Wednesday, September 5, 2012

MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့ အာမခံလုပ်ငန်း မှ ပြည်ပ၌ တစ်ဆင့် အာမခံထားရှိ

Photobucket

MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံ လုပ်ငန်းမှ
 ပြည်ပ၌တစ်ဆင့် အာမခံ ထားရှိပြီး ကျန်လေကြောင်းလိုင်းများ၏ လေကြောင်း

အာမခံအား မြန်မာ့အာမခံ လုပ်ငန်းမှသာ တာဝန်ယူ လုပ်ကိုင်နေကြောင်းမြန်မာ့
အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ၏ ပြောကြားချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်လေ ကြောင်းလိုင်းဖြစ်သော မြန်မာ့လေ ကြောင်းနှင့်
ပုဂ္ဂလိကလေကြောင်း လိုင်းများဖြစ်သော MAI, Air Bagan, Asia  Wings,
Air Mandalay, Air KBZ,YangonAirways ဟူ၍ လေကြောင်းလိုင်း ခြောက်
ခုဖြင့် ခရီးစဉ်များကို ပျံသန်းလျက်ရှိသည်။

“MAI လေကြောင်းလိုင်းက နိုင်ငံတကာကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်း
လိုင်းတစ်ခုဖြစ်လို့ တစ်ဆင့် အာမခံထားရှိပြီး Air Bagan ကတော့ လေကြောင်း
လိုင်းပိုင်ရှင်ရဲ့ဆန္ဒအရ တစ်ဆင့်အာမခံထားရှိတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ
မောင်မောင်သိမ်းက ပြောကြားခဲ့သည်။

မြန်မာ့အာမခံ လုပ်ငန်းမှတစ်ဆင့် အာမခံထားရှိခြင်းအား စင်ကာပူနိုင်ငံ အခြေစိုက်
 Broker (လေကြောင်း အာမခံအကျိုးဆောင်) ကုမ္ပဏီတစ်ခု ဖြစ်သော PANA
 HARRISON Insurance ကုမ္ပဏီဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ယခင်က
 မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအားလုံးကို တစ်ဆင့် အာမခံထားရှိခဲ့ပြီး ယခု
အချိန်တွင်မူ အာမခံဈေးနှုန်းကြီးမြင့်မှုကြောင့် လေကြောင်းလိုင်းနှစ်ခုကိုသာ
တစ်ဆင့် အာမခံအနေဖြင့် ထားရှိလုပ်ဆောင် နေခြင်းဟု သိရသည်။

“Sanction နဲ့ ကြုံရချိန်မှာ အရင်ကလုပ်ခဲ့တဲ့ အာမခံကုမ္ပဏီ ကြီးတွေက ထွက်သွား
ကြတယ်။ ဒါကြောင့်မို့ ရှိတဲ့သူ၊ လက်ခံတဲ့ကုမ္ပဏီ နဲ့ပဲလုပ်ရလို့ အာမခံကြေးတွေက
 ဈေးမြင့်ခဲ့တာပါ။ အခုစီးပွားရေး ပိတ်ဆို့ မှုတွေ မရှိတော့တဲ့အချိန်မှာ အာမခံ
 ဈေးနှုန်းတွေက ဈေးပြန်ကျသွားမှာပါ”ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေ
မန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ လေကြောင်းလိုင်းများသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာနှစ်သိန်း
ကျော်အား အာမခံကြေး ပေးသွင်းရကြောင်း လေကြောင်းလိုင်း လုပ်ငန်းအသိုင်း
အ၀န်း မှ သိရှိရသည်။

သတင်းရင်းမြစ်    Eleven Media Group  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ