Tuesday, September 4, 2012

ပါတီအချင်းချင်း တိုက်ခိုက်မှု အဆုံးသတ်ဖို့ NDF ခေါင်းဆောင်ပြော

Photobucket

လူပုဂ္ဂိုလ်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း တိုက်ခိုက်ဝေဖန်မှုများကို အဆုံး
သတ်ကာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့ကို ဦးစားပေး 
လုပ်ဆောင်ကြရန်       အမျိုးသား     ဒီမိုကရေစီ အင်အားစုပါတီ      NDF    ဥက္ကဋ္ဌ
ဦးခင်မောင်ဆွေက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်တွင် အင်္ဂါနေ့က ပြုလုပ်သော 
NDF ရုံးချုပ်သစ်ဖွင့်ပွဲတွင် ပြောကြားသွားသည်။
"နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များကို တိုက်ခိုက်နေခြင်းထက် တိုင်ပြည် အနာဂတ်
 တည်ငြိမ်အေးချမ်းရေး ဖွံဖြိုးတိုးတက်ရေး ဒီမိုကရေစီထွန်းကားရေးတို့ကို ဦးစား
ပေးပြီး အဟောင်းကို ရည်ရှည်ဖက်တွယ်ထားခြင်းမျိုးရှိသင့်တော့ပါဘူး" ဟု ဦᅸခင်မောင်ဆက ပြောသွားသည်။

အန်ဒီအက်ဖ်ပါတီအပေါ် မည်သူတွေက တိုက်ခိုက်နေတာလည်းဆိုခြင်းအပေါ်
သူက ထည့်သွင်းပြောသွားခြင်းမရှိသလို လတ်တလော အန်ဒီအက်ဖ်နှင့်ပတ်သက်
၍ တိုက်ခိုက်မှုများလည်း ကြားသိရခြင်းမရှိပါ။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲအကြို
ကာလတွင် သူတို့၏ ပါတီဟောင်းဖြစ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်
အချို့က ပြစ်တင်ဝေဖန်မှုများရှိခဲ့သည်။

အမျိုးသား ညီညွတ်ရေးအတွက် စစ်မှန်သည့် တန်းတူညီမျှမှုရှိသည့် ပြည်ထောင်စု
တခု တည်ထောင်ပြီး နိုင်ငံသားအားလုံး၏ လူမှုစီးပွားရေးဘဝများ တိုးတက်စေရန်
ဒီမိုကရေစီအင်အားစုများ လက်တွဲညီညီ ချီတက်ကြရန်လိုကြောင်းလည်း
ဦးခင်မောင်ဆွေက တိုက်တွန်းပြာကြားသွားသည်။

 "တဘက်နှင့်တဘက် အပြန်အလှန်လေးစားမှု အပြန်အလှန်နားလည်မှု ပူးပေါင်း
ဆောင်ရွက်မှု သဘောထားကြီးမှု စိတ်ရည်သီးခံမှုတို့ကို လက်တွေ့ကျင့်သုံးမှသာ
 နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့ကို ထာဝရတည်ဆောက်နိုင်ပါလိမ့်မယ်" ဟုလည်း ဦးခင်မောင်ဆွေက ပြောသွားသည်။

NDF ရုံးချုပ်ကို ၂၀၁၀ ခုနှစ်မှစ၍ တာမွေမေတ္တာညွန့်ရပ်ကွက်တွင် စတင်ဖွင့်
လှစ်ခဲ့သည်။ ယခုအချိန်တွင် NLD တိုင်းရုံးနှင့် ပေ ၅၀၀ ခန့်အကွာသို့ ပြောင်းရွှေ့
သွားခြင်းဖြစ်သည်။ NDF ပါတီမှ ခေါင်းဆောင်အများစုသည် NLD ပါတီဝင်
ဟောင်းများဖြစ်ကြပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင် သဘောထားကွဲရာမှာ NDF ပါတီ ပေါ်ပေါက်လာခဲ့သည်။

NDF ပါတီဌာနချုပ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲ အခမ်းအနားသို့ ဒီမိုကရေစီ မိတ်ဆွေ
 ၁၀ ပါတီ ခေါင်းဆောင်များ၊ တစည ပါတီမှ အတွင်းရေးမှူး ဦးဟန်ရွှေ၊ ရှမ်းတိုင်း
ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်၊ ကျားဖြူပါတီမှ ဦးစောသန်းမြင့်
ချင်းတိုးတက်ရေးပါတီမှ ဦဒိုင်ထုန်း တို့လည်း တက်ရောက်ခဲ့ကြသည်။

သတင်းရင်းမြစ်    မဇ္ဈိမ      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ