Tuesday, September 25, 2012

လွတ်မြောက်လာသူ SSPP/SSA အမာခံလူအား မြန်မာ့ဗျူဟာမှူး ပစ္စည်းပြန်မပေး

Photobucket

SSPP/SSA ၏အမာခံလူဟု သံသယဖြင့် တလနီးပါးဖမ်းဆီးရိုက်နှက်ခံရသူ
 ကျေးလက်ဒေသခံများ ပြန်လည် လွတ်မြောက်လာသော်လည်း မြန်မာ့အစိုးရ
တပ်က သိမ်းထားသည့် ပစ္စည်းများ ပြန်မပေးကြောင်း မိသားစု နှင့် နီးစပ်သူ
များကပြောပါသည်။

“လူကတော့ ၁၇ ရက်နေ့က လွတ်လာပြီလေ။ ရွာပြန်ရောက်တော့ ခမရ ၃၂၄
ဆီမှာ သူ့ပစ္စည်းတွေကို ပြန် သွားတောင်းတယ်။ ဗျူဟာမှူးက ပေးဖို့ ညွှန်ကြားချက်
မထုတ်ထားလို့ မပေးနိုင်ဘူးလို့ပြောတယ်”  - ဟု အဖမ်းခံရသူ စိုင်းကျော်အေး မိသားစု နှင့်နီးစပ်သူတဦးက ပြောပါသည်။

SSPP/SSA အမာခံလူဟု သံသယဖြင့် ဩဂုတ်လ ၂၃ ရက်မှ စက်တင်္ဘာ ၁၇ ရက်
နေ့အထိ တလနီးပါး ဖမ်းဆီး လားရှိုးအကျဉ်းစခန်း ပို့ဆောင်ကာ အကျဉ်းသား
လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ် မြောက် လာသူ နမ္မတူဒေသခံ စိုင်းကျော်အေး
 ၏ ကျပ် ၅ သိန်းတန် မော်တော်ဆိုင်ကယ်၊ ကျပ် တသိန်းတန် လက်ပတ်နာရီတလုံး
အား ခမရ ၃၂၄ က သိမ်းယူထားရာံ ပြန်လည်တောင်းခံသော်လည်းမရသေးကြောင်း-
 နီးစပ်သူ တဦးက ပြောပါသည်။

“စိုင်းကျော်အေးက ညီမ သုံးယောက်ရှိတယ်။ ကျောင်းသွားဖို့ ဆိုင်ကယ်လိုအပ်တယ်။
လယ်ယာလုပ်ငန်းခွင် အတွက်လဲသုံးရတယ်။ ပိုက်ဆံသိန်းဂဏန်းစုနိုင်ဖို့မလွယ်ဘူး၊
ဘာဘဲဖြစ်ဖြစ် မိသားစု ဝမ်းရေးအတွက် မရှိ မဖြစ်ဘူးလေ ဆိုင်ကယ်က။ လက်ပတ်
နာရီတော့ ထားလိုက်ပါတော့” - အမည်မဖေါ်လိုသူ မိသားစု အသိုင်း အဝိုင်းကပြော
ပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ - မိုင်းမုနှင့် နမ့်တောင်ကုန်းကျေးရွာအုပ်စု မှ
ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား
စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း တို့အား သျှမ်းပြည် တပ်မတော် SSPP/SSA
 ၏ အမာခံလူဆိုသည့်စွပ်စွဲချက်ဖြင့် အစိုးရစစ်ကြောင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်        

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ