Tuesday, September 4, 2012
တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဘင်္ဂလီများ၏ အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများ ခံနေရဆဲဖြစ်ကြောင်း ဘူးသီးတောင် RNDP ပြော
ရခိုင်ပြည်နယ်တွင် ဇွန်လကဆူပူ အကြမ်းဖက် ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလီများ၏
ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုများ ဆက်လက်ရှိနေခြင်းသည် နိုင်ငံအတွင်း တရား
ဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ပေါ်နေရသည်ဟု ဘူးသီးတောင်မှ ရခိုင်တိုင်းရင်း
သားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းအောင်သိန်းက ပြောသည်။
" ကျေးရွာတွေ အတွင်းမှာသာ လုံခြုံရေးချပေးထားနိုင်တာ၊ ဒေသခံတွေ လုပ်ငန်းခွင်
ထိ လိုက်ပြီး လုံခြုံရေးမပေးနိုင်ဘူး၊ လက်လုပ်၊ လက်စားတွေ တောတောင်တွေကို
မသွားနိုင်၊ ငါးမရှာနိုင်၊ အပြင်မှာတွေ့ရင် ရိုက်တာ၊ သတ်တာတွေ ခံနေရတယ်။
ရွာသားတွေက စိတ်ဓါတ်ရေးပိုင်းဆိုင်ရာတွေ ကျဆင်းလာတယ်။ သူတို့ပိုင်ဆိုင်တဲ့
ပစ္စည်း၊ ဥစ္စာ လယ်၊ ယာမြေကအစ ရောင်းပြီးထွက်ခွာ သွားမယ်ဆိုရင် ဘင်္ဂလီတွေ နယ်မြေဖြစ်သွားလိမ့်မယ်။ ဒီလိုကိစ္စမျိုးတွေ ဆက်လက်ရှိနေခြင်းဟာ တရားဥပဒေ
စိုးမိုးမှု မရှိဘူးလို့ ပြောလို့ရတယ်။ တရားဥပဒေ စိုးမိုးပြီး လုံခြုံစိတ်ချစွာနဲ့ နေနိုင်
ဖိုတော့ လိုအပ်ပါတယ်။ " ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
စက်တင်ဘာ (၂) ရက်နေ့က ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ အသက်(၁၆)
နှစ်အရွယ် မရီရီသန်းအား ဘင်္ဂလီများ အကြမ်းဖက်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိ
သည်။" ဒီလ (၂) ရက်နေ့ကလည်း ပြင်ရှည်ရွာက ကလေးမလေးတစ်ယောက်ကို
ဘင်္ဂလီတွေ ဓါးနှင့်ခုတ်လို့ ဆေးရုံရောက်နေတယ်။ ပြင်ရှည်ကျေးရွာက မရီရီသန်း
ခမီးရွာက ပြန်လာတော့ အုတ်တောင်ကျေးရွာတောင်ဘက် ဘုန်းတော်ကြီး ကျောင်း
ဟောင်း အရောက်မှာ ဘင်္ဂလီ(၂၀) လောက်ရှိနေတယ်။ အဲဒီ အုပ်စုထဲက တစ်
ယောက်ကထွက်လာပြီး မရီရီသန်းကို လိုက်ခုတ်တော့ ဘယ်ဖက်ခြေထောက်မှာ ဒဏ်ရာရပြီး ဆေးရုံရောက်နေတယ်။ " ဟု သူကပြောသည်။
ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းအနီး အမှတ်(၅)ရပ်ကွက်တွင်
နေထိုင်သူ ဦးထွန်းရွှေလှိုင် အသက်(၄၀)နှစ်မှာလည်း ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်းကျေးရွာအနီး ဥယျာဉ်ခြံတစ်ခု၌ သြဂုတ်လတွင် ရက်စက်စွာ သတ်
ဖြတ်ခံခဲ့ရပြီး ရသေ့တောင်မြို့နယ် နေဗီဆိပ်ကျေးရွာမှ ဦးသာမောင်မှာလည်း ဇူလိုင်
လ (၂၅) ရက်နေ့က ပျေက်ဆုံးသွားရာမှ (၂၇) ရက်နေ့တွင် ညောင်ပင်လှကျေးရွာ
မော်တော်ဘုတ်ဆိပ်တွင် အလောင်းကို တွေ့ရှိရာ ဒေသဆိုင်ရာ အာဏာပိုင်များက
သဂြိုလ်ခဲ့ကြသေးသည်။
လွန်ခဲ့သော ဇွန်လက ရခိုင်တိုင်းရင်းသားများအပါအ၀င် အခြားတိုင်းရင်းသားများ
မှာလည်း ဘင်္ဂလီများ၏ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်
ခဲ့ရသည်။ လက်ရှိကာလအထိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများမှာ ဘင်္ဂလီများအား စိုးရိမ်ကြောက်ရွံ့နေရခြင်းကြာင့် မိမိတို့ လုပ်ငန်းများကို သွားရောက် မလုပ်ကိုင်ဝံ့ဘဲ
နေထိုင်ရေးနှင့် စားသောက်ရေး အခက်အခဲ ရောက်နေရကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရခြင်းသည်
နိုင်ငံတော် အစိုးရ၏ လုံခြုံရေးအစီအစဉ် ညံ့ဖျင်းမှု၊ တာဝန်မကျေပွန်မှုကြောင့်
ပြည်သူများလုံခြုံမှု မရရှိကြောင်းနှင့် ပါတီအနေဖြင့် ပြည်ပမှ မည်သည့် ကျူးကျော်
မှုကိုမဆို ရခိုင်ပြည်သူနှင့် လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်
ထားကြောင်းကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး
ခိုင်သုခ ကပြောသည်။
သတင်းရင်းမြစ်း arakantimes
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ
Powered By Blogger Widgets
No comments:
Post a Comment