Wednesday, September 5, 2012

CPRCG အဖွဲ့နှင့် လယ်ယာမြေသိမ်းခံရသည့် လယ်သမားများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့တွင် 
လယ်သမား ဆန္ဒပြနေကြစဉ်။

CPRCG ခေါ် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က
 ရေတာရှည်မြို့နယ်မှာ လယ်ယာမြေ သိမ်းခံရတဲ့ လယ်သမားကြီးတွေနဲ့ အလုပ်ရုံ

 ဆွေးနွေးပွဲတစ်ခု စက်တင်ဘာလ ၃ ရက်နေ့  ၁ နာရီကနေ ၄ နာရီထိ ရေတာရှည်
မြို့နယ် NLD ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

 CPRCG အဖွဲ့ဝင် ကိုရဲထင်ကျော်က အလုပ်ရုံ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့
အကြောင်းအရာနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
"ဥပမာ အခု ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ရွာချင်းအလိုက် ပြောပြတယ်။
 ပြီးတော့ ဒီဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြရင် ကောင်း
မလဲဆိုတာ ချပြတယ်ပေါ့။ သူတို့ကလည်း ဒီအပေါ်မှာ လက်ခံတယ်ဗျ။ ဒီ
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီကို စာတွေတင်မယ်။ နိုင်ငံတော် 
သမ္မတဆီကို စာတွေ တင်မယ်ပေါ့နော်။ နောက် ဒီပြဿနာတွေကို ဒီ စုံစမ်း 
စစ်ဆေးရေး ကော်မရှင် အနေနဲ့ အမြန်ဆုံး လာစစ်ပေးနိုင်အောင် အကုန်ဝိုင်းပြီး ကြိုးစားကြမယ်ပေါ့။ နောက် အချက်အလက်တွေ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်
 လုပ်မယ်။ ဒါတွေ ဆွေးနွေးကြတာပါခင်ဗျ"
ရေတာရှည်မြို့ နယ်အတွင်း Delicious Food ကုမ္ပဏီနဲ့ မြန်မာ့ကြံလုပ်ငန်းက
 လျော်ကြေး퀐စုံတရာ မပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေ အနည်းဆုံး
 ဧက တစ်ထောင်ကျော် ရှိပါတယ်။

တောင်သူလယ်သမားကြီးတွေဟာ မိမိတို့ ဓားမဦးချ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်
လာတဲ့ လယ်ယာမြေတွေ အသိမ်းခံရပြီးနောက် ပြန်လည်လုပ်ကိုင်လိုရင် သူတို့ 
စိုက်ခိုင်းတဲ့ ကြံကို စိုက်ပေးရတယ်လို့  သိရပါတယ်။ ကြံသီးနှံဟာ တွက်ခြေမကိုက်
လို့  တောင်သူလယ်သမား အများအပြား စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ကြ
ရတယ်လို့လည်း သိရပါတယ်၊

သတင်းရင်းမြစ်    RFA      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ