
ရပ်နားထားသည့် ဂျပန်နိုင်ငံမှ All Nippon Airways
(ANA) လေကြောင်းလိုင်းသည် အောက်တိုဘာလ
၁၅ရက်နေ့မှစတင်ကာ တိုကျို-ရန်ကုန်တိုက်ရိုက်
ခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိပါသည်။
All Nippon Airways (ANA) လေကြောင်းလိုင်းသည် ဘိုးရင်း၇၃၇လေယာဉ်ဖြင့်
တစ်ပတ်လျှင်သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် တိုကျို-ရန်ကုန်
တိုက်ရိုက်ခရီးစဉ်အား ပြေးဆွဲသွားမည်ဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ စီးပွားရေးက စိတ်ဝင်စားစရာအကောင်းဆုံးအနေအထားမှာ ရှိ
နေပါတယ်။ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ အခြေချပြီး
စီးပွားရေးအရ လုပ်ငန်းတွေလုပ်ဖို့ ဆုံးဖြတ်ပြီး၊ အကောင်အထည် ဖော် ဖို့လည်း
အစီအစဉ်တွေ ချမှတ်ပြီးပါပြီ။ ခုလက်ရှိမှာ တစ်ပတ် ၃ကြိမ် ပြေးဆွဲနေရာကနေ
နေ့စဉ်ပြေးဆွဲသွားဖို့လည်း အစီအစဉ်ရှိပါတယ် '' ဟု (ANA) လေကြောင်းလိုင်း
၏ ဥက္ကဌ Shinichiro Ito က အောက်တိုဘာလ၁၅ရက်နေ့၌ နာရီတာ လေဆိပ်
တွင် ပြုလုပ်ခဲသည့် တိုကျို-ရန်ကုန် တိုက်ရိုက်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ
တွင် ပြောကြားခဲ့သည်။
All Nippon Airways (ANA) လေကြောင်းလိုင်းသည် ၁၉၉၆ခုနှစ်၊ ဇူလိုင်လမှ
၂၀၀၀ ခုနှစ် မတ်လအထိ ဂျပန်နိုင်ငံ အိုဆာကာမြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်အား ပြေးဆွဲခဲ့ပါသည်။တိုကျို-ရန်ကုန် ခရီးစဉ်အား Business
Class သီးသန့်ဖြစ်သည့် ဘိုးရင်း၇၃၇-၇၀၀ER လေယာဉ်များဖြင့် ပျံသန်းပြေး
ဆွဲသွားမည်ဖြစ်သည်။ (ANA) လေကြောင်းလိုင်း သည် တစ်ပတ်လျင် သုံး
ကြိမ်ပြေးဆွဲရာတွင် ရန်ကုန်သို့ ညနေ ၃နာရီခွဲတွင်ဆိုက်ရောက်၍ ည ၉နာရီခွဲ
တွင် တိုကျိုသို့ ထွက်ခွာမည်ဟုသိရသည်။ သို့သော် အောက်တိုဘာလ ၂၇ရက်
နေ့မှစတင်၍ ညနေ၄နာရီတွင် ရန်ကုန်သို့ရောက်ရှိပြီး၊ ည၁၀နာရီတွင် တိုကျိုသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ပြည်တွင်းလေကြောင်းခရီးစဉ်တစ်ခု
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီးတွင် မြန်မာ
နိုင်ငံသို့ လာရောက်၍ လေကြောင်းစီးပွားရေးလုပ်ကိုင်ရန် နိုင်ငံအသီးသီးမှ စိတ်
ဝင်စားမှုရှိနေကြပြီး၊ ယခုလမှ စတင်ကာ နိုင်ငံတကာလေကြောင်းလိုင်း ၈ခုခန့်မှ
မြန်မာနိုင်ငံနှင့် ပုံမှန်လေကြောင်းပျံသန်းမှုများ ပြန်လည် ပြုလုပ်မည်ဖြစ်သည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment