Wednesday, September 5, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ နေရာ – University of San Francisco အဖြစ်အတည်ပြုလိုက်ပြီ


    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
 ဒေါ်အောင်ဆန်းစုကြည်နှင့်   ဆန်ဖရန်စစ္စကို   (ဘေးဧရိယာ)   မြန်မာ

မိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် 2335 
Golden Gate Avenue, San Francisco, CA 94118 ရှိ University
of San Francisco – War Memorial Gym၌ နံနက် ၉း၃၀ နာရီမှ 
၁၁း၀၀ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။
အခမ်းအနားကျင်းပရာ ခန်းမကို နံနက် ၇း၃၀ နာရီတွင် စတင်
ဖွင့်လှစ်၍ ဧည့်ပရိသတ်များ ၀င်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ပြီး
 နံနက် ၉ နာရီတွင် ခန်းမတံခါး ပိတ်မည်ဖြစ်သည်။ အခမ်းအနား တက်
ရောက်လိုသူများအနေဖြင့် http://suu-sf.blogspot.com တွင် စာရင်း
ပေးသွင်းနိုင်ပြီး အခမ်းအနားကျင်းပမည့်နေ့မတိုင်မီ ၀င်ခွင့်လက်မှတ်
 (သို့မဟုတ်)  ဖိတ်ကြားလွှာများ ရရှိမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းများမေးမြန်းလိုပါက မေးခွန်းများကို
 http://suu-sf.blogspot.com  တွင် စက်တင်ဘာလ   ၂၂    ရက်နေ့
 နောက်ဆုံးထား ဖြည့်စွက်မေးမြန်းနိုင်ပါသည်။    လက်ဆောင်  ပစ္စည်း
လက်ခံခြင်း၊ ၀င်ခွင့်စိစစ်ခြင်း အစရှိသည့် အခမ်;gtNYzKwသက်သော
 အကြောင်းအရာများကို http://suu-sf.blogspot.com  ရှိ ‘မေးခွန်းနှင့် 
အဖြေများ’ ခေါင်းစဉ်အောက်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်း
ပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများ
အနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇၇ ၆၅၀၅)
 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။


သတင်းပြန်ကြားရေးအဖွဲ့
တွေ့ဆုံပွဲကျင်းပရေးကော်မတီ
ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)


သတင်းရင်းမြစ်   မိုးမခ     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ