒီအွတ်က ပြောပါသည်။
အာဆီယံ AEC ကာလ ရွှေ့ပြောင်းအလုပ်သမားများ၏အသံ မြင့်တင်ဖော်ဆောင်
ပေးရန် သတင်းသမားများနှင့် လူမှုအဖွဲ့ အစည်းများမှ လက်တွဲပူးပေါင်းကြရန်ဟူ
သည့် ဆွေးနွေးပွဲ၌ APWLD Asia Pacific Forum on Women Law and
Development မှ ပရနွမ် ဆုမ်ဝုန်းကလည်း- တိုးတက်ပြောင်းလဲလာသည့်ခေတ်နှင့်
အညီ ရွှေ့ပြောင်းအလုပ်သမား များ အပေါ် ထားသည့်သဘောထားကိုလည်း ပြောင်း
လဲသင့်ကြောင်း၊ ဝန်ကြီးချုပ် ယင့်လပ်ရှင်နာဝပ် ဦးဆောင်သည့် အမျိုးသား လုံခြုံရေး
ကောင်စီ နာမည်အား လူသားများလုံခြုံရေးကောင်စီဟုပါ ပြောင်းသင့်ကြောင်း -
ပြောကြားသည်။
စင်စစ် AEC ၏ ရည်ရွယ်ချက်မှာ - (၁) ဆင်းရဲမွဲတေမှုလျှော့ချရေး၊ (၂) လူမှု
စီးပွါးရေးစနစ် ကွာဟနေမှု လျှော့ချရေး၊ (၃) ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး
လုပ်ငန်းများအား ကာကွယ်မြင့်တင်ရေး ဟူ၍ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင်း၌ပင် မြန်မာနိုင်ငံမှ ရောက်ရှိအလုပ်လုပ်နေသူ ရွှေ့ပြောင်း
အလုပ်သမား ၈ သောင်းထက် မနည်း ရှိနေပြီး ချင်းမိုင်မြို့တွင်း(အမ်းဖေးမိန်း) နှင့်
ဆက်စပ်မြို့နယ်များပါလျှင် တစ်သိန်းခွဲ ထက်မနည်းရှိနေကြောင်း၊ ချင်းမိုင် ခရိုင် နယ်စပ်မြို့နယ်များရှိ ရွှေ့ပြောင်းအလုပ်သမားများပါဝင်ပါက အလုပ်သမားပေါင်း
သုံးသိန်းခန့်ရှိကြောင်း အလုပ် သမား ကူညီရေးအဖွဲ့များကပြောပါသည်။
ယခုနှစ်ဆန်းပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်စဉ်မှစ၍
နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက် ယူမှုအရ ဖှန်၊ ချိုင်းပရကန်း၊
မယ်အိုင်း သုံးမြို့နယ်အတွင်း သျှမ်းပြည်မှဝင်ရောက်လာသည့် လူဦးရေ လစဉ်
ပျှမ်းမျှ ၂၅၀ ထက်မနည်း ရှိနေသေးကြောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊
ချင်းရိုင်း ခရိုင်နယ်စပ်တလျှောက် တလလျှင် ၁၀ဝ၀ ထက်မနည်း ရှိကြောင်း နယ်စပ်ကူညီရေးအသင်းဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
သတင်းရင်းမြစ်း သျှမ်းသံတော်ဆင့်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ
Powered By Blogger Widgets


No comments:
Post a Comment