Thursday, September 20, 2012

နည်းလမ်းအသစ်ဖြင့် တပ်သားသစ် စုဆောင်းနေသော KIA



ကချင်လက်နက်ကိုင် တပ်မတော်KIA အဖွဲ့မှာ အစိုးရတပ်တွေနဲ့ 
တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လက်ရှိ တိုက်ပွဲဝင်စစ်သည်တွေနဲ့

မလုံလောက်တာကြောင့် တပ်သားသစ်တွေကို နည်းလမ်းအသစ်
ထွင်လို့ စုဆောင်းလာခဲ့ပြန်ပါတယ်။ KIA အဖွဲ့ကို နိုင်ငံတကာက
 စောင့်ကြည့်လာနေပြီဖြစ်တဲ့အတွက် လူသစ် စု ဆောင်းခြင်းကို 
အရင်ကလိုကျေးရွာတွေကနေ ခွဲတမ်းကျစနစ်နဲ့ ဆင့်ခေါ်လို့မရ
တော့ပါဘူး။

ကချင်မှန် သမျှ KIA စစ်တပ်မှာ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းထားခြင်းလဲ
 မရှိတဲ့အတွက် ကချင်မှာ စစ်မှုထမ်းချင်သူ မရှိသလောက် ရှားပါးနေပါတယ်။ 
ကချင် တပ်မဟာ(၅)ရဲ့လက်အောက်ခံ တပ်စခန်း တွေဖြစ်တဲ့ ဂျော်မော်စခန်း၊
 ညောင်ပင်စခန်း၊ အုန်းတပင်စခန်း နောင်းအိမ်တောင်ကြော စခန်းတွေ အနေနဲ့ တပ်သားသစ်စုဆောင်းပေးနိုင်ခြင်းမရှိတဲ့အတွက် KIA ဌာန ချုပ်အနေနဲ့ အရေး
ယူ အပြစ်ပေးဖို့ ပြင်ဆင်နေပါတယ်။
တပ်မဟာ(၅)တပ်မဟာမှူးအနေနဲ့ ဌာနချုပ်ရဲ့ ငြိုပြင်မှုကို မလိုလားတာကြောင့် 
စက်တင်ဘာ၁၉ ရက် နေ့မှာ ၀ိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ ဆိုင်းလောင်ရွာ မန်ဝိန်း
ရွာတွေမှာ လယ်လုပ်နေကြတဲ့ ကချင်လူမျိုး (၁၀) ဦးကို ငွေအများကြီးရတဲ့ ဘိန်း
စိုက်ပျိုးခိုင်းမယ်ပြောပြီး ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့အားလုံးကို တကယ်
ဘိန်းစိုက်ခိုင်းတာ မဟုတ်ဘဲ အားလုံးကို ဘွမ်ဝါစခန်းထဲမှာ ချုပ်နှောင်ထားလိုက်
ပြီး နည်းလမ်း (၂)လမ်းရွေးချယ်ခိုင်းခဲ့ပါတယ်။ 
KIA မှာ အမှုထမ်းမလား၊ ဒါမှမဟုတ် မိသားစုထံကို အလောင်းပြန်ပို့ ပေးရမလား
ဆိုပြီး တပ်မဟာမှူးက ရွေးချယ်ခိုင်းခဲ့ပါတယ်။KIA ဗိုလ်ကြီးလနန်က အနီးကပ်
စောင့်ကြပ်ပြီး ရွေးချယ်ခိုင်းတာဖြစ် တယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့ရွာသား
တစ်ဦးကပြောပြပါတယ်။ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့အခြေ အနေတွေ
က အလွန်ပဲဆိုးရွားလွန်းလှပါတယ်။
KIA တပ်တွေ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသမျှ ကာလပတ်လုံး ဒီလိုမျိုးလူ
သစ်စုဆောင်းတာတွေ၊ တိုက်ပွဲတွေမှာ သေနတ်ပေးပြီး ၀င်တိုက်ခိုင်းတာတွေ 
ရှိနေဦးမှာပါ။ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ သတ်ပစ်မှာ ဆိုတော့ ကချင်ပြည်
နယ်မှာရှိကြတဲ့ အထူးသဖြင့် KIA တပ်တွေနဲ့ နီးနီးကပ်ကပ်နေထိုင် ကြရတဲ့လူ
တွေ ရဲ့ဘ၀ကတော့ သေမထူး နေမထူးဖြစ်နေပါတယ်။
အစိုးရတပ်တွေက KIA စခန်းတွေကို လာတိုက်မယ် ဆိုရင် အရပ်သားတွေကို
 ရှေ့မှာထားပြီး အကာ အကွယ်လုပ်ထားပါတယ်။ ဗမာစစ်တပ်တွေကလာ
မတိုက်ရင်လဲ KIA တပ်တွေက စစ်တပ်စခန်းတွေကို သွားတိုက်ပါတယ်။ စစ်ပွဲ
သံသရာကတော့ ဘယ်လိုမှပြီးနိုင် မှာမဟုတ်ပါဘူး လို့ ငြိမ်းချမ်းရေး အကျိုး
ဆောင်တစ်ဦးဖြစ်တဲ့ ဦးလဗျနော်က ပြောပါတယ်။
ကျွန်တော်တို့အားလုံး လိုချင်နေတာ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးမရှိသရွေ့
တော့ ကျွန်တော်တို့ သား သမီး တွေ လူသစ်စုဆောင်းတာခံနေရဦးမှာပဲလို့လဲ 
အဆိုပါငြိမ်းအကျိုးဆောင်က KDN သတင်းဌာန ကို ပြောဆိုလာခဲ့ပါတယ် ။
သတင်းရင်းမြစ်း  Kachin Daily News  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ