မေး- ယခုအတည်ပြုပြီးဖြစ်တဲ့ လယ်ယာ မြေဥပဒေသစ်မှာ ယခင်ဥပဒေများနဲ့
ကွဲပြားချက်များကို သိပါရစေ။
ဖြေ- လယ်ယာမြေဆိုတဲ့ ဥပဒေသစ်မှာ ပါတဲ့ လယ်ယာမြေဆိုတာကို အရှင်းဆုံး
ပြောရရင် လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်း မြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်
ခြံမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီး ဟင်းရွက် ပန်းမန်စိုက်တဲ့ခြံမြေနဲ့ မြေနုကျွန်း
မြေတို့ ဖြစ်ပါတယ်။ မြို့နဲ့ ကျေးရွာ နယ်နိမိတ် အတွင်းမှာရှိတဲ့ စိုက်ပျိုးမြေတွေ
လည်း ပါဝင်ပါတယ်။ ယခင် ဥပဒေဟောင်းဖြစ် တဲ့ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံ
ပိုင် ပြုလုပ်ရေးအက်ဥပဒေမှာတော့ အထက် ကပြောခဲ့တဲ့ မြေတွေ အပြင် စိုက်ပျိုးနိုင်
တဲ့ မြေရိုင်းတွေပါ လယ်ယာမြေဆိုတဲ့ စကားရပ်ထဲမှာ ပါပါတယ်။ ဒါကြောင့် လယ်ယာမြေဥပဒေသစ်အရဆိုရင် စိုက်ပျိုး နိုင်တဲ့ မြေရိုင်းတွေဟာ လယ်ယာ
မြေထဲ မှာ မပါတော့ပါဘူး။ နောက်တစ်ခုက တောင်သူလယ်သမား ဆိုတဲ့
စကားရပ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။ အရင်ဥပဒေဖြစ်တဲ့ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေမှာ တောင်သူလယ်သမားဆို တာ
လယ်ယာမြေကို မိမိရဲ့ အဓိကအသက် မွေးဝမ်းကျောင်းအဖြစ် မိမိကိုယ်တိုင်လုပ်
ကိုင်သူ၊ အစဉ်တစိုက်လုပ်ကိုင်ခဲ့သူ၊ လုပ်ငန်းချိန်တစ်လျှောက်လုံးကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်သူကိုခေါ်ပါတယ်။ “လယ်ယာမြေကို မိမိ၏ အဓိကအသက်မွေး
ဝမ်းကျောင်းအဖြစ်” လို့ သုံးနှုန်းထားတာ ကို သတိပြုပါ။ အခု လယ်ယာမြေဥပဒေ သစ်မှာတော့ တောင်သူလယ်သမားဆိုတဲ့ ဝေါဟာရမှာ စိုက်ပျိုးရေးလုပ်တဲ့သူတွေ အပြင် မွေးမြူရေးလုပ်သူတွေကိုပါထည့် ထားတာကြောင့် ဒါကလည်း ကွဲလွဲချက်
တစ်ခုဖြစ်ပါတယ်။ ယခင် ဥပဒေအဟောင်းရှိစဉ်ကာလ နိုင်ငံတော်ငြိမ်ဝပ်
ပိပြားမှု တည်ဆောက် ရေးအဖွဲ့လက်ထက် ၁၉၉၁ ခုနှစ်မှာ မြေလွတ်မြေလပ်နှင့်
မြေရိုင်းများ စီမံခန့် ခွဲရေးဗဟိုအဖွဲ့ဆိုပြီး အဖွဲ့ဖွဲ့ပေးတယ်။ အဲဒီ ဗဟိုအဖွဲ့က
ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မယ့် ပုဂ်္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးတွေလုပ်ဖို့ လုပ်ပိုင်ခွင့်အသုံးပြု ခွင့်တွေ
ချထားပေးတယ်။ ဧရိယာဧက ထောင်သောင်းချီပြီး လုပ်ပိုင်ခွင့်ပေးကြ တော့ အခု
ဆိုရင် စုစုပေါင်းဧက သန်း ဂဏန်းထိချထားပေးပြီးပြီ။ အဲဒီလို ချထား ပေးခြင်းခံရတဲ့
ပုဂ်္ဂိုလ်တွေ လုပ်ငန်းရှင်တွေ ဟာ တောင်သူလယ်သမားလို့ ဆိုနိုင်မလား လို့ မေး
လာကြတယ်။ သူတို့ငွေကြေးရင်း နှီးမြှုပ်နှံပြီး စိုက်ကြပျိုးကြတဲ့ လုပ်ငန်းဟာ သူတို့ရဲ့ အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်း ဟုတ်မဟုတ်ဆိုတာ ရှင်းရှင်းလင်း လင်း
မသိရတော့ အဖြေပေးဖို့ ခက်ပါ တယ်လို့ပဲ ဖြေလိုက်ရတယ်။ ဒါက ဥပဒေ
အဟောင်းခေတ်ကပေါ့။ အခု လယ်ယာ မြေဥပဒေသစ်ပုဒ်မ ၃ (င) (၃) မှာ “မိမိ ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်” ဆိုတဲ့ စကားရပ်ပါမလာဘူး။ ဒါကြောင့် သူ
တို့ဟာ လုပ်ငန်းချိန်တစ်လျှောက်လုံး ကိုယ်တိုင်ကြီးကြပ်စီမံလုပ်ကိုင်သူဖြစ်ရင်
တောင်သူလယ်သမားဆိုတဲ့ စကားရပ်မှာ အကျုံးဝင်ပါလိမ့်မယ်။
မေး- နောက်ထပ် ကွဲလွဲမှုများကရော။
ဖြေ- လယ်ယာမြေ ဥပဒေသစ်အရ တောင်သူလယ်သမားက လယ်ယာမြေ
လုပ်ပိုင်ခွင့်ရရှိဖို့ သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကတစ်ဆင့် မြို့နယ်ဌာနရုံး ကို လျှောက်ထားရမယ်။ စိစစ်ပြီး ခရိုင်
အဆင့်က သဘောတူပြီဆိုရင် မြို့နယ် ဦးစီးရုံးမှာ သတ်မှတ်ထားတဲ့ မှတ်ပုံတင်
ကြေးပေးသွင်းရမယ်။ လယ်ယာမြေလုပ် ပိုင်ခွင့်လက်မှတ်ရမယ်။ ၁၉၆၃ ခုနှစ်၊
သီးစားချထားရေးဥပဒေအရ သီးစားမှတ်ပုံ တင်တုန်းကတော့ ဘာမှလျှောက်စရာ
မလိုတာမို့ဒါကလည်း ကွဲလွဲချက်တစ်ခုဖြစ် ပါတယ်။ ကိုယ်လုပ်တဲ့ လယ်ယာမြေ
အတွက် လုပ်ပိုင်ခွင့်လက်မှတ်မိမိလက်ဝယ် ရရှိတာမို့ ဒါဟာခိုင်လုံတဲ့ အထောက်
အထားဖြစ်ပါတယ်။ ဒီနေရာမှာ စကားမစပ်ပြောရရင် သန်းချီရှိတဲ့ တောင်သူ
လယ်သမားတိုင်း က လျှောက်ထားကြတဲ့ လျှောက်လွှာတွေ ကို စိစစ်ဖို့၊ လုပ်ပိုင်
ခွင့်လက်မှတ်တွေ ထုတ်ပေးဖို့ဆိုတဲ့ လုပ်ငန်းဟာ ပမာဏကြီး ပါတယ်။ ဒါကြောင့်
ခရိုင်ဦးစီးရုံးနဲ့ မြို့နယ် ဦးစီးရုံးတွေမှာ ၀န်ထမ်းအပြည့်အ၀ခန့် ထားပေးတာ
တောင် လုပ်ငန်းမနိုင်လောက် ဘူး။ လပိုင်းသတ်မှတ်ပြီး အပိုဝန်ထမ်းတွေ
ခန့်ထားပေးသင့်ကြောင်း အကြံပြုလိုပါ တယ်။ အရင်ခေတ်ကာလတွေတုန်းက
အရေးကြီး၊ အရေးပေါ် စီမံချက်လုပ်ငန်း တွေ လုပ်ကြစဉ်တုန်းက ယာယီဝန်ထမ်း
တွေကို လပိုင်းခန့်ထားပေးခဲ့တဲ့ အစဉ် အလာရှိခဲ့တယ်။
မေး- တောင်သူလယ်သမားတွေရဲ့ အခွင့် အရေးပိုင်းထူးခြားတာတွေကို
သိလိုပါ တယ်။
ဖြေ- အရင်ဥပဒေဖြစ်တဲ့ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်
ဥပဒေအရဆိုရင် လယ်ယာမြေကို ပေါင်နှံ ခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊
လဲလှယ် ခြင်း၊ ပေးကမ်းခြင်း မလုပ်ရပါဘူး။ အခု လယ်ယာမြေဥပဒေသစ်အရ
ဆိုရင် လယ် ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ် ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်
အားသတ်မှတ်ထား သော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊
ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်စတဲ့ အခွင့် အရေးတွေရပါမယ်။ ဒါ
ကတော့ တကယ့် ကို ထူးခြားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီလို ရောင်း၊ ပေါင်
၊ ငှား၊ လဲ၊ ပေး စတဲ့ လုပ်ငန်းတွေလုပ်တဲ့အခါမှာ သက်ဆိုင်ရာ ရပ်ကွက်
(သို့မဟုတ်) ကျေးရွာအုပ်စုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ရှေ့မှောက်မှာ စာချုပ်
ချုပ်ဆိုပြီး မြို့နယ်ဦးစီးဌာနရုံးမှာ စာချုပ်စာတမ်းမှတ်ပုံတင်ခပေးဆောင်ပြီး
မှတ်ပုံတင်ရပါမယ်။ ဒါမှ တရားဝင်ဖြစ်ပါ တယ်။ ဒီနေရာမှာ ပေါင်နှံခြင်းနှင့် ပတ်သက်လို့လယ်ယာမြေဥပဒေသစ်ပုဒ်မ ၁၂ (င)မှာ “စိုက်ပျိုးထုတ်လုပ်မှု
အရင်း အနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင် ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရ
ဘဏ် (သို့မဟုတ်) အစိုးရက အသိအမှတ်ပြု သော ဘဏ်တွင်သာ ပေါင်နှံ
ရမည်”လို့ ဖော်ပြထားတာမို့ ကန့်သတ်ချက်တော့ရှိ တယ်လို့ပြောပါရစေ။
မေး- နောက်ထပ်ထူးခြားတာရှိပါသေး သလား။
ဖြေ- လယ်ယာမြေဥပဒေသစ်ရဲ့ ပုဒ်မ-၂၆ မှာ ကိုယ်လုပ်ပိုင်ခွင့်ရမြေကို
နိုင်ငံတော်က သိမ်းယူခဲ့ရင်နစ်နာမှု လုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့်
အခြားနည်းလမ်း ဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင် ရာက ပြုလုပ်
ပေးဖို့ ပြဋ္ဌာန်းပေးထားပါ တယ်။ အရင်တုန်းကတော့ မြေအသိမ်းခံ ရရင်
လျော်ကြေးမရတာများပါတယ်။ ရပြန်ရင်လည်း မြေကိုရယူသူက ပေးသ
လောက်ပဲရကြတယ်လို့ မကြာခဏဖတ် ရတယ်။ လယ်ယာမြေကို လုပ်ပိုင်
ခွင့်ပဲရ တာ၊ ပိုင်ဆိုင်တာမဟုတ်ဘူးဆိုတဲ့ အပြောမျိုးနဲ့ တောင်သူလယ်သမား
တွေ နစ်နာခဲ့ကြတယ်။ အခုဥပဒေမှာကတော့ လုပ်ပိုင်ခွင့်ဆိုတဲ့ စကားရပ်ကို သုံးပေမယ့် ရောင်းနိုင်၊ ပေါင်နိုင်၊ ပေးကမ်းနိုင်ပြီမို့ ပိုင်ဆိုင်တဲ့ သဘောဆောင်
ပါတယ်။ အခုပေးမယ့် လျော်ကြေးကလည်း တောင်သူနစ်နာမှုလုံးဝမရှိစေရန်
ဆိုတော့ ကာလပေါက်ဈေးထက်နည်းစရာအကြောင်း မရှိပါဘူး။ ဒီကိစ္စမှာ
ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ကလိုသလို ညှိနှိုင်းဆောင်ရွက် ရမည်လို့
လည်း စီမံကိန်းတွေ ဆောင်ရွက် ခြင်းမပြုတော့ရင် မူလ လယ်ယာမြေလုပ်
ပိုင်ခွင့်ရတဲ့ ပုဂ်္ဂိုလ်ကိုလယ်ယာမြေတွေ ပြန်ပေးရမယ်လို့လည်း ပုဒ်မ- ၃၂ မှာ
ဖော်ပြထားတယ်။ ဒါတွေဟာ ထူးခြား ချက်တွေပေါ့။
မေး- လယ်ယာမြေကို စီမံခန့်ခွဲတဲ့ အဖွဲ့ အဆင့်ဆင့်အကြောင်း ရှင်းပြပေးပါ။
ဖြေ- လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေ ကို (က) ဗဟို (ခ) တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် (ဂ) ခရိုင် (ဃ) မြို့နယ် (င) ရပ်ကွက် (သို့မဟုတ်) ကျေးရွာ
အုပ်စုအဆင့်ဆိုပြီး ဖွဲ့မယ်။ အားလုံး (၅) ဆင့်ရှိမယ်။ ဒါဟာ ယခင်ပါလီမန်
အစိုးရ ခေတ်၊ တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ် ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်စတဲ့ ခေတ်အဆက်ဆက်က ဖွဲ့ခဲ့တဲ့အဖွဲ့တွေ ထက် အဆင့်များ
ပါတယ်။ ပါလီမန်ခေတ် မှာ မြို့နယ်အဆင့်မရှိဘူး။ လမ်းစဉ်ပါတီ ခေတ်မှာ
ခရိုင်အဆင့်မရှိဘူး။ ၁၉၇၆ ခုနှစ်မှာ ဗဟိုအဆင့်ကို ဖျက်သိမ်းလိုက် တယ်။
တပ်မတော်အစိုးရခေတ်မှာ ဗဟို အဆင့်မရှိဘူး။ ခရိုင်အဆင့်ရှိပေမယ့် စီမံခန့်ခွဲခွင့်ပေးမထားပါဘူး။ နောက်ကြောင်း ပြန်ကြည့်ရင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပြဋ္ဌာန်းပြီး တဲ့အချိန်က ဖွဲ့
စည်းခဲ့တဲ့ ဗဟိုမြေယာကော် မတီကို ၁၉၇၆ ခုနှစ်မှာ ဖျက်သိမ်းလိုက်တော့
အဲဒီအချိန်ကစပြီး ဗဟိုအဆင့်က လယ် ယာမြေစီမံခန့်ခွဲရေးကိစ္စတွေကို
ဆောင် ရွက်ခဲ့ခြင်းမရှိတော့ဘူး။ အခုမှဗဟိုအဆင့် ပြန်လည်ဖွဲ့စည်းပေး
တာဖြစ်တယ်။ အခုဖွဲ့စည်းမယ့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့
ဟာ ကျေးလက်နှင့် မြို့ပြ ဒေသများတွင် တိုးပွားလာသော အိမ် ထောင်စုများ
အတွက် အိမ်ရာတည်ဆောက် ရန်၊ကျေးလက်နေပြည်သူလူထု၏ လူနေ
မှုဘ၀ဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေး
ခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန် နှင့် အခြား လိုအပ်သော
အဆောက်အအုံ များ ဆောက်လုပ်ရန်၊ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး
အတွက် လက်မှုလယ်ယာ မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာ တွင်
လိုအပ်သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများထားရှိရန်၊ ဆန်စက်များ၊
သီးနှံဂိုဒေါင်များ၊ ကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အအုံများနှင့် လယ်ယာ မြေပြုပြင်ခြင်းလုပ်ငန်းများအတွက် လယ် ယာမြေတွေကို အသုံးပြု
ရန်ကိစ္စတွေမှာ အပြီးသတ်စိစစ်အတည်ပြုမှာဖြစ်တယ်။ ဒီအချက်တွေကို
လယ်ယာမြေဥပဒေသစ် ပုဒ်မအရ (င) (စ) (ဆ) (ဇ) တို့မှာ ဖော်ပြ ထားတယ်။
ဒါအပြင် ပုဒ်မ ၃၀ (က)မှာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် လယ်မြေ
ကိုအခြားနည်းဖြင့် အသုံးပြုခြင်း ကို တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ် ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်တယ်လို့
ဖော်ပြထားပါတယ်။ နောက်ပြီး လယ်ယာ မြေဥပဒေသစ်ပုဒ်မ ၂၈ (က) မှာ ဗဟို
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် နိုင်ငံ တော်၏ အဓိကစားသုံးသီးနှံဖြစ်သည့်
ဆန်စပါး ဖူလုံမှုကို ထိခိုက်မှုမရှိစေရေးအတွက် သတ်မှတ်ချက်များနှင့် အညီ
စိစစ်ပြီး လယ်မြေတွင် အခြားသီးနှံပြောင်းလဲစိုက် ပျိုးရန် ခွင့်ပြုနိုင်သည်လို့ဖော်ပြ
ထားတယ်။ ဒီပုဒ်မ ၂ ခုပါ အချက်တွေအရ ဘာကို ပြသလဲဆိုရင်စပါးစိုက်ပျိုးတဲ့
မြေဖြစ်တဲ့ “လယ်မြေ” တွေ အလဟဿ လျော့နည်း သွားမှာ၊ စပါးအစားအခြား
သီးနှံတွေပြောင်း လဲစိုက်ပျိုးမှာကို သေသေချာချာစိစစ်ပြီး မှ ခွင့်ပြုလိုတဲ့အတွက်
ဗဟိုအဖွဲ့ထိ တင်ပြ ဖို့ပြဋ္ဌာန်းထားတာဖြစ်ကြောင်း သိသာပါ တယ်။
မေး- တခြားသိသင့်တာ ရှိပါသလား။
ဖြေ- လယ်ယာမြေဥပဒေသစ်ပုဒ်မ- ၃၄ မှာ “မြေလွတ်မြေလပ်နှင့် မြေရိုင်းများ
စီမံခန့်ခွဲရေးဗဟိုကော်မတီက စိုက်ပျိုးရေး နှင့် မွေးမြူရေးအတွက် လုပ်ပိုင်ခွင့်
(သို့မ ဟုတ်) အသုံးပြုခွင့်ပေးထားသည့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများနှင့်
စပ်လျဉ်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတည်ငြိမ်သည့် အခါ လယ်ယာမြေအဖြစ်
ပြောင်းလဲ သတ်မှတ်ပြီး ဤဥပဒေတွင် အကျုံးဝင် စေရမည်”လို့ ဖော်ပြထားပါ
တယ်။ ဒီပုဒ်မ ကို နားလည်သဘောပေါက်ချင်ရင်တခြား ဥပဒေတစ်ခုဖြစ်တဲ့ “မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ” ကိုလည်း လေ့လာမှာ
ဖြစ်ပါမယ်။ စောစောကပြော ခဲ့တဲ့ လယ်ယာမြေယာဥပဒေသစ်ရဲ့ ပုဒ်မ ၃၄
မှာပါတဲ့ ဗဟိုကော်မတီဆိုတာ မြေ လွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး
ဥပဒေအရ ဖွဲ့စည်းမယ့်ကော်မတီဖြစ်ပါ တယ်။ အခု အမေးအဖြေကဏ္ဍအစ
ပိုင်း မှာ ပြောခဲ့တဲ့ ဗဟိုအဖွဲ့နဲ့ ဆင်တူပါတယ်။ အရင်တုန်းကတော့ ဗဟိုအဖွဲ့
လို့ခေါ်ပြီး အခုအသစ်ကိုတော့ ဗဟိုကော်မတီလို့ သုံးနှုန်းထားပါတယ်။ ယခင်
ဗဟိုအဖွဲ့ လက်ထက်က မြေလွတ် မြေရိုင်းတွေကို ဧက ထောင်သောင်းချီပြီး
လုပ်ပိုင်ခွင့်ပေး ခဲ့တာပြောခဲ့ပြီးပြီ။ ယခု ဖွဲ့စည်းမယ့် ဗဟို ကော်မတီကလည်း
ရင်းနှီးမြှုပ်နှံမယ့် ပုဂ်္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အလားတူ ပဲ လုပ်ပိုင်ခွင့်တွေ
ပေးမယ့်ကော်မတီဖြစ် ပါတယ်။ လယ်ယာမြေယာဥပဒေသစ်ပုဒ်မ ၃၄ မှာ
ဖော်ပြထားချက်အရ အဲဒီဗဟို ကော်မတီကချထားမယ့် မြေလွတ်၊ မြေလပ်
နဲ့ မြေရိုင်းတွေကို သီးနှံ စိုက်ပျိုးထုတ်လုပ် မှုတည်ငြိမ်သည့်အခါလယ်ယာမြေ
အဖြစ် သို့ ပြောင်းလဲသတ်မှတ်ပြီး လယ်ယာမြေ ဥပဒေသစ်မှာ အကျုံးဝင်စေရ
မှာဖြစ် ပါတယ်။ လယ်ယာမြေ ဥပဒေသစ်မှာ အကျုံးဝင်ပြီဆိုရင် ဒီမြေတွေကို
သတ်မှတ် ထားတဲ့ စည်းကမ်းနှင့် အညီ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး လို့ရ
သွားပြီ။ လယ်ယာမြေ ဥပဒေသစ်နဲ့ အကျုံးမ၀င်သေးမီ မြေလွတ် မြေရိုင်းဥပဒေ
အောက်မှာရှိနေစဉ်အထိ အဲဒီဥပဒေအရ လုပ်ပိုင်ခွင့်ရထားတဲ့ မြေ တွေကို
ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်မရရှိဘဲပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်း
ချခြင်း၊ အငှားချထားခြင်း၊ အခြား နည်းခြင်း လွှဲပြောင်းခြင်း (သို့မဟုတ်) ခွဲစိတ်ခြင်းမပြုရလို့တားမြစ်ထားပါတယ်။ အဲဒီတော့ ယခင် န.၀.တ လက်ထက်
ကဖွဲ့ခဲ့တဲ့ ဗဟိုအဖွဲ့က ချထားပေးခဲ့တဲ့ ဧကပေါင်းသန်းချီတဲ့ မြေတွေကိုလည်း
လယ်ယာမြေ ဥပဒေသစ်ပုဒ်မ ၃၄ အတိုင်းကျင့်သုံးမလားဆိုတာ နည်းဥပဒေ
နဲ့ ညွှန်ကြားချက်တွေ ထွက်လာမှ သိရ ပါလိမ့်မယ်။ ကျွန်တော်အနေနဲ့တော့
အဲဒီ မြေတွေကိုလည်း လယ်ယာမြေ ဥပဒေ သစ်ပုဒ်မ ၃၄ လို ကျင့်သုံးလာ
လိမ့်မယ်လို့ ယူဆပါတယ်။
မေး- ယခု လက်ယာမြေဥပဒေသစ် အပေါ် ထင်မြင်ချက်ကို သိပါရစေ။
ဖြေ- ရှေ့မှာပြောခဲ့သလိုပါပဲ ယခင်တုန်း က တားမြစ်ထားတဲ့၊ ပိတ်ပင်ထားတဲ့၊
မရ ရှိခဲ့တဲ့၊ အခွင့်အရေးအပါအ၀င် မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေမှာ ရင်းနှီးမြှုပ်နှံ
ခဲ့ကြ တဲ့ ပုဂ်္ဂိုလ်များနဲ့ အဖွဲ့အစည်းများလည်း လယ်ယာမြေ ဥပဒေသစ်ကို ကြိုဆို
ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး- နိဂုံးချုပ်အနေနဲ့ အကြုံပြုစရာများ ပါရှိက ပြောကြားပေးပါ။
ဖြေ- ရှေ့ပိုင်းမှာ ပြောခဲ့သလိုပဲ ၀န်ထမ်း ကို အပြည့်အ၀ခန့်ထားပေးဖို့အပြင် ယာယီ
ဝန်ထမ်းများပါ လပိုင်းခန့်ထားဖို့ အကြံပြု လိုပါတယ်။ ဒါကသိပ်အရေးကြီးပါတယ်။
တောင်သူလယ်သမားတွေရဲ့ လုပ်ပိုင်ခွင့် မှတ်ပုံတင်ရာမှာ မှတ်ပုံတင်ကြေးကို ဧက အနည်းအများအပေါ်မူမတည်ဘဲ သက်သာ တဲ့ နှုန်းတစ်မျိုးတည်းနဲ့သာ သတ်မှတ်
သင့် ပါတယ်။ လယ်ယာမြေကို ရောင်းချရင် တောင်သူလယ်သမားအချင်းချင်း
သို့သာ ရောင်းရန်နည်းဥပဒေမှာ ပြဋ္ဌာန်းပေးသင့် ပါတယ်။ဒါမှ တောင်သူလယ်သမား
မဟုတ် တဲ့ မြေရှင်ကြီးစနစ်မပေါ်ပေါက်မှာ ဖြစ်ပါ တယ်။ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊
ပေး တဲ့ စာချုပ်တွေမှာ ထမ်းဆောင်ရမယ့် တံဆိပ် ခေါင်းခွန်ကို ဦးစီးဌာနက သတ်
မှတ်ခြင်း မဟုတ်ပါ။ တံဆိပ်ခေါင်းခွန်ဥပဒေ (Stamp Act) အရ ထမ်းဆောင်ရခြင်းဖြစ်
တဲ့အတွက် ပုဒ်မ ၁၂ (ဂ) ပါ စာသားအချို့ ကို ပြင်ဆင်သင့်ပါတယ်။ လယ်ယာမြေ
ဥပဒေသစ်ပုဒ်မ ၃၄ မှာပါတဲ့ “သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ” ဆိုတဲ့ ကိစ္စမှာ ငွေကြေးရင်းနှီးမြှုပ်နှံသူတစ် ဦးရဲ့ ဧကပေါင်းများစွာရှိတဲ့ သီးနှံစိုက် ဧရိယာ
ဟာ တည်ငြိမ်ပြီလား၊ မတည်ငြိမ် သေးဘူးလားဆိုတဲ့ အခြေအနေကိုဆုံးဖြတ် ဖို့က
သိပ်အရေးကြီးပါတယ်။ ဘာကြောင့် လဲ မတည်ငြိမ်သေးပါလို့ ဆုံးဖြတ်ရင် လယ်
ယာမြေဥပဒေသစ်ထဲမှာ အကျုံးမ၀င် လို့ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေးဆိုတာ လုပ်
လို့မရပါဘူး။ အဲ တည်ငြိမ်ပြီလို့ ဆုံးဖြတ်ရင်တော့ အဲဒါတွေအားလုံးလုပ် လို့ရပါပြီ။
ဒါကြောင့် အဲဒီမြေတွေမှာ စိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်ခြင်းရှိမရှိ အခြေအနေကို
တော့ ဗဟိုအဆင့်ကပဲ စိစစ်ဆုံးဖြတ်ပေးသင့်ကြောင်း အကြံပြု လိုပါတယ်။
ကျေးဇူးတင်ပါတယ်။
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment